Sunday 29 June 2008

အရိပ်

ငါ့နှလုံးသားတချက်ခုန်လိုက်တိုင်း
နင့်ကိုချစ်တဲ့အချစ်တွေ
တိုးတိုးလို့ လာတယ်...
သိပ်ချစ်တယ်...ချစ်သူရယ်...
ဘယ်ဘ၀ကရေစက်
ဒီဘ၀မှာလာဆုံရ
အသည်းနှင့်အောင်ချစ်ခဲ့သမျှ
ရေစုန်မှာမမျောပါရစေနဲ့ 
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိသတဲ့
နယူတန်ရဲ့ သီအိုရီ
နင်နဲ့ ငါ့အကြား
လွဲမှားခဲ့ရပြီပေါ့..
ဖြစ်နိုင်ရင်လေ
နင့်ရဲ့ အရိပ်လေးအဖြစ်
နင်သွားရာနောက်
တကောက်ကောက်လိုက်လို့ 
နင့်အနားအမြဲရှိနေချင်တယ်
ချစ်ရသူလေးရယ်...

လက်တွေ့ ဆန်ချင်ပြီ

မပေးနိုင်တာကို
တောင်းမိပြီ
မဖြစ်နိုင်တာကို
စိတ်ကူးယဉ်မိပြီ
မလုပ်သင့်တာကို
လုပ်မိတဲ့ကျမ
ဝေဒနာတွေကလွဲပြီး
ဘာတွေများရနိုင်ဦးမှာလဲ
ဒါကြောင့်
နာကျုင်ခြင်းတွေရင်ဝယ်ပိုက်လို့ 
လက်ရှိဘ၀မှာ
ဖြစ်သင့်တာကိုပဲလုပ်တော့မယ်....

Friday 27 June 2008

မချစ်တတ်ချင်ဘူး

ကျမလူတွေကိုလွယ်လွယ်နဲ့ မချစ်တတ်ဘူး...ချစ်မိရင်လဲအသေအလဲချစ်တတ်တယ်..
ကျမကပဲကံဆိုးနေတာလားမသိဘူး...ငယ်ငယ်တည်းကချစ်တဲ့လူတွေရဲ့ အချစ်ကိုမ
ရခဲ့ဘူး...၅၂၈နော်...အဲဒီအတွက်ကျမမျက်ရည်ကျခဲ့ရတယ်...ငိုခဲ့ရပေါင်းများလှပေါ့...
ကျမဟာအရမ်းကိုအစွဲအလန်းကြီးတဲ့ကောင်မလေးတစ်ယောက်ပေါ့...ဒါကိုသိနေတဲ့
အကိုတယောက်ကပြောတယ်...ညီမသိပ်မချစ်နဲ့ တဲ့...အရာရာကိုသိပ်ဆုတ်ကိုင်မထားပါ
နဲ့ တဲ့လေ....
အစွဲအလန်းလဲသိပ်မကြီးပါနဲ့ တဲ့...အဲဒီအချိန်ကစလို့ ကျမဟာလူတွေကိုမချစ်တော့တာတော့မဟုတ်ဘူး...သိပ်မစွဲလန်းတတ်တော့တာ...
သူ့ ကို ကျေးဇူးတင်လို့ မဆုံးဘူးပေါ့ရှင်...
ဒါပေမယ့်သူ့ ကို တော့ကျမမေ့ပစ်ဖို့ ခက်နေတုန်းပဲ...ဒါကိုတော့ကျမကြိုးစားရဦးမယ်
ထင်တယ်...

Thursday 26 June 2008

နှုတ်ဆက်ခဲ့တယ်

ရထားကြီးထွက်ခွာလာပါပြီ...ကျမမသိတဲ့ဟိုးအဝေးဆုံးတနေရာကိုပေါ့..ကျမနှလုံးသားတော့
ရထားကြီးနဲ့ အတူပါမလာခဲ့ပါဘူး...ကျမမောင်နဲ့ အဝေးဆုံးတနေရာကိုဦးတည်ပြီးသွားနေပြီ
ဆိုတာသိလိုက်ချိန်မှာကျမမျက်ရည်ကျမိတယ်..
ကျမနဲ့ မောင်ချစ်ခဲ့ကြတဲ့နောက်ပိုင်းမှာမောင့်ဆီကံမကောင်းခြင်းတွေဆက်တိုက်ဆိုသလိုဝင်
လာခဲ့တယ်လေ..လုပ်ငန်းမှာလဲအဆင်မပြေဖြစ်ခဲ့ရတယ်...
မောင်ကတော့ဒါဟာကေ့ကြောင့်မဟုတ်ပါဘူးလို့ နှစ်သိမ့်ခဲ့ပေမယ့်ကျမသိနေတယ်လေ..
ဒါကျမကြောင့်ဆိုတာ...ကျမဟာမောင့်အတွက်ကံကောင်းခြင်းတွေမသယ်ဆောင်နိုင်ရင်တောင်
ကံဆိုးခြင်းတွေမပေးခဲ့ပါရစေနဲ့ ..
ကျမရဲ့ ထွက်ခွါသွားခြင်းဟာမောင့်အတွက်အကောင်းဆုံးခြစ်မယ်ထင်လို့ ကျမမောင့်အနားက
ထွက်ခွါခဲ့ပြီလေ...ကျမကြောင့်ကျမချစ်တဲ့မောင်တယောက်မရှုံးနိမ့်စေရဘူး...
ကျမမောင့်ကိုသိပ်ချစ်လို့ လုပ်လိုက်ရတဲ့ဆုံးဖြတ်ချက်ပါ...ကျမကိုအပြစ်မတင်ပါနဲ့ နော်...
မောင်ရေ...နေရစ်တော့ကွယ်...သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်...

