ပန်းနုရောင်ဒိုင်ယာရီထဲ
စာမျက်နာတွေ တစ်ရွက်ပြီးတစ်ရွက်..။
တဖြည်းဖြည်းကျစ်လျစ်စွာ
အထပ်ထပ် အနည် ကျလာသော သံယောဇဉ်
ဒီ ဒိုင်ယာရီ တစ်အုပ်ကလွဲရင်
သက်သေ ပြစရာရယ် မရှိဘူး။
ဒီဒိုင်ယာရီထဲမှာ
တွေ့ ခွင့် ရသော ရက်စွဲများ
နေရာနှင့် အချိန်များ
စနစ်တကျ..
ပြီးတော့
စာလုံးလေးတွေ ဟောင်းနွမ်းလွန်းပေမယ့်
ပြောချင်တဲ့စကား တစ်ခွန်းကိုလည်း
အဲဒီ ဒိုင်ယာရီထဲမှာ
သီမ်း...ဆည်း...ထား။
ဒါ သူ့ အတွက်
(အထူးသဖြင့်)
အချစ်ကို မယုံသူ "သူ့ " အတွက်။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago
0 comments:
Post a Comment