Tuesday 21 October 2008

GoOd bYe(၃ ပတ်စာ :P )

ကျမရင်တွေအရမ်းခုန်နေတယ်...အဲ..ရင်ခုန်တယ်ပြောလို့ တညိုးမထင်
ကြနဲ့ နော်..စာမေးပွဲနီးနေလို့ ရှင့်..ဟီး...
မသေခင်၁၀ရက်ထက်တောင်ပိုကြောက်ရတဲ့...မဖြေခင်၁၀ရက်တောင်
မဟုတ်ဘူးရှင့်....မဖြေခင်၉ရက်..အဲဒါ...
စိတ်တွေကယောင်ချောက်ချားဖြစ်နေတယ်...အခုချိန်လာမမိတ်ဆက်နဲ့ ..
ချင်းမလေးရေ..ကျတော်ကတော့ဘယ်သူ..ကျမကတော့ဘယ်သူဆိုပြီး..
တိဝူး..တိဝူ..သွား...ဒူ့ ကိုမှတိဝူး...(ဘယ်သူမှလဲမမိတ်ဆက်ဖဲနဲ့ နော့..ဟီး :P)
အခုချိန်မှာကိုယ့်ကိုယ်ကိုတောင်မမှတ်မိချင်တော့တာ.......:P :D
ချင်းမလေးဆိုတာခေါင်းအရမ်းမာတဲ့ ကောင်မလေး....လုပ်ချင်တာကိုလာမတားနဲ့ ..
မရဘူး..ရအောင်ကိုလုပ်တယ်..အဲလောက်တောင်ခေါင်းမာတာ(မယုံရင်တူနဲ့လာထုကြည့် :P)
လုပ်ချင်တာလုပ်ရဖို့ ဆိုရင်ဘယ်သူ့ ကိုမှဂရုမစိုက်ဘူး..ကြောက်လဲကြောက်ဘူး..
အဲ..စာ....မေး....ပွဲ.....ဆိုတာကြီးကိုတော့သူသိပ်ကြောက်တယ်...ဟီးဟီး..
သူ့ ကိုချောက်ချင်ရင်စာမေးပွဲနဲ့ ချောက်လိုက်...တုန်နေအောင်ကြောက်တာ.. :P
ဒီလောက်နိဒါန်းပျိုးလာတာကကျမ ၃ပတ်လောက်ဘလော့ဂ်ကိုလာမကြည့်နိုင်ဘူးဆိုတာ
ဘလော့ဂ်ကအကို၊အမ၊မောင်လေး၊ညီမလေးနဲ့ သယ်ရင်းများအားလုံးကအသိပေးလိုက်တာပါ..
ကျမtag ထားတဲ့သူများလဲရေးပေးကြပါဦးနော်..မရေးရသေးသူများ...
ပြန်လာရင်အကြွေးလာတောင်းမှာ.. :D
၃ပတ်လောက်ပျောက်မှာကိုရေးနေလိုက်တာအရှည်ကြီးပဲနော်..ဟီး..သီးခံ..သီးခံ..
အားလုံးကိုဒီနေရာမှနှုတ်ဆက်ခဲ့ပါတယ်....
ခင်မင်လျှက်
ချင်းမချောချောလေး၊
ဂယ်ပြောတာ..ချောလွန်းလို့ ကိုင်လို့ တောင်မရဘူး..(င်္ဆီသုတ်ထားတာ :P)
ကဲပါ..တကယ်နှုတ်ဆက်ခဲ့ပါတယ်နော်..
ပြန်လာတဲ့အခါအားလုံးဆီပြန်လာလည်မယ်နော်..
အားလုံးပဲပျော်ရွှင်စွာနဲ့blogging နိုင်ကြပါစေရှင်.....
တာ့တာ.............။

မျိုသိပ်ချစ်

မျိုသိပ်ချစ်ဟာ သိုဝှက်စွာ
မျက်ဝန်းလေးတွေထဲမှာ ပေါက်ကွဲတတ်တယ်တဲ့
ငါ့မှာတော့ မျက်ဝန်းလေးတွေထဲမှာတောင်
အချစ်ကို မထင်ဟပ်ရဲဘူး
မင်းစိမ်းသွားမှာဆိုလို့ပါ