Monday 23 June 2008

အချစ်ဆိုတာ

တစ်ခုခုကိုမှီတွယ်ပြီး
ပေါက်ဖွားလာတဲ့အရာဆိုရင်
အဲဒါ...
အချစ်မဟုတ်ဘူး..
အချစ်ဆိုတာ
မြေမထိ...ပန်း
စကြာဝဠာထု၏....နန်းတော်
စိတ်ထဲက....တောင်ထွတ်
အိမ်မက်တို့ ၏....ပြတင်းပေါက်
တိမ်တိုက်တို့ ၏....သက်တန့် ရောင်စုံ။
အချစ်ဆိုတာ..
ဘာကိုမှမှီတွယ်မထားပါဘူး
နှလုံးသားကိုသာမှီတွယ်ပြီး..
ကဘာလောကတစ်ခွင်လုံးကို
ဖုံးလွှမ်းအုပ်ချုပ်ထားတဲ့
ဘ၀တို့ ၏ဧကရာဇ်..
သစ်စာတရား၏တမန်တော်..
မှီတွယ်ရာနှလုံးသားကို
လှိုက်စားတတ်သည့်
နွယ်ပင်တစ်မျိုး.....။

ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်။

လာလည်သူအပေါင်းစားသွားကြပါ..

အိမ်ရှင်မရှိပေမယ့်စားသွးကြပါ

Sunday 22 June 2008

ပြန်လာပါ

ပြန်လာခဲ့မယ်
စောင့်နေပါတဲ့..
စကားလေးတစ်ခွန်းကြောင့်
ကို့ ကိုစောင့်နေခဲ့တာ
ပြန်လာမယ့်ရက်ကို
မျှော်ရလွန်းလို့ 
ပြက်ခဒိန်ကို
ကြည်နူးခြင်းတ၀က်
လွမ်းဆွေးခြင်းတ၀က်နဲ့ 
ကြည့်ခဲ့သူပါ...
အနေဝေးပေမယ့်
သွေးမအေးစေဖို့ 
ရင်ခုန်သံတွေ
ပြန်ပြန်နွေးနေရတယ်လေ..
ကိုရေ....
ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းလောက်
ပြောဖို့ 
အမြန်ဆုံးပြန်လာခဲ့ပါကွယ်...

