အရှုံး
ဖွင့်ဟ၀န်ခံချက်
အသဲကွဲတယ်လို့ တော့
ငါခေါင်းစဉ်မတပ်ချင်ဘူး....
ငါ့ရင်တွေနဲနဲဆွေးပူတာတော့အမှန်ပဲ
ငါလွမ်းနေတယ်လို့ လဲ
သူကြားအောင်မကြေညာချင်ဘူး..
တကိုယ်ရေညတွေမှာ
နဲနဲတော့ အထီးကျန်ဆန်နေမိတာတော့အမှန်ပဲ
ငါအရမ်းချစ်ခဲ့မိတယ်လို့ လဲ
မ၀န်ခံချင်တော့ဘူး.....
ဘယ်သူ့ အပေါ်မှမထားဖုးတဲ့အချစ်နဲ့ 
တော့ချစ်ခဲ့မိတာအမှန်ပဲ
ငါနာကြည်းသွားတယ်လို့ လဲ
မပြောချင်ဘူး..
ငါရင်းခဲ့သမျှ အမြတ်မရှိ
အရင်းတောင်ပြုတ်ခဲ့လို့ 
နဲနဲလေးတော့ခံပြင်းတာအမှန်ပဲ
အရင်ကအတူသောက်ခဲ့တဲ့
ကော်ဖီအေးအေးတစ်ခွက်
အခုချိန်မှာပြန်သောက်ရင်တောင်
ငါ့ရင်အေးမြနိုင်မှာမဟုတ်မှန်းသိနေလို့ 
ကော်ဖီတောင် မသောက်တာကြာနေခဲ့ပီပဲ....
နှစ်ယောက်အတူထိုင်နေကျ
ကန်ဘောင်ကခုံတန်းလျားလေးကလဲ
ငါ့ကိုလှောင်ပြောင်နေသလိုပါပဲလား...
နောင်တဆိုတဲ့စကားလေးနှစ်ခွန်း
မရမိအောင်ငါ အကြိမ်ကြိမ်ကြိုးစားခဲ့သမျှ
ငါအတုံးအရုန်းနဲ့ လဲကျသွားတဲ့အချိန်
နင့်ကြောင့် နောင်တအကြီးအကျယ်ရခဲ့တယ်...
အနမ်းတံတားလို့ နင်အမည်တပ်ခဲ့တဲ့ 
တံတားလေးတစ်ခုပေါ်မှာ
ငါ့ဆီကရိုးသားမှုတွေ နင်အရောင်ဆိုးခဲ့တယ်..
အလိမ်အညာတွေနဲ့ ငါ့ကိုလှည့်စားတယ်
အရှုံးလို့ တော့ငါမဆိုချင်တဲ့
ငါ့ကျရှုံးခန်းလေး နင်စိမ်ပြေနပြေထိုင်ကြည့်နေခိုက်
ငါရင်နာနာနဲ့ စိတ်ပိုင်းဖြတ်ခဲ့တယ်
ငါဘယ်တော့မှနင့်အတွက်နဲ့ မျက်ရည်မကျတော့ဘူး...
အမှားပြင်ဆင်ခွင့်သာရှိခဲ့ရင်
ငါ့ဘ၀စာမျက်နှာထဲက
နင်နဲ့ ချစ်ခဲ့ကြတဲ့ အချိန်တွေကို
ဒိုင်ယာရီစာမျက်နှာပေါင်းများစွာလို
ငါလုံးခြေလို့ အမှိုက်ပုံးထဲ
လွှင့်ပစ်ချင်မိတယ်...
နင်ကြားအောင်တော့ငါပြောချင်သေးတယ်
ဝဋ်ဆိုတာလည်တတ်သတဲ့...
သတိကြီးကြီးနဲ့ တော့ နင့်ခရီးကိုဆက်လို့ 
နောက်ဆုံးအနေနဲ့ ပြောခဲ့လိုက်မယ်....။
ဇတ်သိမ်းခန်း
"မေ.. ကိုယ်တို့ ဒီလိုဆက်နေလို့ ကောင်းပါ့မလားလို့ ကိုယ်စဉ်းစားနေတာ....
"မေ ကိုယ့်အပေါ်ကောင်းခဲ့တယ်..ကိုယ့်အပေါ်မေကောင်းခဲ့သလောက်ကိုယ်မေ့အပေါ်ပြန်မကောင်းခဲ့နိုင်ဘူး..."
"ကိုယ့်ဘ၀အခြေအနေနဲ့ အခုချိန်မှာမေ့ကို ကိုယ်လက်ထပ်ဖို့ အင်အားမရှိဘူး..
အလုပ်လဲအဆင်မပြေဘူး.. ကိုယ်အရမ်းစိတ်ရှုပ်နေတယ်...ကိုယ်အလုပ်ကိုပုံမှန်ပြန်ဖြစ်အောင်မနဲပြန်လုပ်ရမှာ..ဒီတော့ ကိုယ်တို့ နှစ်လ
လောက်မတွေ့ ပဲနေကြရအောင်...."
"ဒီလိုနေရင်းနဲ့ မေ ကိုယ့်ကိုအရမ်းတွေ့ ချင်လာခဲ့ရင် ကိုယ့်ကိုဖုန်းဆက်လိုက်..
ကိုယ်အရောက်လာခဲ့ပေးမယ်.. ကိုယ်လဲမေ့ကိုအရမ်းတွေ့ ချင်လာတဲ့ တစ်နေ
့လာတွေ့ မယ်လေ..''