သီချင်းလေးထဲမှာက
မတွေ့မိအောင် ကွေ့လို့ရှောင်တာက
တွေ့ချင်လွန်းလို့
မချစ်မိအောင်ကြိုးစားတာကလဲ
ချစ်လွန်လွန်းလို့တဲ့။

အဲဒီလိုပါပဲ
အချစ်ကို မဖွင့်ဟမိအောင် မျိုသိပ့်ရတာလည်း
ဖွင့်ဟပြောပြချင်လို့ပါ။
မင်းသာနားထောင်မယ်ဆိုရင်
သိပ်ချစ်တယ်ဆိုတာထက်လေးနက်တဲ့
စကားလုံးတွေပြောပြချင်တယ်။

ကိုသူရိန်မြင့်မိုရ်ပေးပို့ တာပါ...
တင်ဖြစ်အောင်တင်ပေးပါဆိုလို့ (မမျိုသိပ်နိုင်တော့ဘူး တဲ့ :P :P)

Saturday 18 October 2008

ဘာလေးတွေလဲ?????

သူစိမ်းတွေလို

ပြောပြီးသားစကားကို
ပြန်မရုတ်သိမ်းနဲ့ တော့
ခွဲပြီးတဲ့အသည်းကိုလဲ
ပြန်မဆက်ချင်နဲ့ တော့
ထွက်သွားပြီးတဲ့ နောက်တော့
ပြန်မလာချင်နဲ့ တော့
လမ်းမှာတွေ့ တောင်
မိတ်ဆွေသဘောအဖြစ်လေးနဲ့ တောင်
ပြုံးပြနှုတ်ဆက်
မလုပ်ချင်နဲ့ တော့
ခပ်တန်းတန်းနဲ့ 
သူစိမ်းတွေလို
နေကြပါစို့ .........။

