Monday 29 September 2008

အိမ်ရှင်မရှိပေမယ့်စားသွားကြပါရှင်









အားလုံးပဲမာလကာပင်..အဲ..မင်္ဂလာပါရှင်....
ကျမအခုတလောအရင်ကလောက်ပို့ စ်လဲတင်ဖြစ်မှာမဟုတ်ဘူး..
ဘာလို့ လဲဆိုတော့စာမေးပွဲနီးလာပြီလေ...တစ်နှစ်လုံးလေခဲ့သမျှ
အခုမှပြန်လုပ်ရတော့မယ်...
အိမ်ရှင်မရှိပေမယ့်လာလည်ကြပါနော်..ကျမမရှိတုန်းလာလည်တဲ့ သူတွေ
စားဖို့ အတွက်အစားအသောက်တွေပြင်ဆင်ထားတယ်..
မစားပဲမပြန်ကြပါနဲ့ နော်.....တခါတလေတော့လာကြည့်ဖြစ်မှာပါ...
အဲဒီအခါကျမှပြန်လာလည်တော့မယ်.....
ကဲ..အားလုံးပဲပျော်ရွှင်ပါစေနော်.....

ငါ

မဖြစ်နိုင်ဘူးဆိုတဲ့ ဦးနှောက်ရဲ့အသိတစ်ခုကို
နှလုံးသားအစုံက လက်မခံနိုင်ဘူး...။

သိပ်ချစ်ပါတယ်ဆိုတဲ့ ငါ့နှလုံးသားခံစားချက်တွေကိုလည်း
ဦးနှောက်က မျက်ကွယ်ပြုပြန်တယ်...။

ငါ...
ဘာဆက်လုပ်ရမလဲ။
ခွင့်လွှတ်ပါ...
နှလုံးသားရဲ့ ခံစားချက်တစ်ချို့ကို
ဦးနှောက်က မထိန်းချုပ်လိုက်နိုင်ခင်
ငါ့ရဲ့ရင်ခုန်သံတွေ
နင်သိရှိသွားခဲ့တယ်...။
အသိတရားတွေရဲ့ ညံ့ဖျင်းမှုကြောင့်လား...။
ဆန္ဒအစုံရဲ့ အရှိန်အဟုန် ပြင်းတန်မှုကြောင့်လား...
ငါကိုယ်တိုင်မရေရာခဲ့တော့
အမှားတစ်ခု ဖြစ်မယ်ဆိုရင်တောင်
ကံကြမ္မာကို ရိုးမယ်မဖွဲ့ချင်ပါဘူး...။
သိပ်ချစ်ဘူးတယ်ဆိုတဲ့ အတွေးတစ်ခုနဲ့တင်
ကျေနပ်နှစ်သိပ်နိုင်လိမ့်မယ်...

ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်။

Sunday 28 September 2008

နှင်းဆီပန်းနဲ့ အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း


အခုတခါလဲသယ်ရင်းပို့ လိုက်တဲ့ fwd mail ပါပဲ.. အားလုံးအတွက်..အထူသဖြင့်ယောင်္ကျားလေးတွေအတွက် ပေါ့..ပိုးပန်းရင်ဘယ်နှစ်ပွင့်ပေးရမယ်စသဖြင့်ပေါ့... ပြီးတော့မိန်းကလေးတွေအတွက်လဲပါတာပေါ့လေ သိထားဖို့ ဝေမျှလိုက်ပါတယ်...

နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... I'M SORRY!
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... FOREVER!
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ် နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁......သက်ဆုံးထိတိုင်


ပြန်လာပေးပါ

စတွေ့ တည်းကစွဲလန်းခဲ့တာ
မင်းရဲ့ မျက်လုံး
မင်းရဲ့ အပြုံး
အားလုံးကိုချစ်ခဲ့တာပါ
ကောင်မလေးရယ်
ဘာအကြောင်းကြောင့်များ
ငါ့အချစ်ကိုလှည့်စား
ငါ့အသဲကိုခွဲရက်ခဲ့တာလဲ
တစ်ချိန်တုန်းက
မင်းရီသံလေးနဲ့ ဝေဆာနေတဲ့
ခုံတန်းရှည်လေးလဲ
အခု တော့တစ်ကိုယ်ထဲ
အထီးကျန်နေလို့ 
ရက်ရက်စက်စက်ပစ်သွားခဲ့တဲ့ချစ်သူကို
တမ်းတမ်းတတချစ်နေတုန်းပဲ
မမာနိုင်တဲ့ အသဲက
မင်းလေးကိုချစ်နေဆဲမို့ 
ခဏလောက်ပဲဖြစ်ဖြစ်
ကို့ ဆီပြန်လာပေးပါလားကွယ်....

ဒီကဗျာလေးကကျမကိုကလေးလေးလို့ ခေါ်ခေါ်နေတဲ့ သူအတွက်ရေးပေးထားတာပါ သူ့ူ့နေရာမှာဝင်နေပြီးရေးထားခြင်းဖြစ်ပါတယ်.... ကျမကတော့သူ့ကိုမီးမီးလို့ ပြန်ခေါ်ပါတယ်... မီးမီးရေ..ကောင်းတော့မကောင်းဘူးပေါ့ကွယ်.. တို့ လဲတတ်သလောက်နဲ့ ရေးပေးထားတာ...ဟိဟိ မီးမီးကိုသိချင်ရင်ဒီနေရာလေးကိုနှိပ်လိုက်ပါ....မီးမီးပျော်ရွှင်ပါစေနော်.....

