Friday 17 July 2009

အချစ်လို့ မထင်တဲ့ အချစ်

အရာရာဟာပြီးဆုံးသွားပြီလား...
မသေချာမရေရာတဲ့ မေးခွန်းကြီးတစ်ခုကျွန်မခေါင်းထဲ
ဝင်လာမိတယ်...။
အရင်ကသူမရှိလဲဖြစ်တယ်လို့ ထင်နေခဲ့တဲ့ ကျွန်မ
အခုချိန်မှာတော့ သူဟာကျွန်မအတွက်မရှိမဖြစ်လိုအပ်တဲ့ 
လူမှန်းသိသွားတဲ့ အချိန်ဟာ အားလုံးပြီးဆုံးသွားတဲ့ အချိန်များ
ဖြစ်နေပြီလား.....။
သူ့ အကြောင်းတွေးနေရင်းနဲ့ ရင်ဘတ်ကစူးခနဲနာကျင်သွား
တတ်ခဲ့တာ ကျွန်မ သူ့ ကိုသိပ်ချစ်နေလို့ ဆိုတာ
သေချာနေခဲ့ပြီပဲလေ။
ကုန်ခမ်းသွားပြီလို့ ထင်နေခဲ့တဲ့ မျက်ရည်တွေ
ကျွန်မရဲ့ မျက်ခမ်းသားကနေပြန်ပြီးကျလာခဲ့တာတွေကရော
ကျွန်မသူ့ ကိုချစ်တယ်ဆိုတာကိုပြဖို့ သက်သေကောင်းတစ်ခု
ပဲမဟုတ်လား။
ရည်းစားနဲ့ ချစ်သူဆိုတဲ့ အခေါ်အဝေါ်နှစ်ခုကြားမှာခေါင်းရှုပ်ခဲ့
တဲ့ သူနဲ့ ကျွန်မ...
ရည်းစားဆိုတာဘာလဲ..ချစ်သူဆိုတာကကောဘာလဲ...
ကျွန်မကကောသူ့ အတွက်ရည်းစားလား..ချစ်သူလား...
သယ်ရင်းတယောက်ပြောဖူးတယ်..ရည်းစားကိုချစ်သူလို့ ထင်နေ
ကြတဲ့ ကောင်မလေးတွေကတော်တော်သနားဖို့ ကောင်းတယ်တဲ့ ..
ကျွန်မကကောအဲံ့ဒီသနားစရာလူတွေထဲမှာပါမှန်းမသိပါနေခဲ့ပြီလား..
ဘယ်အချိန်ထိများချစ်ခွင့်ရှိနိုင်မလဲ....။
မသေချာမရေရာမှုတွေကြားမှာနေထိုင်ရင်း
တွေးတောနေမိတယ်..
ငါ မ..........ခဲ့ရင်ကောင်းသားလို့ ...။
သူနဲ့ ကျွန်မကြားမှာအချစ်ဆိုတာသတ်ပုံမှားနေခဲ့ပြီလား....။