ဆေးဝါးကျောင်းတော်ကြီးနဲ့ ဆေးဝါးကျောင်းသူများ

ကျမဆယ်တန်းအမှတ်စာရင်းထွက်တဲ့အချိန်မှာဆေးကျောင်းတက်ခွင့်မရတော့မှန်းကျမသိလိုက်ရတယ်..ကျမအမှတ်ကဆေးကိုလဲ
မ၀င်ပဲသူနာပြုအတွက်လဲများနေတော့ဆေးဝါးကျွမ်းကျင်ကိုရွေးဖြစ်ခဲ့တယ်...ဆေးနဲ့ ပတ်သတ်တာကိုဝါသနာပါခဲ့လို့ ပေါ့...
ကျမကျောင်းကိုစစရောက်ခြင်းစိတ်ဓါတ်ကျသွားတယ်..ကျောင်းကအရမ်းဝေးတဲ့မြောက်ဥကလာ...ဝေဘာဂီမှာရှိနေခဲ့လို့ လေ..
ကျောင်းကြီးကဆောက်လို့ မပြီးသေးတော့တ၀က်တပျက်နဲ့ ခြံစည်းရိုးမရှိပဲဘေားပတ်ဝန်းကျင်ကလဲမြက်ခင်းပြင်ပဲရှိနေခဲ့တာပေါ့...
သီအေတာကလဲနှစ်ဆောင်ပဲရှိပြီးစာသင်ဆောင်ကတော့လေးခန်း၊လက်တွေ့ ခန်းကခြောက်ခန်း၊စသဖြင့်အခန်းတွေအခန်းတွေနဲ့ 
ဖွဲ့ စည်းထားတယ်..
ကန်တင်းဆိုလို့ ရှားရှားပါးပါးနှစ်ခုပဲရှိရှိတယ်..တခုကရေပေါ်ကန်တင်း..နောက်တခုကတဲပုတ်ကန်တင်း...ကျမတို့ ဆေးဝါးကျောင်းသူတွေ
နာမည်ပေးခဲ့ကြတာပါ...ရေပေါ်ကန်တင်းကခြေတိုင်ရှည်သစ်သားအိမ်လေးပါ..မိုးရွာတဲ့အခါအောက်မှာရေတွေအိုင်နေတတ်လို့ ရေပေါ်ကန်
တင်းလို့ ခေါ်ခြင်းဖြစ်တယ်..
တဲပုတ်ကတော့ဓနိလေးနဲ့ ဆောက်ထားလို့ တဲပုတ်ကန်တင်းလို့ ခေါ်ခြင်းဖြစ်တယ်...တဲပုတ်ကန်တင်းမှာကိုယ်ကြိုက်နှစ်သက်ရာ
သီချင်းတွေလဲဖွင့်လို့ ရတော့နဲနဲတောင်romanticဆန်သလိုလိုပါပဲ...
အော်...ပြောရဦးမယ်...ကျမတို့ ကျောင်းရဲ့ ထူးခြားချက်ကအားလုံးဟာကျောင်းသူတွေကြီးပဲဖြစ်နေခဲ့တာပါ...ရှားရှားပါးပါးယောက်ကျားလေး
တယောက်ပဲရှိတယ်လေ..ကျမပထမနှစ်တုန်းကကျမတို့ အတန်းမှာတယောက်၊ဒုတိယနှစ်မှာနှစ်ယောက်ရှိခဲ့တယ်..
ကျမတို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာကင်းတွေကွင်းတွေရွေးကြတော့သူပဲကင်းကိုပြိုင်ဘက်မရှိနဲ့ ရသွားခဲ့တာပေါ့...
အင်း..ပြီးတော့ကျောင်းမှာစိန်ပန်းနီတွေပွင့်မနေခဲ့ပေမယ့်ကံ့ကော်ပန်းတွေနဲ့ တော့ဝေဆာနေတယ်ဆိုပါတော့ရှင်...ကျောင်းသူတွေပဲ
သစ်ပင်ကိုမမှီမကမ်းနဲ့ ပန်းတွေခူးခဲ့ကြသေးတယ်..
ယောက်ကျားလေးရှိမနေခဲ့တာကြောင့်..အဲ..တယောက်ပဲရှိနေခဲ့တာကြောင့်မို့ မိန်းကလေးတွေဟာဘာကိုမှဂရုမစိုက်ပဲကိုယ်နေချင်သလို
free styleနေခဲ့ကြတာပေါ့...ကြည့်မယ့်ယောက်ကျားလေးမှမရှိတာကိုနော်...ဘာကိုဂရုစိုက်ရမှာလဲ...နော့...
ယောက်ကျားလေးမရှိပေမယ့်မိန်းကလေးကျောင်းမို့ အလှအပတော့အပြိုင်အဆိုင်တွေလဲရှိခဲ့တယ်ဆိုပါတော့..သူ့ ထက်ငါလှအောင်အစွမ်း
ကုန်ပြင်ဆင်ကြတယ်လေ..ပထမနှစ်ကျောင်းသူဘ၀ကပုံစံကခပ်တုံးတုံး၊မအူမလည်နဲ့ တဖြည်းဖြည်းအတန်းတွေကြီးလာတာနဲ့ အမျှ
