Wednesday 26 November 2008

ပြုံးလိုက်ကြစို့ သူငယ်ချင်း

သူတို့လင်မယား

ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။
ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး
လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း
အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ သတ္တိရှိရှိ ကျုပ်ကို
ရင်ဆိုင်စမ်းပါတဲ့ ... ...... ဟီး ဟီး …။
ပထမလူ = ဟိုက် - သေလိုက်ပါတော့ကွာ …… ။

နတ်မိမယ်

သားငယ်...။မေမေ နတ်မိမယ်ဆိုတာ ဘယ်လို မျိုးလည်းဟင်...
မိခင်...။ နတ်မိမယ်ဆိုတာ အင်မတန်ချောမောလှပ ပြီး ကောင်းကင်မှာ ပျံနိုင်တဲ
့နတ်သမီးတစ်ပါးလိုပါပဲ သားရဲ့ ။
သားငယ်...။ဟင်...ဒါဆိုသားတွေ့ လိုက်တဲ့ နတ်မိမယ် က မပျံတတ်ဘူးမေမေ။
မိခင်......။သားက ဘယ်တုန်းကများတွေ့ တာတုန်းသားရဲ့ မေမေကိုပြောပါဦး။

သားငယ်...။ မနေ့ က ဖေဖေ က ဟိုဘက်ခန်းမှာနေတဲ့ အန်တီရဲ
့တင်ပါးကိုပုတ်ပြီး မင်းဟာနတ်မိမယ် ပါပဲကွာ တဲ့...

အားလုံးပြုံးပျော်နိုင်ကြပါစေရှင်.......။

Friday 21 November 2008

အလိမ်အညာအချစ်

စကားလုံးလှလှ
အပြောချိုချိုလေးတွေနဲ
ငါ့ရဲ့ ရိုးသားမှုကိုအရောင်လာဆိုးတယ်.
စွဲမက်စရာကောင်းတဲ့ 

အနမ်းလက်ဆောင်လေးတွေ
ချစ်တယ်လို့ တဖွဖွပြောခဲ့တာတွေ
လွမ်းကျန်ရစ်နေတယ်ဆိုတဲ့ စကားလေးတွေ
အားလုံးအားလုံးအလိမ်အညာတွေမှန်းသိလိုက်ရချိန
ပျားရည်ဖုံးလွမ်းထားတဲ့ 
ဓါးသွားထက်ထက်လို
ငါချစ်ခဲ့ တဲ့ အလိမ်အညာတွေက
ငါ့ကိုနာကျင်နေခဲ့ပြီ.
အလိမ်အညာတွေနဲ့ 
ငါ့နှလုံသားကိုလှည့်စားတယ်
ငါ့မာနကိုချိုးနှိမ်တယ်
ငါ့သိက္ခာကိုစော်ကားတယ်
နင်....သိပ်ရက်စက်တယ်နော်..
ငါ့ရဲ့ လွမ်းစရာတွေကို
နာစရာတွေနဲ့ သာဖြေသိမ့်နေမှာမို့ .
ငါမြတ်နိုးတဲ့ လွတ်လပ်မှုကို
အဖေါ်ပြုရင်း
ငါ့ကိုတစ်ယောက်ထဲပဲ
နေခွင့်ပေးပါတော့ကွာ....

Wednesday 19 November 2008

မာယာများတဲ့ မင်းသားလေးအပိုင်း(၂)