Thursday 16 October 2008

အွန်လိုင်းပေါ်ကဇတ်လမ်းလေး

"ကလေး၊ကိုဝန်ခံစရာရှိတယ်..ကိုဒီနေ့ ပဲကောင်မလေးတယောက်ကိုရီးစားစကားပြောခဲ့တယ်.."
"အဖြေရတာနဲ့ ကိုတို့ လက်ထပ်ကြတော့မှာ"..
သူမဘယ်တုန်းကမှမမျှော်လင့်ခဲ့တဲ့ စကားကိုကိုပြောနေပြီ..သူမနာကျင်စွာနားထောင်နေရပြီ.
ကို့ ကို့ ဆီကသူမကြားနေကျစကားက"ကလေးကိုကိုကိုသိပ်ချစ်တယ်..အရမ်းလွမ်းနေပြီကလေးလေး
ရယ်ဆိုတာတွေပါ.. "
ကိုကိုဟာစာရေးဆရာပီပီချစ်တဲ့ စကားလေးတွေကိုတနေ့ တမျိုးမရိုး၇အောင်သူမကိုပြောနေကျပါ.
ကိုကို့ ရဲ့ အပြောကောင်းမှု၊ကဗျာဆန်မှုလေးတွေကြောင့်ပဲသူမကိုကို့ ကိုစိတ်ဝင်စားခဲ့တာမဟုတ်လား.
သူမဆိုတာငယ်ငယ်လေးတည်းကအချစ်သတ်လာသူပီပီသူမကိုပထမဆု့းချစ်တယ်လို့ ပြောခဲ့တဲ့ ကိုကို့ ကို
သူမမငြင်းဆန်နိုင်ခဲ့ဘူး.....
သူမနဲ့ မင်းသူတို့ ဟာအပြင်မှာမတွေ့ ဖူးကြပေမယ့်အွန်လိုင်းကနေသိခဲ့ကြပြီးရီးစားတွေလိုပြောဆိုဆက်ဆံ
ကြသူတွေပါ....မင်းသူဟာကဗျာဆန်ပြီးအရမ်းစိတ်ကူးယဉ်တတ်တဲ့ သူတယောက်ပေါ့....မင်းသူနဲ့ သူမတို့ 
စကားပြောဖြစ်တိုင်းသူမဆီကိုလာခဲ့မည်ဖြစ်ကြောင်း၊သူမနဲ့ သွားမည့် နေရာလေးတွေပြောမည့်စကားလေးတွေ
ကိုပြောနေကျ........
"ကိုကိုကလေးဆီလာခဲ့မယ်၊ကိုတို့ ရုပ်ရှင်သွားကြည့်ကြမယ်၊ပြီးရင်ကန်ဘောင်သွားမယ်..ကလေးကိုဓါတ်ပုံရိုက်ပေး
မယ်လေ.."
"ပြီးရင်အဲဒီကအပြန်ကိုကို့ အိမ်ကိုခေါ်သွားမယ်..ကို့ မေမေနဲ့ ပေးတွေ့ မယ်လေ..ကလေးကို."
အဲလိုစကားလေးတွေကြောင့်ပဲသူမရင်ထဲတဖြေးဖြေးနဲ့ နေရာယူလာခဲ့တယ်ဆိုပါတော့.....
သူမဟာချစ်သူခင်သူနဲတဲ့အလျောက်မင်းသူကသူမကိုချစ်သည်ဆိုတာကိုလဲမယုံရဲခဲ့ပေ..သို့ သော်
အချိန်တွေကြာလာသည်နဲ့ အမျှသူမနှလုံးသားကိုမနှိပ်စက်ဝံ့တော့ပဲမျက်စိစုံမှိတ်ပြီးယုံခဲ့တော့သည်။
အဲဒီအချိန်ရောက်မှမင်းသူပြောလိုက်သည့်စကား.....
"သူမနားကြားမှားနေတာများလား၊ဟင့်အင်း..မဟုတ်ဘူး..ဒါကိုကိုစိတ်ပါပါနဲ့ ပြောခဲ့တာပါ၊"
တဒင်္ဂအတွင်းမိုးကြိုးပစ်ခံရသလိုသူမတောင့်တောင့်ကြီးဖြစ်သွားခဲ့သည်။သူမနားကိုသူမမယုံနိုင်ပါ.
သူမမသိလိုက်ခင်မှာပဲမျက်ဝန်းမှမျက်ရည်များအတားအဆီးမဲ့စီးဆင်းလာခဲ့သည်။သူမတချက်ရှိုက်လိုက်ရင်း
နာကျင်စွာပြုံးလျှက်.
"ဟုတ်လား...ကိုသူပျော်ရွှင်ပါစေလို့ သူမဆုတောင်းပေးလိုက်ပါတယ်.."
သူမစိတ်ထဲပြောနေမိတာကတော့
"ကိုကိုသိပ်ရက်စက်တယ်၊သူမကိုအချိန်ပေးသင့်တယ်..သူမပြင်ဆင်ချိန်မ၇လိုက်ခင်မှာပဲကိုကိုဟာသူမကိုပစ်ပြီး
တခြားတယောက်ဆီသွားရက်တယ်နော်."လို့ ပဲတဖွဖွပြောနေမိသည်။
မင်းသူဟာသူမထက်အသက်ပိုကြီးတာရယ်၊လူကြီးဆန်မှုတွေကြောင့်သူမဟာမင်းသူကိုလေးစားကြောက်ခဲ့သည်၊
မင်းသူ့ စကားကိုသူမမလွန်ဆန်ဝံ့ပေ။သူမဘ၀ဟာသုညသက်သက်သာဖြစ်ပြီးသူမဘ၀ထဲကိုမင်းသူဆိုတဲ့ ယောက်ျား