အလှအပဆိုတာကိုနားလည်လာကြတယ်...လှချင်လာတယ်..ပြင်လာကြတယ်...လှလာကြတယ်..အလှအပကိုသိပ်စိတ်မ၀င်စားတဲ့
ကျမတောင်နောက်ဆုံးနှစ်ရောက်လာတော့ဆံပင်ဖြောင့်လိုက်တာပဲကြည့်လေ...ဟီး...
စာလဲကြိုးစားကြတာပေါ့..ဒါပေမယ့်ငယ်ငယ်တုန်းကိုအပြိုင်အဆိုင်တော့မရှိကြတော့ဘူး...တယောက်နဲ့ တယောက်ဖေးဖေးမမနဲ့ 
စာနာတတ်တဲ့အသည်းနှလုံးကိုယ်စီနဲ့ ပေါ့...
ပြီးတော့မိန်းကလေးကျောင်းဖြစ်နေတော့တခြားကျေုာင်းကယောက်ကျားလေးတွေလဲလာလည်ကြတယ်...အတန်းပြီးရင်ကိုယ်စီ
ကိုယ်စီအတွဲလေးတွေနဲ့ ပြန်သွားကြတယ်..ဒါကကျမတို့ သယ်ရင်းတစုကအားကျသလို၊နာလိုသလိုနဲ့ ကြည့်နေခဲ့ကြတာပါ..
(ကျမသယ်ရင်းတွေကိုပြန်မပြောနဲ့ နော်...ရှူး...တိုးတိုး...)
ကျမတို့ ကျောင်းရဲ့ အနောက်လို့ ပြောလို့ ရတဲ့နေရာမှာဘုရားတွေရှိနေခဲ့လို့ ကျောင်းသူတွေဖယ်ရီစောင့်ရင်းဘုရားဖူးဖြစ်
ကြတယ်..ဘုရားဖူးရင်း...လိပ်ဥတူးရင်း...ဖယ်ရီစောင့်ရင်းပေါ့....
ကျမတို့ ကျောင်းနားမှာကူးစက်ဆေးရုံရှိပြီးရေဝေးနဲ့ လဲနီးနေခဲ့လို့ လူတွေကနင်တို့ ကျောင်းကရေဝေးနဲ့ နီးတယ်နော်လို့ 
နောက်သလိုပြောင်သလိုပြောကြသေးတယ်...တွေးတာနဲ့ ကိုကြက်သီးထစရာကြီး.....
မိန်းကလေးကျောင်းမို့ လားမသိဘူးအတင်းတွေသတင်းတွေကတော့စုံမှစုံ...သတင်းစာမဖတ်ပဲကျောင်းကိုသွား
လိုက်ရင်တောင်သတင်းစာထက်စုံတဲ့သတင်းတွေနဲ့ အိမ်ပြန်ရောက်စေရမယ်..ဟီးဟီး...
အင်း..ဘာကျန်သေးလဲ...သြော်..ပါပါကြီးနဲ့ ကျောင်းကတီချယ်လေးတွေအကြောင်းကျန်သေးတာပဲ....
ပါပါကြီးဆိုတာကပါမောက်ခချုပ်ကြီးကိုချစ်စနိုးနဲ့ ခေါ်တာလေ..ဆရာကလဲရှားရှားပါးပါးလေ်းယောက်...ဆရာမတွေကတော့
အများကြီးပေါ့...တီချယ်တွေကိုတောင်နာမည်ပြောင်လေးတွေပေးထားတာရှိတယ်...မပြောတော့ပါဘူး
တော်ကြာတီချယ်တွေသိရင်အမဲခံနေရဦးမယ်...ဟီး...မီးမီးကြောက်ကြောက်.....
ကျမတို့ ကျောင်းကိုမိန်းမလှကျွန်းလို့ လဲအမည်တွင်သေးတယ်လေ...ဒါကလဲတခြားသူတွေပေးတာမဟုတ်ပါဘူး
ကျမတို့ ဆေးဝါးကျောင်းသူတွေပဲပေးခဲ့ကြတဲ့နာမည်ပါရှင်...ဟဲဟဲ....
ကျောင်းကြီးကလဲပြင်ဆင်လာတာနဲ့ အမျှလှလာပါတယ်...ဂိတ်လေးတွေနဲ့ ပန်းပင်လေးတွေ နဲ့ ဝေဆာလှပနေခဲ့ပါပြီ...
ကျောင်းပြီးခါနီးတော့လဲကျောင်းကြီးကိုသံယောဇဉ်တွယ်လာသလိုလိုပါပဲ....ခွဲရမှာကိုတောင်ဝမ်းနဲ သလိုလိုနဲ့ 
ဘယ်လိုမှန်းတောင်မပြောတတ်တော့ပါဘူး....
ဒါပေမယ့်...ခွဲသွားရမှာပါပဲ...ဒါမှလဲကျောင်းတော်ကြီးကသူမွေးထုတ်လိုက်တဲ့ကျမတို့ လိုလူတွေအတွက်
ဂုဏ်ယူနေတော့မှာပေါ့ရှင်.....