ဒီနေ့ ဟာသောကြာနေ့ ဖြစ်တာကြောင့်သဇင်နဲ့ ဝါ၀ါတို့ နှစ်ယောက်Practical လုပ်ရတာကြောင့်မေ တယောက်
ထဲဖြစ်နေခဲ့သည်။သဇင်နဲ့ ဝါ၀ါတို့ ကလက်တွေ့ ကတဖွဲ့ တည်းကျလို့ အတူတူလုပ်ရပြီးမေကတော့သီးသန့် ဖြစ်
နေခဲ့သည်။အိမ်ကနေထွက်နေကျအချိန်အတိုင်းထွက်လာတာကြောင့်မေတယောက်ကျောင်းကိုအစောကြီးရောက်
နှင့်နေပြီ..ကန်တင်းမှာထိုင်ဖို့ ကလည်းဗိုက်ပြည့်နေသေးတာကြောင့်မထိုင်ဖြစ်ပဲအုတ်ခုံတန်းပေါ်မှာတယောက်ထဲ
ထိုင်ရင်းသယ်ရင်းနှစ်ယောက်အာကိုစောင့်နေမိသည်။ထိုင်နေရင်းနဲ့ ဟိုနေ့ ကတွေ့ ခဲ့ သည့်မျက်လုံးလှပိုင်ရှင်
လေးဆီအတွေးကရောက်သွားခဲ့ သည်။လှလိုက်တဲ့ မျက်လုံးလေး
တွေးရင်းနဲ့ မေရင်တွေခုန်လာသည်။အို..ငါသူ့ ကိုချစ်နေမိပြီလား...မသိဘူးကွာ..သူ့ ဟာသူပြောရင်းရှက်စိတ်
ကြောင့်ပါးလေးတောင်နီရဲသွားသေးတယ်..။အဲဒီအချိန်မှာပဲ...ဂျာကင်လေးနဲ့ ရဲရင့်သွေးအလာကိုမေလှမ်းမြင်
လိုက်သည်။ရင်တွေပိုခုန်လာခဲ့သည်။မေ့ ဆီအရောက်သွေးကသူ့ ဂျာကင်အိတ်ထဲကလက်ကိုင်ပုဝါလေး
မေ့ဆီကမ်းပေးလျှက် ဒါပျိုပျိုမေ့လက်ကိုင်ပုဝါလေးမဟုတ်လား....လို့ မေးလိုက်တော့မှရဲရင့်သွေးနဲ့ စတွေ့တဲ့ 
နေ့ ကမေ့လက်ကိုင်ပုဝါလေးဘယ်အချိန်ကပျောက်သွားမှန်းမသိပဲအိမ်ရောက်မှသိရတော့သည်။
အခုသွေးကလာပေးတော့...ဟယ်..ပုဝါလေးပါလား..ပျောက်နေတာ.ပြန်မရှာဖြစ်တော့ဘူး...သူ့ လက်ထဲ
ဘယ်လိုရောက်လာတာလဲဟင်..
ဟိုနေ့ ကပျိုပျိုမေနဲ့ တွေ့ တုန်းကလမ်းမှာကျကျန်ခဲ့တာ..ကျနော်ချက်ချင်းလာပေးမလို့ ပဲ..မအားတာနဲ့ ..အဲဒါ..
အော်...ဟုတ်..ရပါတယ်..ကျေးဇူးတင်ပါတယ်ရှင်.ဒါနဲ့ သူ့ နာမည်က
မေသိရက်နဲ့ တမင်မေးလိုက်ခြင်းပါ..
ကျနော့နာမည်ရဲရင့်သွေးပါ..တွေ့ ရတာဝမ်းသာပါတယ်ပျိုပျိုမေ..
ဟုတ်..မေလဲဝမ်းသာပါတယ်..မေ့ ကိုမေလို့ ပဲခေါ်ပါ /ရပါတယ်..
မေ..ဒါဆိုကျနော်သွားတော့မယ်နော်...
သွေးထွက်သွားရာနောက်မေ့ အကြည့်တွေပါသွားခဲ့သည်။အင်း..အကြည့်တင်ဘယ်ကမလဲ..နှလုံးသားလေးလဲ
မင်းဆီပါသွားခဲ့တာပေါ့....မင်းကိုချစ်နေမိပြီထင်တယ်သွေးရယ်....
အဲဒီအချိန်မှာပဲ.သဇင်နဲ့ ဝါ၀ါတို့ မေ့အနားရောက်လာပြီး ဟိတ်..မေ နင်ဘယ်သူနဲ့ စကားပြောနေလဲဆိုတာ
ငါတို့ တွေ့ လိုက်တယ်နော်..နင်မှန်မှန်ပြောစမ်း..သွေးကိုချစ်နေပြီမဟုတ်လား..
ဟာ..ဘာတွေပြောနေကြတာလဲ..သွားကွာ...သိဘူး..မေရှက်ရှက်နဲ့ ပြောနေမိသည်။
အဲဒီနောက်ပိုင်းသွေးနဲ့ မေတို့ ရင်းနှီးသွားကြသည်။အတူသွားအတူစားအတူလာနဲ့ သွေးဟာမေ့ရဲ့ အရိပ်လေးပ
မာမေသွားရာနောက်အမြဲလိုက်ပေးတတ်သည်။ဒီလိုနဲ့ အချိန်တွေကြာလာပြီး.တစ်နေ့ သွေးနဲ့ မေတို့ နှစ်ယောက်
ခုံတန်းလေးမှာထိုင်နေရင်းသွေးက
မေ ကျနော့ကိုစိတ်မဆိုးနဲ့ နော်..
ဘာကိုစိတ်ဆိုးရမှာလဲ...
ကျနော်မပြောဘူးလို့ ကို့ ယ်ကိုယ်ကိုထိန်းထားပါသေးတယ်.ဒါပေမယ့်မရဘူးဗျာ..ကျနော်မေ့ ကိုချစ်တယ်..