ကျမရဲ့ ပထမဆုံးများ

ဘ၀မှာပထမဆုံးတွေဟာအရေးကြီးဆုံးတွေဖြစ်ကြတယ်..
ဒါပေမယ့်အဲဒီပထမဆုံးတွေကိုတမင်တကာမဟုတ်ပေမယ့်
ကျမကတော့မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ တာကြာပါပြီ..
ဟိုနေ့ ကညမီးအိမ်နဲ့ တောင်ပေါ်သားက"ပထမ"ဆိုတဲ့ ခေါင်းစဉ်
နဲ့ tag လိုက်တဲ့ အချိန်မှာတော့ကျမတော်တော်အကျပ်ရိုက်သွားတယ်
ဘာလို့ လဲဆိုတော့မေ့နေခဲ့ တာကြာပြီလေ..ပထမတွေကို....
ဒါနဲ့ ပဲခေါင်းပူလောက်အောင်စဉ်းစားပြီးရေးပေးလိုက်ရပါတယ်..
မရေးရင်စိတ်ကောက်ကြမယ့်ရုပ်လေးတွေမို့ .... :P:P:P


ပထမဆုံးလောကကြီးကိုစရောက်ခဲ့တာ
၁၉၈၇ခုနှစ်၊ဇွန်လ၊၁၇ရက်၊wed

ပထမဆုံးတက်ခဲ့ သည့်ကျောင်း
အဲ...အဲဒါကတီးတိန်မှာလေ..ကျောင်းနာမည်ကိုမေ့သွားပြီ..
အဲဒီတုန်းကသယ်ရင်းကပြောတယ်..နင်တော်တော်ပြောင်တယ်တဲ့ ..
နဖူးမဟုတ်ဖူးနော်..ဟီး..ကလေးလူရွှင်တော်လေးပေါ့.. :P

ပထမဆုံးသယ်ရင်း(ယောင်္ကျားလေး)
သူ့ နာမည်ကnlmတဲ့ 

ပထမဆုံးသယ်ရင်း(မိန်းကလေး)
H ထင်တာပဲ..မေ့သွားပြီ.. :D

ပထမဆုံးရခဲ့တဲ့ ဆု
အတန်းတင်စာမေးပွဲမှာပထမရခဲ့ တယ်..(ပထမတန်းတုန်းက)..
ကြုံကြွား.. :)

ပထမဆုံးရောက်ဖူးသည့်အခြားမြို့ 
ကလေးမြို့ 

ပထမဆုံးရောက်ဖူးသည့်နိုင်ငံ
စလုံး

ပထမဆုံးအကြိမ်ကျောင်းပြေးခြင်း
အင်း..၃တန်းတုန်းကထင်တယ်..ပျင်းလို့ မတက်တာ..


ပထမဆုံးအကြိမ်မိသားစုနဲ့ လမ်းလျှောက်ထွက်ခြင်း
အဲ..အဲလိုကြီးတော့တခါမှလမ်းလျှောက်မထွက်ဖူးပါဘူး..
မိသားစုကလဲစုံတယ်လို့ သိပ်မရှိဘူးလေ..
မှတ်မှတ်ရရမိသားစုဓါတ်ပုံရိုက်ဖို့ တော့စုံစုံညီညီထွက်ဖြစ်ပါတယ်
မနှစ်ကပေါ့...

ပထမဆုံးအကြိမ်ညမအိပ်ပဲနေဖူးခြင်း
ဘုရားကျောင်းမှာသယ်ရင်းတွေနဲ့ အတူခရစ်စမတ်မတိုင်မီ၂၄ရက်နေ့ ည
မိုးလင်းထိဆော့ခဲ့ ဖူးတယ်...နောက်နေ့ ၂၅ရက်နေ့ ဘုရားကျောင်းမှာ
အိပ်ငိုက်ကြတာ... :P

ပထမဆုံးချစ်သူ
ပထမဆုံးချစ်သူဆိုလို့ နောက်ဆက်တွဲတွေရှိသေးတယ်မထင်နဲ့ နော်
အခုထိသူပဲ..သူဆိုတာသူပဲပေါ့..နာမည်တော့ပြောပြနိုင်ပါဘူး..ဟိ
သူကအခုတော့ကျမအနားမှာရှိမနေနိုင်ဘူး...တခြားနေရာမှာပေါ့လေ.

ပထမဆုံးချစ်သူအနမ်း
ကျမကိုတီးတိုးစကားပြောမလိုနဲ့ အလစ်မှာခိုးနမ်းသွားတာရှင့်...
အငိုက်မိသွားတယ်..အဲဒီတုန်းက..(ရင်တွေလဲခုန်လို့ ):P:P

ပထမဆုံးအလုပ်လုပ်ခြင်း
ခုထိအလုပ်မလုပ်ဖူးသေးဘူးရှင့်..ကျောင်းသူပဲချိတေးတယ်..
လယ်ယာပြန်စားရေးပေါ့..ဟဲဟဲ..