Saturday 21 June 2008

စောင့်ခဲ့တယ်နော်

လောကမှာလေစောင့်ရတဲ့အလုပ်လောက်ပင်ပန်းတာမရှိဘူး...ကျမဘ၀မှာတော့အရာရာကိုစောင့်မျှော်နေခဲ့ရတယ်..
စောင့်နေပါနော်..ဆိုတဲ့စကားလေးတခွန်းနဲ့ ကျမကိုထားရစ်လို့ သူအဝေးဆုံးထွက်သွားခဲ့တယ်..
ကျမသစ်စာရှိရှိစောင့်နေခဲ့ပါတယ်..တစ်လ..နှစ်လ...တစ်နှစ်...နှစ်နှစ်...ငါးနှစ်..ဆယ်နှစ်...
အိုး...ကျမဆယ်နှစ်တောင်စောင့်နေခဲ့တာပါလား...စောင့်နေရင်းနဲ့ မျှော်လင့်နေခဲ့တာပေါ့..ဒါပေမယ့် မျှော်လင့်တဲ့
အရာတွေဟာမျှော်လင့်တဲ့အချိန်မှာဖြစ်မလာခဲ့ဘူး...
အဲဒီအတွက်ကျမဘယ်သူ့ ကိုအပြစ်တင်ရမလဲ..စောင့်နေပါလို့ သူဆက်ဆက်ပြောခဲ့တာပါ..ဒါကြောင့်လဲကျမစောင့်နေခဲ့တယ်..
မျှော်လင့်ခဲ့တယ်..ဖြစ်မလာလို့ ကျမလက်လျှော့လိုက်ချိန်မှကျမရဲ့ ဆန်ဒတွေပြည့်လာခဲတယ်..
သူပြန်လာပါတယ်...ဟုတ်တယ်..သူတကယ့်ကိုကျမအနားရောက်လာခဲ့ပြီလေ..ဒါပေမယ့်ကျမဘာလို့ မပျော်နိုင်တာလဲ..
ဘာလို့ လြ..ကျမသူ့ ကိုတကယ်ချစ်ခဲ့တာပါ...ကျမဘာဖြစ်သွားတာလဲ...ကျမကိုယ်ကျမလဲမသိတော့ဘူး..
သေချာတာကတော့ကျမမျှော်လင့်နေတဲ့အချိန်မှာရောက်မလာခဲ့လို့ ကျမနှလုံးသားတွေအရှင်လတ်လတ်မြေမြှုပ်လိုက်သလိုဖြစ်သွားခဲ့တယ်ဆိုတာပါပဲ...

ကိုယ်တော်ကြွလာဖို့ အချိန်နီးနေပြီ

ဆူနာမီရေလှိုင်းကြောင့်မိမိနေထိုင်သည့်ကျေးရွာလ၏ကို၂၀၀၄၊ဒီဇင်ဘာလတွင်ဖျက်စီးပစ်ပြီးနောက်သီရိလင်္ကာနိုင်ငံသားတစ်ဦးက"နေရာတကာမှာအ
လောင်းတွေကြီးပဲ".ကျနော်တို့ ရဲ့ အိမ်ကဘယ်နေရာမှာရှိခဲ့လဲဆိုတာမမှတ်မိတော့ဘူးလို့ ပြောခဲ့တယ်...သဘာဝဘေးဒဏ်များသည်ဘုရားသခင်ဒဏ်ခတ်ခြင်းဖြစ်
သည်ဟုလူများစွာကရှုမြင်ကြတယ်လေ..အမေရီကန်နိုင်ငံကဘာသာရေးခေါင်းဆောင်တချို့ ကဟာရီကိန်းကက်ထရီနာကဲ့သို့ သောဖြစ်ရပ်များကိုအပြစ်များသောမြို့ များ
အပေါ်ကျရောက်သောဘုရားသခင့်ဒေါသလို့ ဖေါ်ပြခဲ့တယ်..
ဆူနာမီဟာနာမည်ကြီးပေမယ့်ကျမတို့ မြန်မာနိုင်ငံသားတွေကိုယ်တွေ့ ကြုံခဲ့ကြရတာမဟုတ်တဲ့အတွက်ပုံပြင်တပုဒ်လိုပဲဖြစ်နေခဲ့တာပေါ့..ဟိုး တလောကမှတိုက်ခတ်သွားတဲ့နာဂစ်ကြောင့်ကျမတို့ မျက်စိတွေပွင့်သွားခဲ့ကြရတယ်လေ..တသက်နဲ့ တကိုဒီလောက်ကြီးမားတဲ့မုန်တိုင်းကိုမကြုံဖူးလို့ 
အရမ်းကိုကြောက်လန့် ခဲ့ကြရတယ်..အရမ်းကိုအေးချမ်းတဲ့မြန်မာနိုင်ငံလိုနိုင်ငံမျိုးမှာဘာလို့ မုန်တိုင်းဒဏ်ခံနေရတာလဲ..ဒါစဉ်းစားစရာဖြစ်လာခဲ့ပြီလေ..
ကျမတို့ နေထိုင်တဲ့ဒီလောကကြီးဟာဒုစရိုက်တွေနဲ့ ပြည့်နှက်နေလေပြီ..လူတွေဟာမကောင်းတာတွေလုပ်ဖို့ ကိုသမရိုးကျအလုပ်တခုလိုသတ်မှတ်လာကြပြီ.
ကျမ်းစာထဲမှာရေးထားတဲ့အတိုင်းနောက်ဆုံးသောကာလနီးလာပါပြီ..နမိတ်လက်ခဏာတွေကတော့ငလျင်လုပ်ခြင်း၊မုန်တိုင်းတိုက်ခတ်ခြင်း၊ရေကြီးခြင်း..စသဖြင့်ပေါ့..
လူငယ်တွေဟာလဲမိဘစကားကိုဆန့် ကျင်လာကြပြီ..မတရားတဲ့အမှုတွေကိုလုပ်လာကြပြီ..နောက်ဆုံးသောကာလရဲ့ လက်ခဏာတွေပဲမဟုတ်လား..
ကျမတို့ နေထိုင်တဲ့လောကကြီးပျက်ခါနီးနေပါပြီ..နောင်တရကြရအောင်လို့ အားလုံးကိုသတိပေးချင်ပါတယ်..ဘုရားသခင်ကကျမတို့ ကိုရွေးချယ်ခွင့်ပေးထားတယ်..
ကို့ စိတ်ကြိုက်ပေါ့..ကို့ သဘောအတိုင်းကျင့်ကြံဖို့ ပြောထားတယ်..ဘာမလုပ်ရဘူး..ဘယ်မသွားရဘူးစသဖြင့်မချုပ်ချယ်ထားဘူး..ဒါပေမယ့်နောက်ဆုံးမှာ
အားလုံးဟာကို့ အပြစ်အလျောက်တရားစီရင်ခြင်းခံရမယ်လို့ ပြောထားပါတယ်..ကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်..မကောင်းတာလုပ်ရင်တော့အပြစ်ဒဏ်ခံရမှာပေါ့..
ဘုရားသခင်လောကကိုဆင်းကြွဖို့ အချိန်နီးလာပါပြီ..အသင့်ဖြစ်နေပြီလား..ကို့ ကို ကို ပြန်စမ်းစစ်ကြရအောင်လေ..နာဂစ်လာမယ်ပြောတုန်းကဂရုမစိုက်ကြလို့ 
တကယ်တမ်းလယ၏ာတဲ့အခါကျမတို့ အားလုံးဒုက်ခရောက်ကြရတယ်မဟုတ်လား..အဲလို ပဲယေရှုဘုရားဆင်းကြွလာတော့မယ်လို့ ပြောပေမယ့်ဂရုမစိုက်ပဲနေကြဦးမယ်
ဆိုရင်ကျမတို့ ကိုဘယ်သူမှကယ်တင်နိုင်မှာမဟုတ်တော့လို့ အားလုံးပဲနောင်တရကြဖို့ ၊အသင့်ပြင်ဆ်ငပြီးနေကြဖို့ ပြောချင်ပါတယ်..