မေ ရက်ရှည်လများစောင့်စားလာခဲ့တဲ့ စကားလေးတခွန်း သွေး ပြောနေပြီလေ..မေခေါင်းလေးကိုအသာငုံ့ 
ထားပြီးဆိတ်ဆိတ်နေမိသည်။
အခုလိုပြောလိုက်လို့ မေစိတ်မဆိုးပါနဲ့ နော်..မေ့ ကိုတကယ်ချစ်တာပါ.ကျနော့ကိုအဖြေမပေးပါနဲ့ ဦး..
အကဲခတ်လိုက်ဦး..ပြီးမှမေလက်ခံနိုင်ပြီဆိုမှအဖြေပေးလေနော်...
ဟုတ်..မေစဉ်းစားပါရစေဦး..
အိမ်ပြန်ရောက်တော့မေအပျော်လွန်ပြီးစိတ်ကူးတွေယဉ်လျှက်ပြုံးစိစိဖြစ်နေတာကို ကိုကို မြင်တော့
ဟိတ်..မေ..တယောက်ထဲဘာတွေပြုံးနေတာလဲ..ရွာသာကြီးသွားချင်လို့ လား..နဲ့ လိုက်နောက်နေတော့သည်။
ဟာကိုကိုနော်..မေမေနဲ့ တိုင်ပြောမယ်..
မေမေရေ..ဒီမှာဗျို့ ..မေ့ ကိုလိုက်စနေတယ်..ကိုကိုစုတ်ပေါ့...
မီးဖိုချောင်မှမေမေထွက်လာပြီး..ဘယ်သူတွေလဲ..ငါ့သမီးကိုလိုက်စနေကြတာ..
မေမေ့သမီးကတယောက်ထဲရီနေတယ်..ရူးသွားပြီထင်တယ်မေမေရာ...
ဟယ်..ကို့ ညီမကိုအဲလိုပြောရလား..ဒီကောင်လေးနော်..လို့ ပြောရင်းကိုကို့ ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်သည်။
မေကတော့မေမေ့ဆီလာပြီးခါးလေးကိုဖက်ထားလျှက်..ဟေး..ဒါမှတို့ မေမေကွ..အာဘွား....
အနမ်းလေးပေးရင်အိမ်ပေါ်ထပ်ကိုအပြေးလေးတက်သွားသည်။
ညနေပိုင်းထမင်းစားအပြီးဟည့်ခန်းတွင်မိသားစုဝိုင်းဖွဲ့ ပြီးစကားပြောဖြစ်ရာ..ကိုကိုကမေ့ အကြောင်းကိုသိလို့ ပဲလားမသိ....မေမေ....မေမေ့သမီးနေ့ လည်ကတယောက်ထဲပြုံးနေတာရီးစားများရနေပြီလားမသိဘူးနော်..
လို့ ပြောလိုက်သည်။
ဟာ..မဟုတ်ပါဘူး...ကိုကိုကလည်း..မေ့ဘာသာမေပြုံးနေတာကို..
ဖေဖေကတော့ဘာမှဝင်မပြောပဲငြိမ်ပြီးပြုံးနေသည်။မေမေက
ဟုတ်လား..သမီး..ရနေပြီလား..
ဟာ..မဟုတ်တာမေမေရာ...မေ ကအပျိုကြီးလုပ်ပြီးမေမေတို့ နဲ့ တသက်လုံးနေမှာ
မယုံနဲ့ မေမေ..ဒါလားယောင်္ကျားမယူမဲ့ ရုပ်..ဟားဟား..
ကိုကိုနော်...ဟွန်း...
မောင်နှမနှစ်ယောက်စ နောက် နေ တာကိုဖေဖေနဲ့ မေမေကသဘောကျနေကြသည်။
..........................................။။။။။.............................။။။။။။.......................................
ကျောင်းပိတ်ရက်ဖြစ်တာမို့ သွေးနဲ့ မေတို့ မုန့် စားထွက်ကြရင်းအပြန်ကန်တော်ကြီးကိုသွားပြီးနေရိပ်တဲ့ နေရာ
မှာသွေးရဲ့ ကားလေးကိုရပ်လိုက်ပြီး.
မေ..ကျနော့ကိုအဖြေပေးတော့လေ...
မေရှက်စိတ်ကြောင့်ခေါင်းလေးငုံ့ ထားမိသည်။
ကျနော့ကိုဘယ်လိုသဘောရလဲ
မေ.သွေးကိုသဘောကျပါတယ်..
တကယ်လား..မေကျနော့ကိုချစ်တယ်ပေါ့နော်..
မေပါးစပ်မှမပြောပဲပြုံးပြီးခေါင်းညိတ်ပြလိုက်ရာသွေးအရမ်းပျော်သွားပြီး.မေ့လက်ကလေးကိုဆုတ်ကိုင်
လျှက်နဖူးလေးကိုဖွဖွလေးလာနမ်းသည်။
ဟုတ်တယ်သွေးရယ်...မေ သွေးကိုစတွေ့ တည်းကချစ်ခဲ့တာပါ..ယောင်္ကျားတွေကိုအထင်မကြီးတတ်တဲ့ 
မေ..သွေးကိုတော့အထင်ကြီးနေမိပြီ..မာနကြီးလွန်းတဲ့ မေ..သွေးနဲ့ ကျမှမာနတွေခ၀ါချခဲ့ရပြီ..
အဲဒါ..သွေးကိုချစ်လို့ ပဲပေါ့....

