Friday 25 January 2013

ပြောပြချင်တယ်...

ဆက်ရန်မရှိတဲ့ ဇာတ်..
ငါ အထပ်ထပ်မမက်ချင်တော့ဖူး...
နွမ်းနေပြီဖြစ်တဲ့ ပန်း..
ခဏခဏ မနမ်းချင်တော့ဘူး..
ကာရံမဲ့ တဲ့ ကဗျာတစ်ပုဒ်
ငါ မကြာခဏထုတ်ထုတ်မကြည့်ချင်တော့ဘူး..
သံဇဉ်မဲ့ တေးသွားတစ်ပုဒ်..
ထုတ်ထုတ်ပြီး မညည်းချင်တော့ဘူး...
ကြိုးလျော့နေတဲ့  ဂစ်တာတစ်လက်..
အဆက်မပြတ် မတီးချင်တော့ဘူး..
ခါးသက်သက်ကော်ဖီတစ်ခွက်..
တရှိုက်မက်မက် မသောက်ချင်တော့ဘူး..
ဝိုးတိုးဝါးတား အိပ်မက်ထဲ..
တ၀ဲလည်လည် မရစ်မူးချင်တော့ဘူး..
စာနာမှုကင်း...
ညှာတာမှု အရှင်းနဲ့ ..
ရက်ရက်စက်စက်ထားပစ်သူ..
ငါ.. မိုးတိုးမတ်တပ် မျှော်ခဲ့ဖူးပေမယ့်..
တစ်ချက်တစ်လေ တောင် စောင်းငဲ့ မကြည့်သူအတွက်..
ငါ့အချစ်တွေ...
ပိုးစိုးပက်စက် အေးခဲသွားပြီဖြစ်ကြောင်း..
ဟက်ဟက်ပက်ပက် ရယ်မောရင်း...
နင့်ကိုပြောပြချင်တယ်....။

(ဒီကဗျာလေးက ကျွန်မ ချင်းမလေးရဲ့ နောက်ဆုံးပို့ စ်တစ်ခုလဲ ဖြစ်လာနိုင်ပါတယ်..
လောလောဆယ် ဘာmood မှမရှိသေးလို့ ရေးထားတဲ့ ကဗျာလေးတွေတောင် အဆုံးမသတ်
နိုင်ဖစ်နေပါတယ်.. ဒါကြောင့် လောလောဆယ် Blogging ကိုနားထားပါတယ်.. သယ်ရင်းများဆီ
လာမလည်နိုင်ခဲ့ရင်လဲ အားလုံးပဲနားလည်ပေးစေချင်ပါတယ်..  :D )