Friday 20 June 2008

မပြောစမ်းနဲ့ 

အိပ်စက်နေတဲ့
ငါ့နှလုံးသားကို
လှုပ်နိုးနိုင်တဲ့မင်း
ချိုမြိန်တဲ့
အရသာကို
မြည်းစမ်းခိုင်းခဲ့တဲ့မင်း
အလွမ်းရဲ့ ခါးသီးမှုကို
ထိတွေ့ စေခဲ့တဲ့မင်း
နာကျင်ခြင်းတွေ
ပေးခဲ့တဲ့မင်း
အမှတ်တမဲ့မှ
အမှတ်တရတွေ
ချန်ထားခဲ့တဲ့မင်း
မင်းပေးသမျှ
ဝေဒနာတွေက်ု
ကျေနပ်စွာခံယူနေမှာမို့ 
လမ်းခွဲဖို့ စကားတော့
မပြောပါနဲ့ ချစ်သူ...

နှုတ်ဆက်စကား

ရင်နှင့်အမျှ
ချစ်တယ်ဆိုတဲ့စကားတွေနဲ့ 
ပြည့်နေပေမယ့်
ငါအကြိမ်ကြိမ်မြိုသိပ်ခဲ့ရတယ်လေ
မင်းနဲ့ ငါ့အကြား
မဖြစ်နိုင်တဲ့
အနေအထားတွေကြောင့်
ခံစားချက်တွေကို
ဖုံးကွယ်ထားခဲ့ရတယ်လေ
နင့်မိဘအသိုင်းအ၀ိုင်းရဲ့ 
ထိုးနှက်မှုကြား
ငါမနေနိုင်ခဲ့လို့ 
နင့်ကိုနှုတ်ဆက်ထားခဲ့ရတယ်လေ
နင့်ရဲ့ တန်ဖိုးထားခြင်း
လိုချင်ခဲ့ပေမယ့်
နင့်ရဲ ဥပေက္ခာ
တွေပဲ

ရခဲ့လို့ 
ငါ..ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လေ
နင့်ဆီကအချစ်ကိုလိုချင်ခဲ့ပေမယ့်
သနားဂရုဏာတွေပဲရခဲ့လို့ 
ငါကြေကွဲခဲ့ရတယ်လေ
မဆွတ်ခင်တည်းက
ညွတ်နေသူမို့ 
နင်မပစ်ခင်
ထွက်သွားခဲ့ပါပြီ....