သူမခပ်ထေ့ထေ့လေးပြုံးလိုက်မိသည်။ဒီလောက်ဆိုသူဘာပြောချင်လဲဆိုတာသူ့ အကြောင်းကောင်းကောင်းနားလည်တဲ့ သူမ သိနေခဲ့ပြီလေ...။
" မေ .. ကိုယ့်ကိုပြောစရာစကားမရှိတော့ဘူးလား.. တစ်ခုခုတော့ပြောပါဦး..မေ့ဆီကတစ်ခုခုတော့ကြားချင်တယ်.."
တချိန်လုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့ သူပြောတာပဲနားထောင်နေခဲ့တဲ
့သူမကိုသူပြောလိုက်ခြင်းပါ...။
"အခုလို မေ့အလုပ်ထိတကူးတကလာပြီးပြောနေတဲ့ စကားတွေရဲ့ နိဂုံချုပ်ကဘာလဲ..
ဘာဖြစ်ချင်တာလဲ.. ပွင့်ပွင့်လင်းလင်းပြောပါ... "
သူ့ မေးခွန်းကိုမဖြေပဲ သူမကပဲထပ်ဆင့်မေးလိုက်သည်။
သူသက်ပြင်းရှည်ကြီးချပြီးစကားကိုဆက်မလိုနဲ့ ငြိမ်နေသည်...။
တိတ်ဆိတ်ခြင်းကသူမတို့ နှစ်ယောက်ကြားမှာအချိန်အခိုက်အတန့် တစ်ခုအထိစိုးမိုးနေခဲ့သည်။
ခဏကြာတော့သူကပဲတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်နိုင်ခဲ့သည်။
"ကိုယ် တို့  လမ်း ခွဲ ကြ ရ အောင်"
တစ်လုံးချင်းစီပြောထွက်လာတဲ့ သူ့ စကားသံတိုးတိုးလေးပေမယ့်သူမနားထဲမှာတော့မိုင်းဗုံးတစ်ခုပေါက်ကွဲသွားသလို
ဟိန်းခနဲမြည်သွားသည်။
" ဒါပဲလား.". ဆိုတဲ့ အကြည့်မျိုးနဲ့ သူမ သူ့ ကိုတစ်ချက်ကြည့်လိုက်ပြီး
ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။
ကောင်းပြီလေ."... ပြောပြီးချက်ချင်း သူမမျက်နှာကိုလှည့်ပစ်လိုက်သည်။
ဝေ့တက်လာတဲ့ မျက်ရည်တွေကိုသူမမြင်စေရဘူး... မျက်ရည်တွေသူမမြင်ခဲ့ပေမယ့်
အဖျားခပ်သွားတဲ့ သူမရဲ့ အသံကိုတော့ သူသတိပြုမိကောင်းပြုမိပါလိမ့်မည်။သူမရှေ့ ကို လက်ဆောင်ထုပ်တစ်ခုထုတ်ပေးရင်း
" ဒါမေ့အတွက် ..... ကိုယ်ဘာဝယ်ရမှန်းမသိလို့ .. ဒါပဲဝယ်လာခဲ့တယ်.."
Revlon ကအသစ်ထုတ်တဲ့ ဆံပင်အရောင်တင်တဲ့ဆေးလေးတစ်ခုပါ..
အလှအပကိုသိပ်ဦးစားမပေးတဲ့ သူမကို အလှကုန်ပစည်းလေးပေးခဲ့တဲ့ သူ့ ကိုကြည့်ပြီး
ဒါလျော်ကြေးလား... မေးပြီးသူမတစ်ချက်ပြုံးလိုက်သည်။ခနဲ့ ပြုံးလေးတစ်ခုပါ....။
"အရာရာအတွက်ကိုယ်စိတ်မကောင်းပါဘူး.. ကိုယ်တောင်းပန်ပါတယ်..မေ.."
"တောင်းပန်ဖို့ မလိုပါဘူး.. "
"မေလဲအချိန်ခဏလေးအတွင်းမှာဒဏ်ရာတွေသက်သာသွားမှာပါ..."
"အဟား..သိပ်သေချာတာပေါ့.. အရင်ကလဲဒီလိုအဖြစ်မျိုးကြုံခဲ့ဖူးတယ်..
ဒါပေမယ့်တစ်ရက်ထဲပဲခံစားလိုက်ရတယ်.."
သူမခပ်ဟဟလေးပြုံးပြီးပြန်ပြောလိုက်သည်။
"မေ.. ကိုယ်နောက်ဆုံးအနေနဲ့ မေ့လက်လေးကိုကိုင်ချင်တယ်..ခွင့်ပြုမလားဟင်.."
ဒါကတော့သိပ်ကိုတရားလွန်တဲ့ တောင်းဆိုမှုတစ်ခုပါ.. နောက်ဆုံးအချိန်မှာတောင်
အတ္တဆန်ဆန်စကားဆိုလာတဲ့ သူ့ ကိုသူမ ဘာစကားမှမတုံ့ ပြန်ခဲ့ဘူး...။သူမခေါင်းကို
ငုံ့ ထားလိုက်တယ်.. "ရှင်မလိုချင်တော့လို့ စွန့် ပစ်မယ့်ပန်းတစ်ပွင့်ကို နှမြောသလိုနဲ့ 
နမ်းရှုတ်ဖို့ မလိုပါဘူး.".. လို့ လဲစိတ်ထဲကပြောနေမိတယ်...။
သူမ မဖိတ်ခေါ်ပဲ.. သူမဘ၀ထဲကိုသူ့ သဘောနဲ့ သူဝင်လာခဲ့ပြီး.. အခုတော့သူမ
မနှင်ပဲသူ ထွက်သွားခဲ့ပါပြီ...။
သူမသိပ်မြတ်နိုးတဲ့ ရင်ခွင်တစ်ခုဒီနေ့ ကစပြီးသူမနဲ့ မသက်ဆိုင်တော့ဘူး....ဆိုတဲ့ 
အသိ.. အဲ့ဒီအသိတွေကနှိပ်စက်နေခဲ့တာ... အရင်းအနှီးကများနေခဲ့လို့ ဆုံးရှုံးမှုများ
တဲ့ ဒဏ်ကိုသူမ မခံနိုင်တာ ဆန်းတော့မဆန်းပါဘူး..