တယောက်ဝင်လာခဲ့ချိန်မှစပြီးအဓိပါယ်ရှိလာခဲ့သည်။အခုတော့သူမဘ၀ထဲကမင်းသူထွက်သွားခဲ့ပြီ..သူမဘ၀လဲ
မူရင်းသုညဘ၀သို့ ပြန်ရောက်သွားပြီဖြစ်သည်။
ဒီလိုနဲ့ မင်းသူနဲ့ သူမတို့ ဆုံဖြစ်ပေမယ့်စကားသိပ်မပြောဖြစ်တော့ပေ၊သူမလဲမေ့ပျောက်နိုင်အောင်ကြိုးစားခဲ့တာ
အခုဆိုသူမမင်းသူမရှိလဲနေနိုင်သွားပြီ.။
တစ်ရာက်မှာတော့မင်းသူကစကားစလာခဲ့သည်.။
"ကလေး၊ကိုရန်ကုန်ကိုလာခဲ့မယ်၊ကလေးနဲ့ လာတွေ့ မယ်၊ကို့ ကိုကလေးထွက်တွေ့ ရမယ်နော်"
သူမအရမ်းအံ့သြခဲ့ရသည်။သူမမေ့မေ့ပျောက်ပျောက်ဖြစ်နေသောကိုကိုကသူမကိုတွေ့ ချင်သည်တဲ့ လေ....
"သူမကိုဘာကိတ်စနဲ့ လာတွေ့ မှာလဲ"
"ကိုကလေးကိုပြောစရာတွေရှိတယ်၊ကို ယ့်မှာအရှုံးတွေကြီးပါကလေးရယ်....ကို့ ကodoိုနားလည်ပေးပါ."
"ကိုသူ့ ကိုသူမဘာတွေနားလည်ပေးရဦးမှာလဲ..သူမလာမတွေ့ ချင်ဘူး..ဘယ်သူနဲ့ မှမတွေ့ တော့ဘူးလို့ 
ဆုံးဖြတ်လိုက်ပြီ..သူမကိုခွင့်လွတ်ပါ.."
"ကလေးလာတွေ့ ရမယ်..."
"ကိုသူဟိုတယောက်နဲ့ အဆင်ပြေလား"
"ပြေပါတယ်ကလေးရယ်"
"ဟုတ်၊အဲလိုပဲကြားချင်ခဲ့တာပါကိုသူပျော်ရွှင်ပါစေနော်..."
"ကိုနားလည်ပါတယ်ကလေးရယ်၊ဒါပေမယ့်ကို့ ကိုလာတွေ့ ရမယ်နော်..တွေ့ ကိုတွေ့ ရမယ်.."
"ကိုသူ၊သူမကိုအဲလိုအနိုင်မကျင့်ပါနဲ့ ..သူမမတွေ့ ချင်ဘူး.."
သူမရင်ထဲမခံချင်စိတ်တွေထောင်းခနဲပေးလာသည်။တချိန်တုန်းကသူမရင်ထဲမှာနေရာယူခဲ့တဲ့ ကိုကို၊
သူမကိုအနိုင်ယူခဲ့တဲ့ ကိုကို၊အခုသက်ဆိုင်မှုမရှိတော့တာတောင်အနိုင်ယူချင်နေတုန်းပဲလား..
ပြီးတော့သူမနားမလည်တာကဘာလို့ သူမကိုတွေ့ ချင်နေရသလဲ၊ပြောစရာရှိတယ်ဆိုတာဘာပြောမလို့ လဲ
သူမသွားတွေ့ သင့်သလာူး၊မတွေ့ ပဲနေရင်ကောင်းမလား..သူမရင်ထဲမေးခွန်းတွေနဲ့ ပြည့်နှက်နေသည်။
ကိုကိုဟာသူမဘ၀ထဲကိုခွင့်ပြုချက်မတောင်းပဲဝင်လာခဲ့သည်၊သူမ၏ခံစားချက်ကိုမငဲ့ကွက်ဘဲသူမဘ၀ထဲက
ထွက်သွားခဲ့သည်၊အခုလဲသူ့ သဘောတိုင်းပဲသူမကိုလာတွေ့ ဦးမည်၊
သူမမြှုပ်နှံခဲ့တဲ့ နှလုံးသား၊နာကျင်မှုတွေကိုဘာကြောင့်များတူးဆွချင်နေရသလဲ၊သူ့ အလိုအတိုင်းလုပ်လို့ ရ
သည့်အရုပ်တရုပ်လိုများသူမကိုသဘောထားနေခဲ့တာလား..
ကိုကိုမသိလိုက်တာကတော့သူမဟာမင်းသူနဲ့ ချစ်နေတုန်းကလိုနူးညံ့သိမ်မွေ့ သည့် ကောင်မလေးတယောက်
မဟုတ်တော့ဘူးဆိုတာပဲ...ဒဏ်ရာရနေတဲ့ ကျားနာတကောင်လိုသူမဖြစ်နေခဲ့ပြီလေ...သူမအသဲမာနေခဲ့ပြီ...
သေချာတာကတော့သူမမင်းသူကိုမချစ်တော့သလိုသူမမှာအချစ်ဆိုတာလဲမရှိတော့ဘူးဆိုတာပါပဲ....
သူမကိုကို့ ကိုမချစ်တော့ပေမယ့်မုန်းတော့မမုန်းပါဘူး....
အဲလိုအတင်းအကျပ်မလုပ်ပါနဲ့ ..သူမမုန်းမိလိမ့်မယ်....သူမမမုန်းချင်ပါဘူး...
သူမတကိုယ်ထဲရေရွတ်နေမိတာတွေပါ...........။

