လောကမှာလေစောင့်ရတဲ့အလုပ်လောက်ပင်ပန်းတာမရှိဘူး...ကျမဘ၀မှာတော့အရာရာကိုစောင့်မျှော်နေခဲ့ရတယ်..
စောင့်နေပါနော်..ဆိုတဲ့စကားလေးတခွန်းနဲ့ ကျမကိုထားရစ်လို့ သူအဝေးဆုံးထွက်သွားခဲ့တယ်..
ကျမသစ်စာရှိရှိစောင့်နေခဲ့ပါတယ်..တစ်လ..နှစ်လ...တစ်နှစ်...နှစ်နှစ်...ငါးနှစ်..ဆယ်နှစ်...
အိုး...ကျမဆယ်နှစ်တောင်စောင့်နေခဲ့တာပါလား...စောင့်နေရင်းနဲ့ မျှော်လင့်နေခဲ့တာပေါ့..ဒါပေမယ့် မျှော်လင့်တဲ့
အရာတွေဟာမျှော်လင့်တဲ့အချိန်မှာဖြစ်မလာခဲ့ဘူး...
အဲဒီအတွက်ကျမဘယ်သူ့ ကိုအပြစ်တင်ရမလဲ..စောင့်နေပါလို့ သူဆက်ဆက်ပြောခဲ့တာပါ..ဒါကြောင့်လဲကျမစောင့်နေခဲ့တယ်..
မျှော်လင့်ခဲ့တယ်..ဖြစ်မလာလို့ ကျမလက်လျှော့လိုက်ချိန်မှကျမရဲ့ ဆန်ဒတွေပြည့်လာခဲတယ်..
သူပြန်လာပါတယ်...ဟုတ်တယ်..သူတကယ့်ကိုကျမအနားရောက်လာခဲ့ပြီလေ..ဒါပေမယ့်ကျမဘာလို့ မပျော်နိုင်တာလဲ..
ဘာလို့ လြ..ကျမသူ့ ကိုတကယ်ချစ်ခဲ့တာပါ...ကျမဘာဖြစ်သွားတာလဲ...ကျမကိုယ်ကျမလဲမသိတော့ဘူး..
သေချာတာကတော့ကျမမျှော်လင့်နေတဲ့အချိန်မှာရောက်မလာခဲ့လို့ ကျမနှလုံးသားတွေအရှင်လတ်လတ်မြေမြှုပ်လိုက်သလိုဖြစ်သွားခဲ့တယ်ဆိုတာပါပဲ...
Saturday, 21 June 2008
Subscribe to:
Post Comments (Atom)
1 comments:
ဒီလိုမှမမြုပ်ရင်မရတော့ဘူး......
Post a Comment