ထားလိုက်ပါလေ.. ပြီးခဲ့ပါပြီ.. အားလုံးပြီးဆုံးသွားပြီ..အိပ်မက်တစ်ခုဟာအိပ်မက်
တစ်ခုပါပဲလား... အစတည်းကအလွဲတွေနဲ့ ရှေ့ ဆက်ဖို့ မသင့်တော့လို့ အားလုံးအတွက်
အကောင်းဆုံးဖြစ်အောင်တို့ နှစ်ယောက်စောစောစီးစီးလမ်းခွဲတာပဲကောင်းပါတယ်လေ..
နာနာကျင်ကျင်အတွေးတစ်ခုနဲ့ သူမခပ်ထေ့ထေ့လေးပြုံးလိုက်ပြီး.. စိတ်ထဲကလဲ
"ထွက်သွားပြီးပြီဆိုမှတော့ ပြန်မလာချင်ပါနဲ့ တော့..". လို လဲသူ့ ကိုသတိပေးစကား
ဆန်ဆန်ပြောနေမိတယ်....။
ရှင်သိထားဖို့ က.. ယောက်ျားတယောက်လမ်းခွဲစကားအပြောခံရလို့ ကျရှုံးသွား
မယ့်မိန်းမထဲမှာ မေဆိုတဲ့ ကျွန်မ မပါဘူး.. အလေးအနက်မရှိခဲ့လို့ တော့မဟုတ်ဘူး..
အားလုံးထက်ပိုပြီးလေးနက်ခဲ့တယ်.. ဒါပေမယ့် ပေးလိုက်ရတာနဲ့ ပြန်ရတာနဲ့ မညီမျှတဲ့ 
အခါ.. ကျွန်မနှလုံးသားလေးမာကျောသွားခဲ့တာ မဆန်းပါဘူး..
ပြောပြီးတဲ့ စကားကိုလဲ ပြန်မရုတ်သိမ်းချင်နဲ့ တော့.. ကျောခိုင်းပြီးပြီဆိုမှတော့လှည့်
မကြည့်ချင်ပါနဲ့ တော့.. ထွက်သွားပြီဆိုမှတော့ပြန်မလာချင်ပါနဲ့ တော့.... ကိုယ့်သဘောနဲ့ 
ကိုယ်လက်လွှတ်လိုက်တဲ့ အရာတစ်ခုကို နှမြောသလိုနဲ့ မကြည့်ချင်ပါနဲ့ တော့...
တချို့ တချို့ လူတွေလိုပြောတဲ့ စကားနဲ့ အလုပ်နဲ့ မကိုက်တဲ့ မိန်းမတယောက်တော့
မဟုတ်ဘူး.. ပြောရင်ပြောသလိုလုပ်တယ်ဆိုတာ ၆လကျော်ကျော်လောက်တွဲခဲ့တဲ့ ရှင်ပို
သိမှာပါ..စောင့်နေမှာမဟုတ်ဘူးလို့ ပြောပြီး ပြန်လာနိုးနိုးစောင့်နေတဲ့မိန်းမထဲမှာ ကျွန်မ
မပါဘူး.. မတောင့်တတော့ဘူးလို့ ပြောပြီး တောင့်တနေတတ်တဲ့ လူတွေထဲမှာလဲ ကျွန်မ
မပါဘူး.. စွန့် လွှတ်ပြီးမှ နှမြောသလိုစကားဆိုတတ်တဲ့ လူတွေထဲမှာလဲကျွန်မ မပါဘူး...
သနားအောင်မျက်ရည်ခံထိုးတတ်တဲ့ လူတွေထဲမှာလဲ ကျွန်မ မပါဘူး...
မာနကိုကိုးကွယ်တဲ့ မိန်းမတယောက်မဟုတ်ခဲ့ဘူး.. နေရာတိုင်းမှာ မာနမထားတတ်ပေမယ့်
လိုအပ်တဲ့ အချိန်မှာ ကျွန်မကိုယိုင်နဲ့ မသွားအောင်.. လဲကျမသွားအောင်ကယ်တင်ခဲ့တဲ့
ကျွန်မရဲ့ မာနလေးကို အခုချိန်မှာတော့ကျေးဇူးတင်လို့ မဆုံးတာအမှန်ပဲ..