ဘာရယ်မဟုတ်ပါဘူး..မရေးဖူးလို့ ရေးကြည့်တာ..ဟီးဟီး..ပထမဆုံးရေးတဲ့ ဇာတ်လမ်းတိုလေးပေါ့..
ဆုံးအောင်ဖတ်ပေးကြပါနော်..နော်.. :P :P

Sunday 12 October 2008

ချင်းမလေးပြောတဲ့ အချစ်ဆိုသည်မှာ

အခုတလောတောင်ပေါ်သားပြောသလိုပါပဲ..တက်တဲ့ ရာသီလို့ တောင်ပြောလို့ 
ရတယ်..တယောက်ပြီးတယောက်တက်ဂ်နေကြတာ...ပျော်ဖို့ တော့ကောင်းပါတယ်..
အခုတခကြယ်ဇင်သွေးနဲ့ တောင်ပေါ်သားနှင့်မက်မက်ကလေးကတက်ဂ်လိုက်ပြန်ပါပြီ...
အခုတော့အရင်ကလိုမဟုတ်ဘူး..သူတို့ တက်ဂ်ကြတာက"အချစ်ဆိုသည်မှာ"တဲ့ လေ...
အရမ်းချစ်တတ်တဲ့ ကျမကိုမှလာတက်ဂ်တယ်ဆိုတော့လဲ...ဟီး..ရေးပေးရသေးတာပေါ့...
အချစ်ကိုအနက်အဓိပါယ်အရ၃မျိုးခွဲထားတယ်ကွဲ့ ....
အုန်းခြစ်...ရေခဲခြစ်....ကြောင်ခြစ်...ဆိုပြီးပေါ့...ဟီး...
ဘယ်ရောက်ကုန်ပြီလဲမသိတော့ပါဘူး....နောက်တာပါ....အတည်ပြောမယ်နော်...
အချစ်ဆိုတာ.......အင်း...အချစ်ဆိုတာဆိုတာထက်ကျမတွေ့ ဖူးတဲ့ အချစ်ဆိုတာ
ကပူလောင်လိုက်...အေးမြလိုက်....နွေးထွေးလိုက်....
ကြုံတုန်းပြောပြရဦးမယ်..ကျမမှာသိပ်ချစ်ခဲ့ရတဲ့ လူတယောက်ရှိခဲ့ဖူးတယ်....
သူ့ ကိုကျမအရမ်းချစ်ခဲ့တယ်...သူဘာလုပ်လုပ်သူ့ ကိုအဆိုးမမြင်တော့ဘူး..
အဲဒီတော့အချစ်ဆိုတာ" Love is blind" ပေါ့လေ....
မျက်စိမှိတ်ပြီးတော့ကိုချစ်ခဲ့တာ......သူကျမအပေါ်ပြန်မကောင်းခဲ့ပါဘူး..
သူ့ ကြောင့်ကျမငိုခဲ့ရတယ်....ပျော်ခဲ့ရတယ်...
ရင်ခုန်ကြည်နူးခဲ့ရတယ်....ပူဆွေးသောကရောက်ခဲ့ရတယ်...
အချစ်ဆိုတာဒီရေနဲ့ လဲတူတယ်..အတက်အကျရှိတယ်..
ဘယ်လောက်ပဲချစ်ချစ်အချိန်တိုင်းတော့ချစ်မနေနိုင်ဘူး...
တချိန်ချိန်မှာကျနိုင်သလိုပြန်ပြီးလဲတက်လာနိုင်တယ်...
အနေနီးခြင်းဝေးခြင်းနဲ့ လဲဆိုင်မယ်လို့ ထင်တယ်..ဘယ်လောက်ချစ်ချစ်