ဆက်ရန်။။။
ရေးရမှာပျင်းလို့ ..ဟီးဟီး..မကောင်းပေမယ့်လာဖတ်ပေးတဲ့ သယ်ရင်းများကိုကျေးဇူးတင်ပါတယ်ရှင်.. :)

Tuesday 18 November 2008

Vegetable Art တဲ့ 







Sunday 16 November 2008

ဝန်ခံချက်

မချစ်ခဲ့ဘူးလို့ မညာချင်ပါဘူး..
ချစ်ခဲ့မိပါတယ်
ဒါပေမယ့်
အရူးအမူးမဟုတ်ခဲ့ဘူး...
မလွမ်းဘူးလို့ မလိမ်ချင်ပါဘူး
လွမ်းခဲ့မိပါတယ်
ဒါပေမယ့်
တစ်ရက်ထဲ
မခံစားရဘူးလို့ မပြောချင်ပါဘူး
ခံစားခဲ့ရပါတယ်
ဒါပေမယ့်..
တစ်ခဏတာလေးပဲ..
မာယာများတဲ့ နင့်အနမ်းကြောင့်
တစ်ဒင်္ဂလှုပ်ခတ်သွားတဲ့ 
ငါ့နှလုံးသားကိုထိန်းချုပ်ရင်း
နင့်ကိုငါ
ဘယ်....တော့......မှ
မလွမ်းတော့ဘူး.......။