လွမ်းစရာတွေများခဲ့သလို နာစရာတွေလဲ ရှိနေခဲ့လို့ ..ကျွန်မရဲ့ လွမ်းစရာတွေကိုနာစရာနဲ့ 
ဖြေသိမ့်ရင်း.. မကြာတော့တဲ့ နေ့ ရက်လေးတွေမှာ ရှင့်ကိုမေ့သွားနိုင်မှာပါ...။
သနားတဲ့ အကြည့်တွေနဲ့ မကြည့်စမ်းပါနဲ့ .. ရှင်ပတ်သတ်ခဲ့ဖူးတဲ့ ..ရှင်လမ်းခွဲစကားပြောတိုင်း
လဲကျသွားတဲ့ မိန်းမတွေလိုခပ်ညံ့ညံ့မိန်းမတယောက်တော့ မဟုတ်ခဲ့ဘူး...။
ကျွန်မအတွက် နှုတ်ခမ်းဖျားလေးနဲ့ ချစ်တတ်တဲ့ ယောက်ျားတယောက်မလိုဘူး..
နှလုံးသားအစစ်နဲ့ မြတ်မြတ်နိုးနိုးချစ်မယ့်လူတယောက်ပဲလိုတယ်...။
သူနဲ့ ပတ်သတ်ခဲ့တဲ့ အတိတ်ကအကြောင်းတွေကို ဒိုင်ယာရီထဲကစာမျက်နှာပေါင်းများစွာလို
စုတ်ဖြဲပစ်လိုက်ပြီ...။
အရာရာမှာအနိုင်မယူခဲ့သလို အရှုံးလဲ မပေးနိုင်တာ အမှန်ပဲ..
်လမ်းခွဲပြီးထွက်သွားပေမယ့် အရှုံးတွေတပွေ့ တပိုက်နဲ့ တော့ကျွန်မ ကျန်ခဲ့မှာမဟုတ်ဘူး..
ဘယ်အချိန်ပြန်လာမလဲလို့ လဲ မျှော်တလင့်လင့်နဲ့ စောင့်နေမှာလဲမဟုတ်ဘူး..
ပြန်လာအောင်စကားလှလှလေးတွေဆင်ပြီးကဗျာလေးတွေလဲရေးနေမှာမဟုတ်ဘူး...
သူများအစားအစာကိုလဲသားရေကျနေမှာမဟုတ်ဘူး...
သွားစမ်းပါ.. ကျွန်မရဲ့ ကမ္ဘာမှာ သူရှိနေဖို့ လဲမလိုတော့ပါဘူး..
နောင်တစ်ချိန်မှာအလှည့်စားခံရဦးမယ့်သူ့မိန်းကလေးတွေနဲ့ သူ့ အတွက်တွေးပြီး
လေပူတစ်ချက်တော့မှုတ်ထုတ်မိလိုက်တယ်...။
ထားလိုက်ပါလေ.. ကိုယ့်လမ်းကိုယ်ဖေါက်.. ကိုယ့်လမ်းကိုယ်လျှောက်ကြတာအကောင်း
ဆုံးပါ..။
လသာသာညတစ်ညမှာ ဂစ်တာတစ်လက်ရယ်.. သီချင်းတစ်ပုဒ်ရယ်..
ကော်ဖီတစ်ခွက်ရယ်.. ကဗျာတစ်ပုဒ်ရယ်.. ရှိနေရင် ကျန်တာဘာဆိုဘာမှမလိုအပ်တော့ဘူး..
သ်ူဆိုတာလဲကျွန်မအတွက်မလိုအပ်တော့ဘူး...ထွက်သွားလိုက်ပါ...
ဆုတောင်းတိုင်းသာပြည့်ခဲ့မယ်ဆိုရင် နောက်နောင်ဘယ်တော့မှသူ့ လိုအလေးအနက်
မရှိတဲ့ သူနဲ့ မတွေ့ ပါရစေနဲ့ တော့လို့ ကျွန်မရင်ထဲကကျိတ်ပြီးဆုတောင်းလိုက်မိပါတော့တယ်....။
ကျွန်မအကြောင်းတစေ့တစောင်း
မျိုးကျော့မြိုင်လို ကျွန်မနာမည်ချင်းမလေးပါ.. ရန်ကုန်မှာနေပါတယ်လို့ စရမလိုဖြစ်နေပြီ..
တကယ်တော့ကျွန်မအကြောင်းဆိုပေမယ့်..ကျွန်မရဲ့ မကောင်းတဲ့ အကျင့်လေးတွေကို
ပြောပြမှာပါ.. အင်းပေါ့လေ..ကောင်းကြောင်းပြောစရာမှမရှိတာနော်.. :P
ကျွန်မနာမည်က ကင်မ်ကင်မ်ပါ..နာမည်အရှည်ကိုတော့ပြောပြတော့ဘူး..သိချင်
ရင် two body tiger လာမေးကြ.. :P
ကျွန်မဆိုတာ..စကားများများပြောလေ့မရှိတဲ့ ကောင်မလေး...
ခံစားချက်တွေကိုလဲထုတ်ပြောပြလေ့မရှိဘူး..ရင်ထဲမှာပဲအမြဲမျိုသိပ်ထားတတ်တယ်..
ခေါင်းတော့နဲနဲမာတယ်..(မယုံရင်တူနဲ့ လာထုကြည့်) :D
တခါတလေလောကကြီးကိုခပ်စောင်းစောင်းကြည့်တတ်သေးတယ်.. (မြင်ယောင်
ကြည့်ပေါ့..ခေါင်းလေးကိုစောင်းပြီးကြည့်နေတဲ့ ပုံလေး.. ဟိ)
ကျွန်မဘ၀မှာလိုချင်တာတွေကိုလိုချင်တဲ့ အချိန်မှာမရတာများလာတော့ အရွဲ့ တိုက်
တတ်လာခဲ့တယ်.. လောကကြီးကိုအရွဲ့ တိုက်တယ်.. မိဘတွေကိုအရွဲ့ တိုက်တယ်..