ဝေးနေရင်တော့အလိုလိုသွေးအေးသွားနိုင်ဖွယ်ရှိတယ်...
အဆင်ပြေရင်ပျော်လိုက်...အဆင်မပြေရင်ငိုလိုက်နဲ့ ..အချစ်ဆိုတဲ့အရာကကျမကို
အရမ်းအနိုင်ယူခဲ့တယ်ဆိုပါတော့လေ...
ကျမကအချစ်အပေါ်မှာအရမ်းကိုရူးသွပ်ခဲ့တာ....အမှန်အတိုင်းဝန်ခံရရင်ကျမအခုထိ
အချစ်ရဲ့ အဓိပါယ်မှန်ကိုမသိသေးပါဘူး...ဒါပေမယ့်ကျမသူ့ အပေါ်ထားတဲ့ အချစ်ဟာ
အစပိုင်းကတော့ရယူပိုင်ဆိုင်လိုခြင်းရမက်ကြီးတဲ့ အချစ်ဖြစ်ခဲ့တယ်...
နောက်ပိုင်းကျတော့လဲသူ့ ဆီကဘာမှမရလဲဘာမှမဖြစ်ဘူး...သူ့ ကိုချစ်နေရရင်ကျေနပ်
ပြီဆိုတဲ့ ပေးဆပ်ခြင်းနဲ့ ပဲချစ်ခဲ့မိပါတော့တယ်.....
ဒါနဲ့စကားမစပ်..မေတ္တာဆိုတာရောင်ပြန်ရှိတယ်..အသွားနဲ့ အပြန်ရှိတယ်လို့ ပြောကြပေမယ့်
ဘာလို့ များအချစ်ဆိုတဲ့ ၁၅၀၀ကတော့အသွားနဲ့ အပြန်မရှိရတာလဲနော်..အဲဒါလေး
အဟင့်အဟင့်.... :P နောက်တာပါ..ဟီးဟီး..
သူတို့ ပြောတဲ့ အချစ်ဆိုသည်မှာနဲ့ ကျမရေးလိုက်တဲ့ အချစ်ဆိုသည်မှာကတူမတူုတော့
မသိဘူး..ရေးတတ်သလိုရေးလိုက်တယ်...
ကဲ....ကြယ်ဇင်သွေးနဲတောင်ပေါ်သားနှင့်မက်မက်ကလေးတို့ ရေ..ကျေနပ်တော့နော်....
ဒီလောက်ပဲရေးတတ်တယ်...ရေးခိုင်းတာနဲ့ တို့ ရေးလိုက်တာနဲ့ မတိုက်ဆိုင်ရင်တော့
မရရအောင်တိုက်ဆိုင်အောင်ပြင်ဖတ်လိုက်ကြနော်....ဟီး.. :P :P
ကဲ..တက်ဂ်ဦးမယ်...ဟီး
လာထား....
အတွေးအရေးကောင်းတဲ့ republic
အချစ်ကိုလက်တွေ့ အသုံးချနေပြီဖြစ်တဲ့ မအိ( ဟီးဟီး :P)
ကျမကိုလာလာတက်ဂ်တဲ့အိမ်ကိုဂလဲ့စားပြန်ချေလိုက်ပြီ..ရေးတော့အိမ်ရေ...
ညမီးအိမ်
ကဗျာဆရာအဇ္ဈတ္တပြခန်း
ကရင်ကောင်လေးအဲလာ
ငွန်ငယ်မိုး
အမုန်းကိုအရမ်းကြောက်တယ်ဆိုတဲ့ ကိုလင်းလက်( :P :P )
ကိုzeRoTraSh
နွေသူရ
ရေးပေးကြပါနော်...မရေးပေးရင်ကို့ ကို ကိုသတ်သေလိုက်မှာနော်..ဟီး.. :P :P