မိုးရာသီချစ်သူ

မှတ်မိနေသေးတယ်..
မနှစ်ကဒီလိုအချိန်
မိုးဖွဲဖွဲကျနေချိန်မှာ
ထီးတစ်ချောင်းကို
နှစ်ယောက်အတူဆောင်းလို့ 
ကြည်နူးခဲ့ဖူးတာ
ဒီနှစ်မိုးရာသီမှာလဲ
ထီးလေးတစ်ချောင်းနဲ့ 
စုံတွဲလေး
ဘေးကကောင်မလေးဟာ
ငါမဖြစ်ခဲ့တာကလွဲရင်
အားလုံးဟာမနှစ်ကအတိုင်း
ကြည်နူးခြင်းတွေနဲ့ ပဲပေါ့
အဲဒီနေ့ ကစလို့ 
မိုးရာသီကိုမုန်းသွားခဲ့တာ
ဟုတ်တယ်...
မိုးရာသီကိုမုန်းသွားခဲ့တာပါ
ဒါပေမယ့်
မိုးရာသီမှာချစ်ခဲ့တဲ့ကောင်လေး
မင်းကိုတော့
ဆက်ချစ်နေတုန်းပဲ...

ငါတို့ တွေဟာဒရိုင်ဘာတွေပေါ့

ကျမှာအွန်လိုင်းကတဆင့်အရမ်းကိုခင်မင်ရတဲ့အကိုတယောက်ရှိပါတယ်..
သူကပြောဖူးတယ်..ငါတို့ တွေဟာဒရိုင်ဘာတွေပါတဲ့..လမ်းခရီးတခုမှာမီးပွိုင့်
မိရင်းအခိုက်အတန့် တွေ့ ကြတဲ့ဒရိုင်ဘာတွေပေါ့လေ..
မီးပွိုင့်ကမီးနီကနေမီးစိမ်းပြောင်းသွားတဲ့အခါရပ်နေချင်သေးရင်တောင်ရပ်ခွင့်
မရှိတော့ပဲအချင်းချင်းလက်ပြနှုတ်ဆက်ပြီးကို့ လမ်းကိုဆက်လျှောက်..ကို့ ခရီးကိုနှင်
ကြရမယ့်ဒရိုင်ဘာတွေပေါ့လေ..ခဏတာတွေ့ ကြတဲ့အခိုက်အတန့် မှာပြုံးပြုံးရွှင်ရွှင်
နဲ့ နေသွားကြရမယ်တဲ့လေ..
အကိုဒီလိုပြောလိုကတဲ့အချိန်မှာကျမမျက်ရည်ကျမိတယ်..ပြန်တွေးကြည့်တော့
လဲဟုတ်နေခဲ့တယ်လေ...တွေ့ ဆုံပြီးရင်ခွဲခွာခြင်းကထပ်ကျပ်မကွာလိုက်နေတယ်ဆိုတာ
အားလုံးသိပြီးဖြစ်ကြမှာပါ...တနည်းအားဖြင့်ပြောရရင်လူတွေဟာခွဲခွာဖို့ ကိုတွေ့ 
ဆုံနေကြရတယ်လို့ လဲပြောလို့ ရပါတယ်..
ကျမကတော့ဒီသဘောတရားကိုလက်ခံနိုင်ပေမယ့်...တကယ်တမ်းကြုံဖို့ ကိုတော့
ရင်မဆိုင်ရဲသေးပါဘူး..
ခွဲခွာခြင်းမရှိစေဖို့ တွေ့ ဆုံခြင်းကိုတောင်ငြင်းပယ်ချင်မိတယ်...

Wednesday 18 June 2008

ဇာတ်ဆရာအလိုကျ

မင်းပဲရေး
မင်းပဲရိုက်
မင်းပဲရှုပ်တဲ့ဇါတ်လမ်းလေး
ဇာတ်ဆရာရဲ့ အလိုကျ
လိုက်ကခဲ့ရတဲ့ငါ့ကို
မသနားရင်တောင်
ငါ့ခံစားချက်ကို
ညှာတာသဖြင့်တော့
ဒီဇာတ်ထဲက
လွတ်မြောက်ခွင့်ပြုပါတော့ကွယ်...

အနွမ်းပန်း

အားလုံးကိုပုံအောပြီးတော့
မင်းကိုငါချစ်ခဲ့လဲ
ငါ့အချစ်က
မင်းအတွက်တော့
ညိုးနွမ်းနေတဲ့
ပန်းလေးတစ်ပွင့်လို
ဖြစ်နေခဲ့တော့
မင်းတန်ဖိုးမထားတဲ့ငါ့အချစ်
ညိုးနွမ်းလွန်းတဲ
ပန်းလေးတစ်ပွင့်လို
လွင့်ပစ်နင်းခြေပစ်ပါ
တော့
ချစ်သူရယ်....