ချစ်သူကိုအရွဲ့ တိုက်တယ်.. ကိုယ့်ကိုယ်ကိုတောင်အရွဲ့ တိုက်တတ်သေးတယ်...
တချိန်တုန်းကမိဘရင်ခွင်မှာပဲနေပြီး.. မိဘပြောစကားကိုတသွေမတိမ်းနားထောင်ခဲ့
တဲ့ကျွန်မကိုအရင်ချစ်သူက (အမေ့ရင်ခွင်လို့ )နာမည်ပေးခဲ့ဖူးတယ်...။
လူတွေရဲ့ အမြင်မှာလဲကျွန်မဟာဗိုင်းကောင်းကျောက်ဖိလေးပေါ့..
အသက်တွေကြီးလာလေ.. လိုအပ်ချက်တွေများလေ.. လောကကြီးအကြောင်း
ကိုပိုသိလေ.. ပိုစိတ်ညစ်စရာတွေများလာလေနဲ့ ..
အရင်ကလိမ်မာတဲ့ကျွန်မဟာအခုတော့ဂျစ်ကန်ကန်ကောင်မလေးတယောက်ဖြစ်
လာခဲ့ပြီလေ..
ကျွန်မဘယ်အချိန်ကစပြီးအဲ့လိုခေါင်းမာတတ်လာလဲကျွန်မကိုယ်ကျွန်မတောင်မ
သိဘူး.. မိဘကဒါမလုပ်နဲ့ ဆိုလုပ်တယ်.. မသွားနဲ့ ဆိုသွားဖြစ်အောင်သွားတယ်..
အဲ့လိုခေါင်းမာမာနဲ့ မိဘစကားကိုနားမထောင်ခဲ့လို့ ကျွန်မကိုငယ်ငယ်ကအမေရိုက်ဖူးတယ်
အရမ်းကိုနာနာကျင်ကျင်ခံစားရပေမယ့်ကျွန်မမျက်ရည်တစ်စက်မှမကျခဲ့ဘူး..
ကျွန်မရဲ့ စိတ်တွေတင်းမာနေခဲ့တယ်..ကျွန်မကိုဘယ်လောက်ဆူဆူ ဘယ်လောက်ရိုက်
ရိုက်..ကျွန်မဘယ်တော့မှမျက်ရည်မကျစေရဘူးလို့ ကျွန်မဆုံးဖြတ်ခဲ့တာ...
လူတွေရှေ့ မှာ(ဘယ်သူ့ ရှေ့ မှာမဆို)မျက်ရည်ကျရမှာကျွန်မသိပ်ရှက်တယ်..
အထူးသဖြင့်ကျွန်မနဲ့ တိုက်ရိုက်ပတ်သတ်နေတဲ့သူ(ဥပမာ ကျွန်မချစ်သူကြောင့်ခံစား
နေရတယ်ဆိုရင်တောင်သူ့ ရှေ့ မှာမျက်ရည်မကျစေရဘူး)အဲ့လိုမျိုး..။
အဲ့ဒါကိုမာနလို့ သတ်မှတ်တယ်ဆိုရင်တော့ကျွန်မဟာတော်တော်မာနကြီးတဲ့မိန်းမတ
ယောက်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..။
သယ်ရင်းတယောက်ရှေ့ မှာတော့ကျွန်မရှိုက်ကြီးတငင်ငိုခဲ့ဖူးတယ်..သယ်ရင်းကြောင့်
ငိုတာတော့မဟုတ်ဘူးပေါ့..တခြားတယောက်ကြောင့်...။
ကျွန်မသယ်ရင်းလေးနိုင်ငံခြားသွားမယ့်နေ့ မတိုင်ခင်တစ်ရက်ကသူ့ ကိုနှုတ်ဆက်တဲ့ 
အနေနဲ့ သွားတွေ့ တုန်းကပေါ့..လမ်းတလျှောက်မှာကျွန်မငိုပြီးလာခဲ့တာ..သူ့ ဆီင်္လဲ
ရောက်ရောကျွန်မမျက်ရည်တွေခမ်းသွားရော....။
အဲ့လိုတိုက်ရိုက်ဆက်နွယ်နေတဲ့တယောက်ရှေ့ မှာငိုဖို့ ရန်ဝန်လေးတဲ့ကျွန်မကိုကျွန်မရဲ့ 
ချစ်သူ(အရင်ကချစ်သူ)ကအသည်းမာတဲ့မိန်းမလို့ စွပ်စွဲခဲ့ဖူးတယ်..။
သူ့ ရှေ့ မှာစိတ်ညစ်လိုက်တာ..ငိုချင်တယ်လို့ ပြောမိရင်.. နင်လားငိုမှာ..
နင်ဘယ်တုန်းကငိုဖူးလို့ လဲတဲ့..နင်မျက်ရည်ကျတာငါတစ်ခါမှမမြင်ဖူးဘူးလို့ တောင်ပြော
ဖူးတယ်..(အဲ့ဒါကျွန်မနဲ့ လေးနှစ်ကျော်လောက်တွဲခဲ့တဲ့ချစ်သူနော်)
ကျွန်မဟာမိန်းမတွေထဲကမိန်းမတယောက်ဖြစ်ပေမယ့်မိန်းမ မဆန်တဲ့မိန်းမလဲဖြစ်နေပြန်
တယ်..ကျွန်မအလုပ်ကသယ်ရင်းကပြောတယ်.. မိန်းမကြမ်းကြီးတဲ့..ဟီး..