Thursday 9 October 2008

ဖြစ်သလိုစားခြင်း

ဟိုနေ့ ကအိမ်ကတက်ဂ်ထားတာမအားတာနဲ့ တနင်္ဂနွေနေ့ မှရေးပေးမယ်ဆိုပြီး
နေလိုက်တာ..ဒီနေ့ ကျတော့စာကျက်နေရင်းဦးနှောက်ဆေးလိုက်ဦးမယ်ဆိုပြီး
ဘလော့ဂ်ကိုလာကြည့်လိုက်တောမအိကပါတက်ဂ်တယ်
လို့ လာပြောသွားတာနဲ့ ..အင်းလေ..မထူးတော့ပါဘူးဆိုပြီးရေးပေးလိုက်ပါတယ်..
ဘာတဲ့ ခေါင်းစဉ်ကဖြစ်သလိုစားခြင်းတဲ့ ..
ဒါကတော့ကျမအတွက်အထွေအထူးစဉ်းစားစရာမလိုတော့ပါဘူုး..
ဘာလို့ လဲဆိုတော့ကျမကအမြဲဖြစ်သလိုစားတတ်လို့ ပဲလေ..
ဟင်းဆိုလဲအသားငယ်ငယ်တည်းကမကြိုက်တတ်တာ..ယုံကြလား..ဟီး..ဂယ်ပြောနေတာနော်.
အသားဟင်းထက်လက်ဖက်သုတ်လေးနဲ့ ..စားလိုက်ရရင်ဗိုက်ပိုဝတတ်တဲ့ ကောင်မလေး...
လက်ဖက်သုတ်ကြိုက်တတ်လွန်းတဲ့ ကျမကိုအဖွားကနာမည်ပေးထားတာ cing zam သုတ်တဲ့ လေ..
ဟီးဟီး.. :P :P
ကျမကကျောင်းတက်နေရတုန်းဆိုတော့..မနက်စောစောသွားရတယ်လေ...မနက်ဆိုပျင်းလို့ ဘာမှကို
မစားဖြစ်တာ...လက်ဖက်ရည်တောင်ကို့ ဟာကိုဆိုမဖျော်တော့ဘူး..မုန့် ရှိရင်မုန့် ပဲစားသွားတာ...
တခါတလေအမေကထလာပြီးဖျော်တိုက်မှသောက်ဖြစ်တယ်...
ညနေကအပြန်ကျတော့လဲအဲလိုပဲ..အရင်ကဆိုထမင်းကျန်လေးကိုလက်ဖက်သုတ်ဝယ်ပြီး
စားဖြစ်တယ်...နောက်ပိုင်းတော့ခေါက်ဆွဲထုပ်လေးတွေဝယ်ပြီးစားဖြစ်တယ်..အခုနောက်ပိုင်း
မှပေါ်လာတဲ့ အုန်းနို့ ခေါက်ဆွဲထုပ်ကအရမ်းကောင်းတာ..မယုံရင်စားကြည့်... :P
ဒါကကျောင်းတက်တဲ့ နေ့ တွေပါ..ပိတ်ရက်တနင်္ဂနွေနေ့ ဆိုရင်တော့မနက်ကလက်ဖက်ရည်နဲ့ 
အီကြာကွေးစားပြီးဘုရားကျောင်းသွားလိုက်တာ...မနက်စာတောင်ပြန်မစားဖြစ်ဘူး..
အိမ်ပြန်ရင်အပြင်ပြန်ထွက်လို့ မရတော့လို့ ..ဟီး..ပြောရင်းနဲ့ ကို့ မကောင်းကြောင်းတွေပေါ်လာပြီ..
တနေ့ လုံးအပြင်မှာလျှောက်လည်နေတာ..မိုးချုပ်မှပြန်ရောက်တယ်..အဲဒီတော့မှအိမ်ကချက်ထားတာ
ကိုဘာဟင်းပဲချက်ချက်ပါ..အငမ်းမရ..မနက်စာကောညစာကောပေါင်းပြီးနှစ်နှပ်စာဝါးတီးဆွဲတော့တာ
ဗိုက်ကိုတင်းရောပဲ... :P :P
ကဲေ၇းလို ပြီးပါပြီ...မအိနဲ့ အိမ်တို့ ရေ..
ကဲပါ..တို့ လဲတက်ဂ်ချင်တယ်..တက်ဂ်လိုက်ဦးမယ်...ဒူ့ ကိုတက်ဂ်ရင်ကောင်းမလဲ...
ဟောတွေ့ ပါပြီ..များများမတက်ဂ်ပါဘူး....
ညမီးအိမ်
ကျော်လင်းထွန်း
အကိုidulize
အဇ္ဈတ္တပြခန်း
အညာသားလေး
ကောင်မလေး
နံနက်ခင်းကဗျာ
ကိုစော
ကဲရေးကြပေတော့..ရေးဖြစ်အောင်ရေးပေးကြနော်..မရေးပေးရင်ချိတ်ချိုးမှာနော်...