ပထမဆုံးဘလော့ဂ်စရေးခြင်း
ကျမရဲ့ ချင်းမလေးဆိုတဲ့ ဘလော့ဂ်လေးဖြစ်မလာခင်အရင်ကဘလော့ဂ်တစ်ခု
ရေးခဲ့ ဖူးတယ်..my private world တဲ့ ..အဲဒါသူများရဲ့ deleteလုပ်ခြင်းခံလိုက်
ရတယ်လေ..စရေးခဲ့ တဲ့ နေ့ ကိုတော့မေ့သွားပြီ..၂၀၀၆ဒီဇင်ဘာလို့ တော့ထင်
တာပဲ..

ပထမဆုံးရောက်ဖူးသည့်ဘလော့ဂ်
ကျမရဲ့ သယ်ရင်းကျော်လင်းထွန်း၇ဲ့ ဘလော့ဂ်ပါ..သူ့ ကြောင့်ဘလော့ဂ်ဆိုတာ
ကိုသိသွားခဲ့ တာပေါ့..ဒီဘလော့ဂ်ဖြစ်မြောက်အောင်အစစအရာရာကူညီခဲ့ တာ
လဲသူပါပဲ..

ပထမဆုံးတက်ဂ်ခံရခြင်း
အဲဒါကအားလုံးသိကြတဲ့ အိမ်မက်လေးကတက်ဂ်လိုက်တာပါ..


ကဲ..တက်ဂ်တာလဲရေးလို့ ပြီးပြီ..ညမီးအိမ်နဲ့ တောင်ပေါ်သားတော့
ကျေနပ်လောက်ပြီထင်ပါတယ်..မကျေနပ်ရင်အသေသတ်လိုက်ကြတော့
နောက်တာနော်..ဟီဟီ :P









Saturday 27 September 2008

သတိထားကြစို့ လားကွယ်

အင်း..အခုတလောကိုယ်ပိုင်ကဗျာလေးတွေတောင်မတင်တာကြာသွားပြီ
တင်မယ်တင်မယ်နဲ့ ...မရေးဖြစ်ဘူး....
အခုလဲသယ်ရင်းတယောက်ပို့ လိုက်တဲ့ fwd mail ကိုသဘောကျလို့ အားလုံး
ကိုဝေမျှလိုက်ပါတယ်....
အမျိုးသားများ၊အမျိုးသမီးများသတိထားစရာအချက်များကိုအားလုံးအတွက်ဝေမျှလိုက်တယ်နော်..
သတိထားကြစို့ လား...ဟိဟိ...:P:P:P

ပုဒ်မ(၁)ပိုးပန်းသူများသောအမျိုးသမီးများသည်မိမိနှစ်သက်ရာတဦးတယောက်ကို
ရွေးချယ်ပြီးကျန်သောယောင်္ကျားလေးများအားလိုအပ်နေသောသူများထံသို့ လွှဲပြောင်း
ပေးရမည်။
ပုဒ်မ(၂)ပူအိုက်သောရာသီတွင်ရင်စေ့၊လက်ရှည်၊ထမီနဲ့ လုံအောင်ဖုံးထားသောအမျိုး
သမီးများအား"သဘာဝအလှတရားများကိုအန်တုသူများ"အဖြစ်အရေးယူရမည်။(ဒီမျှနဲ့ 
မလုံလောက်ပါကအတိုအပြတမ်ဝတ်သူများကိုသေဒဏ်ပေးမည်ဖြစ်သည်။

ပုဒ်မ(၃ ခ)ချစ်သူရှိသောအမျိုးသားတဦးကိုအခြားသောအမျိုးသမီးတဦးမှချစ်စဖွယ်အမူအရာ
များဖြင့်သိမ်းသွင်းခြင်းကိုနွားခိုးမှုဖြင့်လည်းကောင်းအရေးယူမည်။
ပုဒ်မ(၃ က)ယောင်္ကျားတို့ ကိုဂရုမစိုက်သောအမျိုးသမီးများအား"ဒုတ်ခရောက်နေသူကို
လျစ်လျူရှုမှုဖြင့်လည်းကောင်း၊
ပုဒ်မ(၃ ခ)ချစ်စဖွယ်စကားဆိုပြီးညာညာခိုင်းတတ်သောအမျိုးသမီးများအား"လုပ်အားခမ
ပေးပဲစေခိုင်းမှုဖြင့်လည်းကောင်း၊
ပုဒ်မ(၄ ခ)မိဘချင်းရင်းနှီးမှုကိုအသုံးချပြီးချဉ်းကပ်လာသောအမျိုးသမီးများအားယုံကြည်မှု
အားအလွဲသုံးစားပြုမှုဖြင့်လည်းကောင်း၊
ပုဒ်မ(၄ က)ရီးစားထည်လဲတွဲတတ်သူများအားပြည်သူပိုင်ပစည်းအလွဲသုံးစားပြုမှုဖြင့်လည်း
ကောင်း၊
ပုဒ်မ(၄ ဂ)မိမိ၏ချစ်သူအားလက်ဖျားနှင့်ပင်မထိ၊shopping mall၊လှော်ကား၊ချောင်းသာ၊
စသောသမီးရီးစာတို့ ၏ဆောင်ရွက်ဖွယ်caseတို့ ကိုမပြုလုပ်ပါကအလုပ်တာဝန်လစ်ဟင်း
မှုဖြင့်လည်းကောင်းအရေးယူမည်။
ပုဒ်မ(၅ က)အိမ်ထောင်ရှိမိန်းမတို့ ကိုပိုးပန်းသူယောင်္ကျားများအား"တားမြစ်နယ်မြေတွင်
အမဲလိုက်မှုဖြင့်အရေးယူမည်။
ပုဒ်မ(ရ)အသက်(၂၅)နှစ်ပြည့်သူအမျိုးသားအမျိုးသမီးတိုင်းအိမ်ထောင်မပြုရသေးလျှင်
မိဘကိုဒုတ်ခပေးသူအဖြစ်အရေးယူမည်။