တခါတလေစိတ်ညစ်လို့ သူတို့ ဆီမှာ စိတ်ညစ်လိုက်တာဆိုပြီးညောင်နာနာအသံလေး
နဲ့ ပြောတိုင်းကျွန်မကို “မကင“်ရာ မိန်းကလေးလိုနေတတ်တာလဲမဟုတ်ပဲနဲ့ နွဲ့ နွဲ့ ပြီးမပြောပါ
နဲ့ တဲ့..ကဲ..ကောင်းရော... :P
အော်..ပြောရဦးမယ်..ကျွန်မတို့ မိသားစုက ငါးယောက်..အဖေအမေအကို၊ကျွန်မရယ်
ညီမလေးရယ်ပေါ့..အားလုံးအသားဖြူကြတယ်..ကျွန်မတယောက်ထဲမဲနေတာ..
အဲ့ဒါကိုအလုပ်ကသယ်ရင်းက မညှာမတာကျွန်မကို “အဖေကတရုတ်၊အမေကတရုတ်
သမီးကျမှဘာလို့ ကုလားဖြစ်သွားတာလဲ“တဲ့..အဟင့်..ငိုရခက်..ရီရခက်နဲ့..
ကျွန်မမှာသယ်ရင်းမရှိဘူး.. စကားနည်းပြီးသီးသန့် ဆန်ဆန်နေတတ်တဲ့ကျွန်မမှာ
သယ်ရင်းမရှိတာဆန်းတော့မဆန်းပါဘူး..ကျွန်မ
လူတွေနဲ့ လဲမနေတတ်ဘူး..တယောက်တည်းနေရတာကိုအရမ်းသဘောကျတယ်..
တခါတလေလွမ်းလွမ်းဆွေးဆွေးပုံစံလေးနဲ့ နေရတာကိုကျွန်မပိုနှစ်သက်နေတတ်တယ်..
မောင်နှမထဲမှာလဲအလတ်ဖြစ်နေခဲ့တဲ့ကျွန်မကိုမိဘတွေကလဲသိပ်မချစ်ဘူးလို့ ခံစားရ
တယ်.. အကြီးကိုအကြီးမို့ ချစ်ကြတယ်..အငယ်ကိုအငယ်မို့ ချစ်ကြတယ်..(အလတ်ကို
အလတ်မို့ ချစ်ကြတယ်ဆိုတာတော့မကြားဖူးဘူး..) အလတ်တွေကလစ်လပ်နေတတ်
တယ်ဆိုတာမျိုးပေါ့..
ငယ်ငယ်တည်းကလူတွေနဲ့ ခပ်ရောရောမနေတတဲ့်ခဲ့တဲ့ကျွန်မကို ဦးလေးတွေအဒေါ်
တွေကလဲကျွန်မရဲ့အကိုနဲ့ ညီမလေးလောက်မချစ်ကြတာဆန်းတော့မဆန်းပါဘူး...။
ဒါပေမယ့်ဆန်းနေတာတခုက လူတွေနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ကျွန်မမှာ
လူတွေနဲ့ အမြဲဆက်ဆံနေရတဲ့ ချစ်သူတယောက်ရှိနေတာနဲနဲတော့ဆန်းနေသလိုလို
ပဲလေ..။
ကျွန်မစိတ်ညစ်တဲ့အချိန်ဆိုရင်အမြဲရီနေတတ်တယ်.. တခုခုပြောပြီးရီစရာမဟုတ်လဲ
ရီနေတတ်တယ်လေ.. ဒါကိုသိနေတဲ့ကျွန်မရဲ့ အရင်ကချစ်သူက
ကျွန်မရီပြီဆိုရင်(ရီစရာမဟုတ်ပဲရီတာကိုပြောတာနော်)စိတ်ညစ်နေတာလားလို့ အမြဲ
မေးတတ်တယ်..ဘာလို့ လဲ..ရီနေတာလေလို့ ပြောရင်..နင်ကစိတ်ညစ်ရင်အမြဲရီနေတာ
ပဲလေတဲ့.. ဟုတ်တယ်..ကျွန်မမှာစိတ်ညစ်စရာတွေရှိလာရင်လူတွေရှေ့ မှာမငိုတတ်တဲ့
ကျွန်မက ဆန့် ကျင်ဖက်အနေနဲ့ အရီအပြုံးနဲ့ စိတ်ညစ်စရာတွေကိုဖေါ်ပြတတ်တဲ့အကျင့်
ဖြစ်လာခဲ့တယ်လေ....။
ကဲကဲ..တော်ပြီ.. ကျွန်မအကြောင်းဒီလောက်နဲ့ ပဲအဆုံးသတ်လိုက်ဦးမယ်..။
တာ့တာ..တီးတီ..တူးတူ.. :P
ဆုံနိုင်ခွင့်
~~~ဘယ်အချိန်ထိကိုယ့်အတွက်ရှိနေမလဲ ~~~မင်းစကားများအထပ်ထပ်ကြားမိဆဲ~~~
ကြယ်စင်ကြွေချိန်မှာတိုင်တည်ပြီးချစ်ခဲ့လဲ ~~~ ပေါင်းစပ်မယ့်အချစ်တို့ နှစ်ယောက်ဆီမှာ~~~
လေထဲမှာလွင့်ပျံလာတဲ့သီချင်းသံနှင့်အတူကျွန်မခေါင်းထဲမှာစဉ်းစားစရာလေးတွေရှိလာခဲ့ပြန်တယ်လေ...