Friday 14 November 2008

မာယာများတဲ့ မင်းသားလေး

"ကလင်..ကလင်..ကလင်.."
"သမီးရေဖုန်းလာနေတယ်..ကိုင်လိုက်ပါဦှး.."
"ဟုတ်ကဲ့မေမေ..သမီးကိုင်လိုက်ပါ့မယ်.."
"ဟယ်လို..အေး..ကျောင်ူးတက်မှာပေါ့ဟ..အိမ်ကလိုက်ပို့ လိမ့်မယ်..ဒါပဲနော်.."
"သမီးဘယ်သူလဲ"
"ဟုတ်..သမီးသယ်ရင်းပါမေမေ...ကျောင်းသွားတော့မယ်နော်.."
"ကိုကိုရေ..မေသွားတော့မယ်..လိုက်ပို့ ပေးလေ"
လွယ်အိတ်လေးကောက်လွယ်ပြီးကားဆီကိုပြေးသွားလိုက်သည်။ကိုက်ုတံခါးဖွင့်ပေးတော့အလိုက်သင့်လေး
ဝင်ထိုင်နေလိုက်သည်။လေလေးတချွန်ချွန်နဲ့ ကျောင်းရောက်မှာကိုစိတ်စောနေမိသည်။မောင်နှမနှစ်ယောက်ပဲ
ရှိသည့်အနက်မေဟာအငယ်ဆုံးလေးမို့ ဖေဖေမေမေနဲ့ ကိုကိုတို့ ရဲ့ အချစ်ကိုခံရတဲ ခပ်ဆိုးဆို့းကောင်မလေး၊
လူကုန်ထံအသိုင်းအ၀ိုင်းကဆင်းသက်လာသူမို့ လိုလေသေးမရှိအောင်ပိုက်ဆံကိုသုံးဖြုံးနိုင်တဲ့ လိုတရမင်းသမီးလေးတပါးဖြစ်နေပြန်ရော။
ရုပ်ရည်လေးကလည်းမင်းသမီးရှုံးလောက်အောင်လှပြီးအချိုးအစားသေသပ်လှပမှုကြောင့်မေတယောက်
မသိသူမရှိလောက်အောင်ယောင်္ကျားလေးများရဲ့ အချစ်ကိုခံရတဲ့ ကောင်မလေးတယောက်ဖြစ်နေပြန်ပါရော။
ဒါပေမယ့်မေကတော့ဘယ်ယောင်္ကျားလေးကိုမှအထင်မကြီင်္းတဲ့ အပြင်မေ့ ကိုပိုးပန်းလာတဲ့ ယောက်င်္ျားလေး
တွေကိုလဲအမြဲလှောင်ပြောင်ဟားတိုက်ခဲ့သည်။
လောကမှာမေအထင်ကြီးတဲ့ ယောင်္ကျားတယောက်မှမရှိဘူးလို့ တောင်ရဲရဲဝံ့ဝံ့ကြေညာခဲ့ဖူးသည်။ယောင်္ကျားတွေ
ရဲ့ အချစ်ကိုလဲမယုံခဲ့ပေ..ဒါကြောင့်ပဲမေဟာသူ့ ကိုချစ်တယ်လို့ ပြောလာတဲ့ ယောင်္ကျားတွေကိုဟားတိုက်နေခဲ့
ခြင်းဖြစ်သည်။မေလှောင်ပြောင်ဟားတိုက်ခဲ့ဖူးသည့်ယောက်င်္ျားများအကြောင်းပြန်တွေးကာတယောက်ထဲပြုံးနေ
မိသေးသည်။"ငါတော်တော်ဗရုတ်ကျခဲ့တာပဲ..အို..ငါ့အမှားမှီမဟုတ်တာ..သူတို့ ကဘာလို့ ချစ်တယ်လို့ လာပြော
လဲနော"..လို့ တောင်ကို့ ယ်ကိုယ်ကိုပြန်ဖြေသိမ့်လိုက်သေးသည်။
"ဟဲ့..ကြာလိုက်တာနင်ကလဲ"
"ငါချက်ခြင်းလာတာပဲ..နင်တို့ သာစိတ်စောနေလို့ ကြာတယ်လို့ ထင်နေတာပါ"
"ကဲ..ကိုကို..မေတို့ သွားတော့မယ်နော်.."
"အေးအေး..မေ..လိမ်လိမ်မာမာနေနော်..ကြားလား"
"ဟုတ်ကိုကို"
လို့ ပြောရင်းလျှာလေးထုတ်ပြုံးပြလိုက်သည်။ကိုကို့ ရှေ့ မှာမို့ ဟုတ်လို့ သာပြောလိုက်ရတာပါ..မေကတော့ကိုကို