Friday 26 September 2008

ရီသွားကြပါဦး

ဟာသလေးတင်လက်စနဲ့တင်လိုက်ဦးမယ်...ဒီတခါလဲရီပေးကြဦးနော်..
မရီတဲ့ သူကိုအိမ်တိုင်ရာရောက်ဂလိုလိုက်ထိုးမည်ဖြစ်ကြောင်း....ဟိဟိ..:P:D:)

အယူအဆ

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။ ပန်းကန်ပြားပျံထဲကနေ ဂြိုလ်သားတစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။ ဘာသာစကားချင်း မတူတော့ ခြေလက် အမူအရာတွေနဲ့ စကားပြောတော့တယ်။
ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ လုပ်ပြလိုက်တယ်။
လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက ပြေးပါလေရော..

လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့ ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။ သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့ ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"

ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့ သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လည်းလန့်ပြီး လစ်တော့တာပဲ"။

ခပ်မာမာပဲ

လူတစ်ယောက်က သူ့သူငယ်ချင်းကို
ပြောပြနေတာပါ။

“ ငါ့မိန်းမ စိတ်တိုပြီဆိုရင် ငါ့ကို
ကုန်းအော်တော့တာပဲ။ အဲဒီအချိန်မှာ၊
ငါတို့ ကလေးတွေ ငြိမ်သွားကုန်ရော။
အိုကွာ၊ အိမ်မှာရှိတဲ့ ခွေးတွေပါမကျန်
တစ်ယောက်မှ သူ့ကို ခံမပြောရဲကြဘူး ”

“ ငါစိတ်တိုပြီ ဆိုရင်လည်း အိမ်က
ပြတင်းပေါက်တွေ၊ တံခါးတွေကို ထ
ဟောက်ပစ်တာပဲ။ ဒီဟာတွေ အကုန်လုံး
တုတ်တုတ်တောင် မလှုပ်ဝံကြဘူးကွ ”

Thursday 25 September 2008

ရီကြပါနော်..

ိစိတ်ညစ်စရာတွေပြေပျောက်စေချင်လို့ အားလုံးအတွက်ရီစရာလေး
တင်လိုက်ရပါတယ်..သိပြီးရင်လဲမသိသလိုဝင်ရီကြပါနော်..
မရီတဲ့ သူကိုဂလိုလာထိုးမယ်...ဟိဟိ..:P:P:P

ရှောင်လို့ မရပါလား...

ကျောင်းသားတစ်ဦးသည် ဆရာမတစ်ဦးကို တိတ်တခိုး နှစ်သက် စွဲလမ်း နေမိသည်။ တစ်နေ့တွင် အရဲစွန့်ပြီး ဆရာမကို ချစ်ကြိုက်ကြောင်း ရင်ဖွင့်ခဲ့သည်။ ဆရာမက ကျောင်းသားနှင့် ဆရာမမှာ မချစ်သင့်ကြောင်း၊ မယူသင့်ကြောင်း အမျိုးမျိုး ပြောဆိုဆုံးမခဲ့ သော်လည်း ကျောင်းသားက အချစ်တွင် အသက်အရွယ်၊ ရာထူးဂုဏ်သိက္ခာ မခွဲခြားကြောင်း ပြောပြီး တစ်ဇွတ်ထိုး ရှေ့တိုးခဲ့သည်။

ဆရာမက မတတ်သာသည့်အဆုံး မင်းလို ကလေးကို ငါမချစ်နိုင်ဘူး ဟူသည့် သဘောဖြင့် "ဆရာမ ကလေးမလိုချင်ဘူး" ဟု ပြောလိုက်ရာ ကျောင်းသား ပြန်ပြော လိုက်သည်မှာ "ကလေးမရအောင် ကျွန်တော်သတိထားပြီး လုပ်ပါ့မယ်" ဟူတည်း။


ဆုတောင်းတော့ပြည့်ပါရဲ့ 
တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမည်းတစ်ယောက်ဟာ နတ်မီးခွက် တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး ...
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမည်းဟာ......
--------
--------
--------
--------


အိမ်သာအိုး တစ်လုံး ဖြစ်သွားသတဲ့ ...။


Monday 22 September 2008

စားသွားကြပါနော်......






အိမ်လေးကိုလာလည်ကြတဲ့ သယ်ရင်းများ...အကို၊အမများ၊မောင်လေးညီမလေးများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင်..ခဏတော့လာနိုင်မှာမဟုတ်ဘူး...ဒီတော့အိမ်ရှင်မရှိပေမယ့်ကဗျာလေးတွေ ကိုဖတ်သွားပေးကြပါ....ပြီးတော့ခင်းကျင်းထားတဲ့ မုန့် လေးတွေကိုလဲစားသွားကြပါနော်.... အားမနာကြပါနဲ့ ..ကိုယ့်အိမ်လိုသဘောထားပြီးစားသွားကြပါလို့ .... မုန့် ကျွေးနေလို့ ဘာနေ့ လဲမသိဘူးဆိုပြီးတွေးနေကြမှာပဲ..ဘာနေ့ မှမဟုတ်ပါဘူး.. ကျွေးချင်လို့ ကိုကျွေးတာပါ...အပြင်မှာမကျွေးနိုင်လို့ ပိုက်ဆံမကုန်တဲ့ ဘလော့ဂ်လေးမှာကျွေးလိုက်တာ ပါ....ဟိဟိ..... စားသွားကြနော်...အားရပါးရ....:P