သူနှင့်ကျွန်မကြားမှာအချစ်ဆိုတဲ့အရာတစ်ခုတည်းပဲရှိတယ်...သူ့ အသိုင်းအ၀ိုင်း..ကျွန်မအသိုင်းအ၀ိုင်း
ဘယ်လိုမှပေါင်းစပ်ဖို့ မလွယ်ကူမှန်းသိရက်နဲ့ ကျွန်မသူ့ ကိုချစ်ခဲ့မိတယ်...။
အချစ်ဆိုတဲ့အရာတစ်ခုတည်းနဲ့ ပဲဘ၀တစ်ခုတည်ဆောက်လို့ ရပါ့မလား..
ကျွန်မကကောဘယ်အချိန်ထိများသူ့ နှလုံးသားကိုလွှမ်းမိုးထားနိုင်မလဲ..
အရာရာမှာဆန့် ကျင်ဘက်ဖြစ်နေတဲ့ကျွန်မတို့ နှစ်ယောက်..အချစ်တွေကကော
ဘယ်အချိန်ထိများခိုင်ခံ့နိုင်မှာလဲ...
တွဲလက်တွေမဖြုတ်တမ်းဘ၀ခရီးကိုတလှမ်းချင်းအတူလှမ်းနိုင်ပါ့မလား...
မတူညီတဲ့ဘာသာစကားနဲ့ မတူညီတဲ့ယုံကြည်မှု၊အဲ့လိုမတူညီမှုတွေကြားမှာ
ဘယ်လောက်ကြာကြာများတင်းခံထားနိုင်ကြမှာလဲ...
အဲ့ဒီအရာတွေကိုတွေးမိတိုင်းသူ့ ကိုဆုပ်ကိုင်ထားတဲ့ကျွန်မရဲ့ လက်တွေလျော့ရဲလာခဲ့တယ်..
ကျွန်မရဲ့ အပြုံးတွေမပီပြင်ချင်တော့ဘူး...။
နှလုံးသားလေးကတဆစ်ဆစ်နဲ့ နာကျင်လာခဲ့တယ်...
ယောက်ျားတယောက်ကြောင့်မျက်ရည်ဘယ်တော့မှမကျစေရဘူးလို့ ဟစ်ကြွေးခဲ့တဲ့
ကျွန်မ... မျက်ရည်တွေရေစီးကမ်းပြိုခဲ့ရတယ်...။
သူ့ ဆီတစ်လှမ်းချင်းလှမ်းနေတဲ့ကျွန်မရဲ့ ခြေလှမ်းတွေတုံ့ နှေးလာခဲ့တယ်..။
တစ်နေ့ သူနဲ့ လက်ထပ်ပြီးဘ၀တစ်ခုတည်ဆောက်မယ်လို့ မျှော်လင့်ခဲ့သမျှတွေ
တဖြေးဖြေးနဲ့ အရောင်မှိန်ချင်လာခဲ့တယ်...။
အဲ့ဒီစိတ်နဲ့ ပဲအိပ်ပျက်၊စားပျက်ခဲ့ရပေါင်းမနဲတော့ပြီ..။
၆လတာဆိုတဲ့ကာလတစ်ခုမှာကျွန်မဘယ်နှစ်ကြိမ်လောက်သူ့ ကြောင့်ငိုကြွေးခဲ့ရလဲဆိုတာ
ရေတွက်လို့ တောင်မရနိုင်အောင်ပါပဲ...။
အရာရာကိုလေးလေးနက်နက်တွေးတတ်ခဲ့တဲ့ကျွန်မရင်ဘတ်တစ်ခုမှာဒဏ်ရာတွေဗရပွနဲ့ 
ရှင်သန်မှုတွေဟာလဲအဓိပါယ်မဲ့ချင်သလိုလိုဖြစ်လာခဲ့တယ်..။
ဒီနေ့ မှာမသေချာမှုတွေနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေဟာလဲေ၀၀ါးလာခဲ့တယ်လေ...
ဒီလိုနဲ့ ကျွန်မရဲ့ ကမ္ဘာအကြိမ်ကြိမ်ပြိုလဲခဲ့ရတယ်...ကျွန်မရဲ့ စိတ်တွေယိုင်နဲ့ လာခဲ့ရတယ်..။
မွန်းကျပ်တဲ့အတွေးတွေကြားမှာကျွန်မရဲ့ အသက်ရှူသံတွေဟန်ချက်မညီချင်တော့ဘူး...။
ဘာကြောင့်လဲ... ဘာအတွက်လဲ...
ကံကြမ္မာကိုပဲအပြစ်တင်ရတော့မှာလား..ဒါမှမဟုတ်ချစ်တတ်တဲ့နှလုံးသားလေးကိုပဲ
အပြစ်ပုံချလိုက်ရတော့မလား...ဘာကြောင့်များသူနဲ့ ကျွန်မကြားမှာဘာသာတရားနှင့်လူမျိုးဆိုတဲ့
အရာနှစ်ခုကတံတိုင်းကြီးတစ်ခုလိုခြားထားရတာလဲ...