လို့ ပြောရင်းလျှာလေးထုတ်ပြုံးပြလိုက်သည်။ကိုကို့ ရှေ့ မှာမို့ ဟုတ်လို့ သာပြောလိုက်ရတာပါ..မေကတော့ကိုကို
"ဟဲ့မေ..ဒီနေ့ ဖိဆစ်ကင်းကိုသွားကြည့်ရအောင်..ချောချောလေးတဲ့  သိလား.."
"အံမယ် မေကဘာလို့် ကြည့်ရမှာလဲ..သူကသာလာကြည့်ရမှာလေ.."
"ဟော..ပြောရင်းဆိုရင်းနဲ့ လာနေပြီ..မေကြည့်လိုက်..တော်တော်ချောတာပဲ.."
"ဟဲ့မိန်းမတွေ...ဘယ်လိုဖြစ်နေကြတာလဲ..ငြိမ်ငြိမ်နေကြလေ...ကဲကိုကဲတယ်..ဟွန်း.."
ပြောသာပြောလိုက်ရတာပါ..မေကိုယ်တိုင်တောင်တချက်တော့တွေသွားရသည်။မေမြင်ဖူးတဲ့ ယောင်္ကျားလေးများနဲ့ 
မတူရုပ်ချောယုံမဟုတ်ပဲယောင်္ကျားပီသတဲ့ ရုပ်ရည်မျိုးပါ၊အရပ်အမောင်းကလဲတော်တော်မြင့်သည်။ကုန်ကုန်ပြော
ရရင်အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ယောက်င်္ျားတယောက်ပေါ့။ အဲ..အားလုံးထဲမှာသူ့ မျက်လုံးလေးကလက်နေသည်။
သူမပြုံးပါပဲမျက်လုံးလေးကပြုံးနေသည်။အဲလောက်လှတဲ့ မျက်လုံးပိုင်ရှင်ကိုမေအခုမှမြင်ဖူးတော့သည်။
တော်တော်လှတဲ့ မျက်လုံးလေး...ဒါပေမယ့်မေပဲလေ..စိတ်မ၀င်စားသလိုနေလိုက်သည်။
သူကတော့မေ့ကိုတချက်ကြည့်လိုက်ပြီးမေတို့ ဘေးမှဖြတ်သွားသည်။
"မေ..နင့်ကိုကြည့်သွားတယ် တွေ့ လား."
"တွေ့ သားပဲ..မေ ပဲလေ..သိတယ်မဟုတ်လား..ဟဲဟဲ.."
စကားလေးတပြောပြောနဲ့ ကင်တင်းကိုအသွားနောက်မှကောင်လေး၃ယောက်လိုက်လာပြီး
"အလယ်ကတယောက်ကချောလိုက်တာနော်..ပျိုပျိုမေဆိုတာဒီတယောက်လား"
စသဖြင့်ရိသဲ့သဲ့လာပြောနေသဖြင့် မေကသယ်ရင်းနှစ်ယောက်ကိုအချက်ပြလိုက်ရင်းသုံးယောက်သားတပြိုင်
တည်းအနောက်ကိုလှည့်ကြည့်ရင်း
"အို့ အို့ အို့ ..ကျွတ်ကျွတ်ကျွတ်..တောက်တောက်တောက်.. "လက်ဖျောက်လေးတီးပြီးခွေးကိုခေါ်သလိုလုပ်ပြ
လိုက်တာကောင်လေးအုပ်စုရှူးရှူးရှဲရှဲနဲ့ ဖြစ်သွားရသည်။ပြီးတော့တောက်ခတ်ပြီးထွက်သွားကြသည်။
ဒါကိုမေတို့ ကြည့်ပြီးတဟားဟားနဲ့ ကျန်ခဲ့သည်။
မှတ်ထား..မေ့ ကိုအဲလိုလာစမ်းလို့ မရဘူး..ဟားဟား....
မေ့ ကိုလိုက်တဲ့ သူတွေကိုအဲလိုလုပ်လွန်းလို့ မေ့ကိုချစ်ကြပေမယ့်တော်ရုံယောက်ျားလေးတွေမလိုက်ရဲကြပေ။
လှသလောက်မာနကြီးတော့ဆူးများနဲ့ နှင်းဆီပန်းလိုခူးချင်သော်လည်းဆူးဆူးမှာကိုကြောက်နေကြသည်။

ဆက်ရန်......။