ဖြေသိမ့်

ထားရစ်ခဲ့လို့လည်း
ဝမ်းမနည်းပါဘူး
တရားခွင်မှာ
ရင်ဆိုင်နေရတာမှမဟုတ်တာ...။

မေးခွန်းတွေနဲ့လည်း
မချည်နှောင်တော့ပါဘူး
အဖြေရှာရအောင်
သင်္ချာတွက်နေတာမှမဟုတ်တာ...။

အတွင်းဒဏ်ရာပြင်းပေမယ့်
အမာရွတ်တော့ ထင်မနေပါဘူး
ဆေးကျရအောင်
ဘေးလူသိတာမှမဟုတ်တာ...။

အိပ်မက်ထဲမှာ မက်ခဲ့တဲ့
အိပ်မက်တခုပဲလေ
ခေါင်းအုံးထက်က မျက်ရည်ဆိုတာလည်း
ခြောက်သွားမှာပါ...။

ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်။

ကိုယ့်ဟာကိုယ်ပဲဖြေသိမ့်လိုက်တော့နော်....ကိုသူရိန်မြင့်မိုရ်ရေ...:P

Sunday 21 September 2008

သော့ခတ်လိုက်ပြီ


ငါကပဲညံ့နေခဲ့တာလား
နင်ကပဲတော်နေခဲ့တာလား
နင်ရီနေတာကို
ငါရင်ထဲမှာငိုရင်း
ကြည့်နေခဲ့ရတယ်လေ..
နင်ပြုံးပြီးစကားပြောနေတာကို
ငါရင်နာနာနဲ့ နားထောင်နေခဲ့ရတယ်လေ..
နင်မပေးနိုင်တဲ့အရာမို့ 
သိပ်ချစ်ခဲ့ပေမယ့်
ငါ့အချစ်တွေကို
နင်မသိအောင်
ဟန်ဆောင်မျက်နှာဖုံးနဲ့ 
ဖုံးအုပ်လို့ 
ငါ့အချစ်တွေနင်မသိအောင်
ငါ့နှလုံးသားဘီရိုထဲ
သော့်ခတ်သိမ်းဆည်းထားတော့မယ်....

ဝန်ခံချက်

ကောင်မလေးရေ...
အချစ်ကိုတွေ့ခဲ့ရပေမယ့် လက်လမ်းခွင့်မရလိုက်တဲ့ ဘ၀မှာ ရူးသွပ်စွာနဲ့ မင်းကိုချစ်ခဲ့တယ်...။

မင်းလိုချင်တဲ့ အရည်အချင်းတွေ မပြည့်စုံတဲ့အပြင် အားနည်းချက်တွေနဲ့ငါဟာ မင်းကို မမျှော်လင့်ရဲပေမယ့် မင်းကိုချစ်ခဲ့တယ်။

တို့အတူရှိခဲ့တုန်းက မျိုသိပ်ထားတဲ့ ငါ့စိတ်တွေလည်း
ခုမင်းကို သတိရတိုင်း နာကျင်ရပေမယ့်
မင်းကိုချစ်ခဲ့တယ်...။

ဖြစ်နိုင်ရင်
မင်းမျက်နှာလေးကို မြင်ချင်တွေ့ချင်တယ် ရယ်သံလွင်လွင်နဲ့ မင်းစကားလေးတွေ ကြားချင်တယ် မင်းခွင့်မပြုတော့မှာ သိပေမယ့်လည်း မင်းကိုချစ်ခဲ့တယ်။

နောက်ဆုံးတော့
ငါ့ဝေဒနာတွေ ဟစ်ကြွေးခွင့်မရခဲ့လည်း
မင်းကိုချစ်ခဲ့တယ်...။

ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်။

Saturday 20 September 2008

အချစ်အတွက်ကံမကောင်းခဲ့သူပါ

လောကမှာလုတွေဟာအချစ်နှင့်မကင်းကြတဲ့ လူတွေကြီးပါပဲ...
အချစ်ကိုလဲအမျိုးမျိုးယူဆကြတယ်လေ...
ဒီအထဲမှာအချစ်ကံမကောင်းလို့ အချစ်ကိုစိတ်နာကြတဲ့ သူတွေလဲရှိကြပြန်ရော...
သူတို့ လေးတွေရဲ့ ခံစားချက်လို့ တင်စားလို့ ရတဲ့ ကဗျာတိုတိုလေးတွေကို
ကျမကိုယ်တိုင်ရေးထားတာမဟုတ်ပေမယ့်ဂျီတော့မှာတင်ထားတာတွေ့ လို့ အရမ်း
သဘောကျတာနဲ့ ပဲတင်လိုက်ရတာပါ.....
ခံစားချက်ချင်းတိုက်ဆိုင်တဲ့ သူတွေအကြိုက်တွေ့ မှာပါ........ဟိဟိ....

