Sunday 22 June 2008

ပြန်လာပါ

ပြန်လာခဲ့မယ်
စောင့်နေပါတဲ့..
စကားလေးတစ်ခွန်းကြောင့်
ကို့ ကိုစောင့်နေခဲ့တာ
ပြန်လာမယ့်ရက်ကို
မျှော်ရလွန်းလို့ 
ပြက်ခဒိန်ကို
ကြည်နူးခြင်းတ၀က်
လွမ်းဆွေးခြင်းတ၀က်နဲ့ 
ကြည့်ခဲ့သူပါ...
အနေဝေးပေမယ့်
သွေးမအေးစေဖို့ 
ရင်ခုန်သံတွေ
ပြန်ပြန်နွေးနေရတယ်လေ..
ကိုရေ....
ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းလောက်
ပြောဖို့ 
အမြန်ဆုံးပြန်လာခဲ့ပါကွယ်...

2 comments:

RePublic said...

ကဲ..တောင်းတဲ့ဆုနဲ့ပြည့်ပါစေဗျာ၊၊

ကိုရင်နော်ခင်လေးငယ် said...

ကို..ရေ.....
လို့ ကဗျာလေးထဲမှာ ခေါ်ထားတာရော
ကဗျာလေးကိုရော..
အရမ်း သဘောကျမိတယ်..