အဲ့ဒီအတားအဆီးတွေသာမရှိခဲ့ရင်..... ဘယ်လောက်များကောင်းလိမ့်မလဲဆိုတဲ့အတွေးကြောင့်
ကျွန်မရဲ့ မနက်ဖြန်ပေါင်းများစွာမျက်ရည်နဲ့ နိုးထခဲ့ရပေါင်းများခဲ့ပြီပဲ.....။
ညစဉ်ညတိုင်းပေါင်းစပ်ခွင့်ဆိုတဲ့ အရာလေးတစ်ခုကိုမျှော်လင့်ရင်းကြယ်လေးတွေနဲ့ စကားပြော
နေမိတယ်.. ကြယ်တစ်ပွင့်ကြွေတိုင်းသူနဲ့ ပေါင်းစပ်ခွင့်ရပါစေလို့ ဆုတောင်းခဲ့ရတဲ့ ညတွေလဲများခဲ့ပါပြီ..။
ဒီလိုနဲ့ ..ဒီလိုနဲ့ ...
ကျွန်မတို့ နှစ်ယောက်ရဲ့ ပေါင်းစပ်ခွင့်ကိုမျှော်လင့်ရင်းယောင်ဝါးဝါးနဲ့ ကျွန်မရဲ့ မနက်ဖြန်တွေကို
လျှောက်လှမ်းရဦးမယ်.. ချစ်သူ့ လက်ကိုခိုင်မြဲစွာတွဲထားရင်းနဲ့ ပေါ့...........။
အချစ်နောက်ကွယ်...
အရာရာမှာသူ့ အလိုလိုက်
သူ့ အကြိုက်ဆောင်ခဲ့တာတွေဟာ
နောက်ဆုံးတော့အပေါစားအချစ်ဖြစ်ခဲ့ရတယ်
အချစ်ဆိုတဲ့သီအိုရီကြီး
သူနဲ့ ကျမအကြားပြောင်းပြန်လည်ခဲ့ရတယ်.
သူစိတ်ကောက်တိုင်းပြန်ချော့ခဲ့ရတဲ့ ကျွန်မ
သူငြိုငြင်မှာကြောက်နေရတဲ့ကျွန်မ
သူထားခဲ့တိုင်းနေခဲ့ရတဲ့ကျွန်မ
ချစ်သူ...
သိပ်ချစ်လို့ သာအနွံတာခံတာ
ကျွန်မအချစ်ကပေါ့ပျက်ပျက်တော့မဟုတ်ခဲ့ဘူးနော်.
အရာရာမှာအတိုင်းအတာနဲ့ .
သူ့ ဘောင်ကျော်ရင်ပြောင်းပြန်မှ
အတည့်ကိုပြောင်းသွားတတ်တာမို့ ..
ချစ်တတ်လွန်းတဲ့ ကျွန်မ
ရက်စက်တတ်တာကိုတော့
မေ့မထားနဲ့ ပေါ့ချစ်သူရာ......။
အချစ်လို့ မထင်တဲ့ အချစ်
အရာရာဟာပြီးဆုံးသွားပြီလား...
မသေချာမရေရာတဲ့ မေးခွန်းကြီးတစ်ခုကျွန်မခေါင်းထဲ
ဝင်လာမိတယ်...။
အရင်ကသူမရှိလဲဖြစ်တယ်လို့ ထင်နေခဲ့တဲ့ ကျွန်မ
အခုချိန်မှာတော့ သူဟာကျွန်မအတွက်မရှိမဖြစ်လိုအပ်တဲ့ 
လူမှန်းသိသွားတဲ့ အချိန်ဟာ အားလုံးပြီးဆုံးသွားတဲ့ အချိန်များ
ဖြစ်နေပြီလား.....။
သူ့ အကြောင်းတွေးနေရင်းနဲ့ ရင်ဘတ်ကစူးခနဲနာကျင်သွား
တတ်ခဲ့တာ ကျွန်မ သူ့ ကိုသိပ်ချစ်နေလို့ ဆိုတာ
သေချာနေခဲ့ပြီပဲလေ။
ကုန်ခမ်းသွားပြီလို့ ထင်နေခဲ့တဲ့ မျက်ရည်တွေ
ကျွန်မရဲ့ မျက်ခမ်းသားကနေပြန်ပြီးကျလာခဲ့တာတွေကရော
ကျွန်မသူ့ ကိုချစ်တယ်ဆိုတာကိုပြဖို့ သက်သေကောင်းတစ်ခု
ပဲမဟုတ်လား။
ရည်းစားနဲ့ ချစ်သူဆိုတဲ့ အခေါ်အဝေါ်နှစ်ခုကြားမှာခေါင်းရှုပ်ခဲ့
တဲ့ သူနဲ့ ကျွန်မ...
ရည်းစားဆိုတာဘာလဲ..ချစ်သူဆိုတာကကောဘာလဲ...
ကျွန်မကကောသူ့ အတွက်ရည်းစားလား..ချစ်သူလား...
သယ်ရင်းတယောက်ပြောဖူးတယ်..ရည်းစားကိုချစ်သူလို့ ထင်နေ
ကြတဲ့ ကောင်မလေးတွေကတော်တော်သနားဖို့ ကောင်းတယ်တဲ့ ..
ကျွန်မကကောအဲံ့ဒီသနားစရာလူတွေထဲမှာပါမှန်းမသိပါနေခဲ့ပြီလား..
ဘယ်အချိန်ထိများချစ်ခွင့်ရှိနိုင်မလဲ....။
မသေချာမရေရာမှုတွေကြားမှာနေထိုင်ရင်း
တွေးတောနေမိတယ်..
ငါ မ..........ခဲ့ရင်ကောင်းသားလို့ ...။
သူနဲ့ ကျွန်မကြားမှာအချစ်ဆိုတာသတ်ပုံမှားနေခဲ့ပြီလား....။