အချစ်ဦး (First Love)

အချစ်ဆိုတာ
ဓါးသွားပေါ်ကပျားရည်စက်တဲ့ . . .တောက်!
ဘယ်သူတွေက
ပျားရည်တွေအကုန်လျက်သွားပါလိမ့်
ငါ့အလှည့်ကျဓါးသွားမြေ့မြေ့ပဲကျန်ခဲ့တယ်။

(ကိုမျိုးသူရ)..
.......................................................................
အချစ်
ဘာလဲ....အချစ်တဲ့ လား
ရင်ဆိုင်အတွေ့ မှာ
ဖင်ထိုင်လဲကျသွားတယ်.....

အနမ်း


အနမ်း..........
မိဘပေးတဲ့ အနမ်း
ဦးလေးတွေပေးတဲ့ အနမ်း
တီတီတွေပေးတဲ့ အနမ်း
အကိုတွေပေးတဲ့ အနမ်း
အမတွေပေးတဲ့ အနမ်း
ဆွေမျိုးတွေပေးတဲ့ အနမ်း
သယ်ရင်းတွေပေးတဲ့ အနမ်း
အနမ်းပေါင်းများစွာကို
ရခဲ့ဖူးပါရဲ့ 
ဒါပေမယ့်.....
ချစ်သူ....နင်ပေးတဲ့ အနမ်းလောက်
ချိုမြမနေခဲ့ ဘူး.........

Wednesday 17 September 2008

နားလည်ပေးပါ

ချစ်တယ်လို့
ပြောခွင့်မရှိတဲ့...
ချစ်နေရရုံလေးနဲ့...
ကျေနပ်နေတဲ့သူကို...
မချစ်ပါနဲ့လို့ မတားချင်ပါနဲ့လား
ချစ်သူရယ်...
အချစ်ဆိုတာ
ဖန်တီးလို့မရသလို
ပြုပြင်ပြောင်းလဲလို့လည်း...
မရပါဘူး...
မင်းကိုချစ်မိကတည်းက
ရှုံးနေခဲ့ငါ့ကို...
အနိုင်ယူခွင့်လေး...
မင်းဘယ်တော့မှပေးမှာ မဟုတ်ဘူးဆိုတာ...
သိနေပါတယ်...
မသေချာမရေရာတဲ့...
မျှော်လင့်ချက်တစ်ခု
ရင်မှာပိုက်ပြီး...
ငါမင်းကို ...
ချစ်နေအုံးမှာပါ။

ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်။

နားလည်ပေးပါတယ် ကိုသူရိန်မြင့်မိုရ်ရေ....ဟိဟိ...

နှုတ်ဆက်ခဲ့ပါတယ်သယ်ရင်းတို့ ရေ..ဟိဟိ

ဟင်းးးးး.....Dream က တော့ လုပ်ပြန် ပြီ..
တက်ပြန်တော့လဲရေးရတော့မှာပေါ့....
သေမယ့်အကြောင်းကိုအမြဲစဉ်းစားတတ်တဲ့ ကျမကိုမှလာတက်တော့လဲ.
ဟီဟီး...ပြောရသေးတာပေါ့...
မသေခင်ဆယ်ရက်အလို~~~~~~~~~
ကျောင်းကမပြီးသေးဘူး...တို့ လို့ တန်းလန်းနဲ့ ဆိုတော့..အင်း..ကျောင်းကသယ်ရင်း
တွေနဲ့ နှုတ်ဆက်ပွဲလေးလုပ်မယ်...
ကိုးရက်အလို~~~~~~~~~~~
ငယ်ငယ်တည်းကပေါင်းလာတဲ့သယ်ရင်းတွေနဲ့ လျှောက်လည်ရင်း.နှုတ်ဆက်ပွဲလေးပဲကျင်းပလိုက်မှာပေါ့.
ရှစ်ရက်အလို~~~~~~~~~~~
ချင်းတောင်ဘက်မှာရှိတဲ့ အဘိုးနဲ့ ဦးကြီးတို့ မိသားစုကိုဖုန်းဆက်ပြီးသာကြောင်းမာကြောင်းမေးမယ်.
ပြီးတော့ကလေးမြို့ ကအဖွားကိုလဲဖုန်းဆက်ရဦးမယ်...
ခုနှစ်ရက်အလို~~~~~~~~~
အဝေးရောက်နေတဲ့ ချစ်သူကိုလဲနှုတ်ဆက်စကားတွေ..ပြီးတော့အရမ်းချစ်တယ်ဆိုတဲ့ အကြောင်းတွေ
ပြောရဦးမှာပေါ့..
ခြောက်ရက်အလို~~~~~~~~
ဖေဖေရယ်မေမေရယ်အကိုရယ်ညီမလေးရယ်နဲ့ တူတူလျှောက်လည်ကြမယ်...
စားချင်တာမှန်သမျှဝယ်ကျွေးခိုင်းမယ်..
ငါးရက်အလိုကနေနှစ်ရက်အလိုထိ~~~~~~~~~~
ကျမ်းစာဖတ်လိုက်ဦးမယ်...ပြီးရင်ဆုတောင်းမယ်....ဟိဟိ...သေခါနီးမှဘုရားတတာလေ.....
နှစ်ရက်အလို~~~~~~~~~~
အိပ်ယာထဲမှာစောင်လေးချုံပြီးသီချင်းနားထောင်နေမယ်..အော်..ပြီးတော့.
ဘလော့ဂ်ကသယ်ရင်းတွေကိုလာနှုတ်ဆက်ဦးမယ်..
တစ်ရက်အလို~~~~~~~~
မိသားစုစုံစုံညီညီဘုရားဝတ်ပြုဆုတောင်းကြမယ်......
ထမင်းလက်စုံစားကြမယ်.....

ကဲ..ဒါတွေကတော့ကျမမသေခင်လုပ်သွားမယ့်အရာတွေပါပဲ....
ရေးရင်းနဲ့ တောင်သေမယ့်အဖြစ်ကိုတွေးရင်းကြက်သီးထလာတယ်...
မပြောကြစမ်းပါနဲ့ တော့...အဟင့်အဟင့်...မီးမီးကိုအသက်ရှင်ခွင့်ပေးကြပါနော်..နော်..
Dream ရေ မီးမီးကိုအသက်ရှင်ခွင့်ပေးပါနော်...မသေခင်ဆယ်ရက်တွေကို
နောက်မရေးခိုင်းပါနဲ့ တော့..တွေးရင်းနဲ့ တောင်ကြောက်လာလို့ ..ဟိဟိ
နောက်တာပါ..ရေးပြီးပြီနော်...ကျေနပ်တော့..ဟုတ်ပလား...

Monday 15 September 2008

Tears in my heart

နှလုံးသားမှာသာ
မျက်ဝန်းပါရင်
မျက်ရည်တွေနဲ့
ရွှဲလို့ဆိုနေမယ် ထင်တယ်...

မင်းရဲ့ အချစ်ကိုရမယ်ဆိုရင်
ဖယောင်တိုင်ဖြစ်ပါစေ...
ငါ့ကိုငါ လောင်ကျွမ်းလိုက်ချင်ရဲ့

ပင်လယ်ပြင်ဖြစ်ပါစေ...
ငါ့ကိုငါ အမှောင်ချလိုက်ချင်ရဲ့

ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရှိတော့
ငါတို့ရဲ့ ဆုံနိုင်ခွင့်လေးကို
မျှော်လင့်ခြင်းကြီးစွာနဲ့ဘဲ
အိပ်မက်နေရတယ်...
(သူရိန်ရ်မြင့်မိုရ်)

ဝဋ်လည်နေတာလား

အရင်ချစ်သူ..
သူချစ်သလောက
်ကျမပြန်မချစ်ခဲ့တာ.
သူတောင်းသလောက်
မပေးနိုင်ခဲ့တာ.
ကျမရဲ့ နှလုံးသားတစ်ခုလုံး
ပုံအောမပေးနိုင်ခဲ့တာ
သူ့ ကိုနာကျင်စေခဲ့မိတာ
အခုတော့.
အခုလက်ရှိချစ်သူ
ကျမချစ်သလောက်
သူမချစ်ခဲ့တာ.
ကျမတောင်းသလောက်
သူမပေးနိုင်ခဲ့တာ
သူ့ နှလုံးသားတခုလုံးကို
ပုံအောမပေးနိုင်ခဲ့တာ
ဘုရားရေ.................
ကျမ၀ဋ်လည်နေတာများလား....

Saturday 13 September 2008

အလိမ်အညာအချစ်


စကားလုံးလှလှ
အပြောချိုချိုလေးတွေနဲ
ငါ့ရဲ့ ရိုးသားမှုကိုအရောင်လာဆိုးတယ်.
စွဲမက်စရာကောင်းတဲ့ 
အနမ်းလက်ဆောင်လေးတွေ
ချစ်တယ်လို့ တဖွဖွပြောခဲ့တာတွေ
လွမ်းကျန်ရစ်နေတယ်ဆိုတဲ့ စကားလေးတွေ
အားလုံးအားလုံးအလိမ်အညာတွေမှန်းသိလိုက်ရချိန်
ပျားရည်ဖုံးလွမ်းထားတဲ့ 
ဓါးသွားထက်ထက်လို
ငါချစ်ခဲ့ တဲ့ အလိမ်အညာတွေက
ငါ့ကိုနာကျင်နေခဲ့ပြီ.
အလိမ်အညာတွေနဲ့ 
ငါ့နှလုံသားကိုလှည့်စားတယ်
ငါ့မာနကိုချိုးနှိမ်တယ်
ငါ့သိက္ခာကိုစော်ကားတယ်
နင်....သိပ်ရက်စက်တယ်နော်..
ငါ့ရဲ့ လွမ်းစရာတွေကို
နာစရာတွေနဲ့ သာဖြေသိမ့်နေမှာမို့ .
ငါမြတ်နိုးတဲ့ လွတ်လပ်မှုကို
အဖေါ်ပြုရင်း
ငါ့ကိုတစ်ယောက်ထဲပဲ
နေခွင့်ပေးပါတော့ကွာ....







Sunday 7 September 2008

ချစ်သူအမိန့် 

ငါဟာမင်းရဲ့ အမိန့် တွေ
အကုန်လုံးလိုက်နာခဲ့.
မင်းခိုင်းသမျှ
ဘာဆိုဘာမှမငြင်းရက်ခဲ့ဘူး...
မင်းအကြည့်တွေမှာ
သာယာလို့ 
မင်းအပြောမှာ
အရည်ပျော်ကျသွားတာ
ငါ့ကိုယ်ငါပဲသိတယ်..
ချစ်သူရေ....
နင်ဟာငါမပိုင်တဲ့ 
ငါ့ရဲ့ ဒုတိယအသက်ပါကွယ်..
မင်းအတွက်ငါ့အသက်ကိုတောင်
စတေးဝံ့သူပါ
ဘာကြောင့်များရက်ရက်စက်စက်
လမ်းခွဲစကားတွေပြောထွက်ခဲ့တာလဲ
မနက်ဖြန်များစွာရှိနေသရွေ့ 
နင့်အမိန့် တွေနာခံရင်း
နင့်ကိုအမြဲချစ်နေမှာမို့ 
နာကျင်စေမယ့်စကားမင်းမပြောပါနဲ့ ကွာ....

Monday 1 September 2008

မပြောဘဲနဲ့ အတွင်းထဲက စကားလုံးလေးတွေ

ကိုယ့်ရဲ့နာမည်…...... kiimkiim(ချင်းမလေး)
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်…...kiim
ကိုယ်ဒီမှာနေတယ်….......အိမ်မှာပေါ့.
ကိုယ့်ဆီဖုန်းဆက်ချင်ရင်….....999
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်…...........ပန်းရောင်၊ခရမ်းရောင်၊အပြာရောင်။
အ၀တ်အစားဆိုရင်…..ယဉ်ယဉ်လေးတွေ
အစားအစာဆိုရင်….....ကြေးအိုးဆီချက်၊ရေခဲမုန့် ၊အာလူးကြော်။
ပစ္စည်းဆိုရင်….........ဆွဲကြိုးလှလှလေး
သီချင်းဆိုရင်…..........ကိုယ်.....မညာတော့ဘူး(ခံစားချက်ချင်းတိုက်ဆိုင်လို့ ..:P)
စာရေးစာဆရာ…....ဂျူး
စာအုပ်…........... ချစ်သူလား...စကားတစ်ပွင့်ပွင့်ခဲ့တယ်.
Life style…......ကျန်းမာပျော်ရွှင်တဲ့ဘဝ
ကိုယ့်ရဲ့ဝါသနာ…......သီချင်းဆို၊စိတ်ကူးယဉ်ခြင်း
အလိုချင်ဆုံးလက်ဆောင်…......စစ်မှန်တဲ့ မေတ္တာတရား

ကိုယ့်ရဲ့ အချစ်ဆုံးသူက….........ပြောပြဘူး..
ကိုယ့်ရဲ့ အလေးစားဆုံးသူက…......အများကြီးပဲ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက….....သယ်ရင်းတယောက်(အမည်မဖေါ်လိုသူ)
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက….......မိဘ
ကိုယ့်ရဲ့ အမုန်းဆုံးသူက …............ကိုယ့်ကိုလိမ်တဲ့သူ
ရင်အခုန်ဆုံးအချိန်…...........အချိန်တိုင်းပဲ(ရင်မခုန်ရင်သေသွားမှာပေါ့)
အကြောက်ဆုံးအချိန်….....ချစ်တဲ့ သူတွေကခွဲခွါသွားတဲ့ အချိန်
အပျော်ဆုံးအချိန်….........လိုတာရတဲ့ အချိန်
အမှတ်တရနေ့…........မမှတ်မိတော့ပါဘူး.
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….......ချစ်တဲ့သူနဲ့ ကွေကွင့်းခြင်းဒုတ်ခ. မချစ်သောသူနဲ့ တွေ့ 
ခြင်းဒုတ်ခတို့ မှကင်းဝေးပါလိုကြောင်း.(မိဖုရားဖွားစောကိုအားကျလို့ :P).
အချစ်ဆိုတာ…..............သိဝူး.ချစ်တာပဲသိတယ်.:P
အမုန်းဆိုတာ…..........အချစ်နောက်ကွယ်.....(မယုံရင်ကဗျာလာဖတ်:P)
အလွမ်းဆိုတာ…...............ရင်ထဲမှာတနှုံ့ နှုံ့ နဲ့ .
သံယောဇဉ်ဆိုတာ…........ နွယ်ကြိုး
ဘ၀ဆိုတာ….......တိုက်ပွဲ...(ခယ်မဆိုတာလိုက်ပွဲ:P).
သံသရာမှာကျင်လည်နေတာပေါ့......ဒါပေါ့.
သူငယ်ချင်းဆိုတာ…........ခရီးတစ်ကွေ့ မှာတွေ့ကြုံလာတဲ့ ဒရိုင်ဘာတွေ..
ချစ်သူဆိုတာ….......ချစ်ရတဲ့ သူပေါ့.
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်…...... dreamangel..ခွိခွိခွိ.
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က…........အကောင်းဆုံးကိုမျှော်လင့်ထား..အဆိုးဆုံးအတွက်ပြင်ဆင်ထား.
အပြောချင်ဆုံးစကားတစ်ခွန်း….......အားတင်းထား(Aja Aja..Fighting)

Dreamကtagလိုက်တော့ကျမလဲဘာရေးရမှန်းမသိဘူး..ရုံတွေတောင်တင်သွားတယ်လေ.
ဒါနဲ့ ပဲခဲတံကို ကောက်ကိုင်လိုက်တဲ့အချိန်မှာ.......အဲ....မှားလို့ .... keyboardကိုစထိလိုက်တာနဲ့ .
လက်ကတရစပ် ဘာတွေရေးနေမှန်းကို မသိဘူး...... စာတွေကတရဟောကိုထွက်လာတာ....
မနည်းထိန်းထားရတယ်..:P..
ကဲ......Dreamလေးရေ...ကျေနပ်တော့နော်.....:P