Monday 16 June 2008

ဆပ်ခွင့်ပေးပါ

နောက်ကျတဲ့တွေ့ ဆုံမှုတွေနဲ့ 
ကွဲပြားတဲ့ငါတို့ အယူအဆ
မတူညီတဲ့ဘ၀နှစ်ခု
အရာရာမှာဆန့် ကျင်ဘက်တွေနဲ့ 
မဖြစ်နိုင်တဲ့ဘ၀မှာ
အရှုံးတွေသာပွေ့ ပိုက်လို့ 
ရင်ထဲကိုယ်စီသိမ်းထားတဲ့အချစ်ကို
ထုတ်ပြခွင့်မရှိသရွေ့ တော့
ရေငုံနှုတ်ပိတ်ပြီးနေရတော့မှာပဲ
တကယ်လို့ 
ဘ၀တစ်ကွေ့ ..သံသရာတစ်ကွေ့ မှာ
အခန့် မသင့်လို့ 

တွေ့ ဆုံဖြစ်ကြရင်
ဒီထက်တိုးလို့ ချစ်ပါရစေ
မပေးလိုက်ရတဲ့
အချစ်အကြွေးတွေကို
အတိုးနဲ့ အတူ
ဆပ်ခွင့်ပေးပါလားကွယ်..

Sunday 15 June 2008

ကျမရဲ့ မွေးနေ့ ပွဲလေးပါ

နှစ်စဉ်နှစ်တိုင်းမွေးနေ့ ကိုအကြီးအကျယ်မဟုတ်ပေမယ့်သယ်ရင်းသုံးလေးယောက်ကိုတော့
မုန့်လိုက်ဝယ်ကျွေးဖြစ်တယ်လေ...
ဒီနှစ်လဲကျမမွေးနေ့ ရောက်တော့မယ်ဆိုတော့သယ်ရင်းကဘာကျွေးမလဲမေးလာတယ်လေ..
ဒီအချိန်ကကျမဘိုင်ပျက်နေတဲ့အချိန်ဆိုတော့မကျွေးနိုင်ဘူးဆိုတော့သူတို့ လဲ
စိတ်ညစ်သွားကြတယ်လေ
ဒါနဲ့ ပဲကျမလဲအကြံရလာတာပေါ့....ဒီဘလောဂ့်လေးမှာမွေးနေ့ ပွဲအကျဉ်းရုံးလေးကျင်းပလိုက်ရရင်
ကောင်းမယ်ဆိုပြီးတော့ပေါ့...
အခုမွေးနေ့ ပွဲစတင်တော့မှာဖြစ်ပါတယ်....
မွေးနေ့ ပွဲကိုတက်ရောက်လာတဲ့ဘလောဂ့်ကသယ်ရင်းများရောအပြင်ကသယ်ရင်းများရော
အားလုံးကိုနွေးထွေးစွာကြိုဆိုပါတယ်ရှင်...
အင်း...မွေးနေ့ ပွဲဆိုတော့အကျွေးအမွေးရှိရမှာပေါ့နော်..
အဲဒီအတွက်တော့မပူကြပါနဲ့ .
မွေးနေ့ ကိတ်အကြီးကြီးကိုအားလုံးစားဖို့ ပြင်ဆင်ထားပါတယ်...
လာရောက်သုံးဆောင်ကြပါရှင်..အလုအယက်တော့မလုပ်ကြနဲ့ နော်..
အားလုံးအတွက်လောက်အောင်စီစဉ်ထားလို့ ပါ
အားရပါးရတော့စားသွားကြပါ...ပါဆယ်တော့မယူသွားကြပါနဲ့ ..
နောက်လာမယ့်လူတွေအတွက်ချန်ထားရဦးမယ်လေနော်...ဟဲဟဲ
မွေးနေ့ လက်ဆောင်လဲပေးသွားဖို့ မမေ့နဲ့ နော်..ဟီး
မျှော်လင့်ချက်လေးနဲ့ ကျင်းပနေတာ...အလိုက်သိသွားကြပါလို့ 

အချစ်ဆုံးသို့ 

ရေပြင်လေးလို
ငြိမ်သက်နေတဲ့
ငါ့နှလုံးသားကို
လှုပ်ခတ်သွားအောင်
ပြုစားနိုင်တဲ့ချစ်သူ
မင်းနဲ့ တွေ့ မှ
ချစ်တတ်လာခဲ့ပြီ
ငါရေးတဲ့ကာရံမဲ့ကဗျာတွေ
ငါဆိုတဲ့သီချင်းတွေအားလုံးဟာ
မင်းတစ်ယောက်ထဲအတွက်ပါ
ရင်နာစေမယ့်စကားလုံးတွေနဲ့ 
မနှိပ်စက်ပါနဲ့ 
အချစ်ဦးနဲ့ 
နောက်ဆုံးအချစ်ဟာ
မင်းတစ်ယောက်သာမို့ 
မင်းကိုအရမ်းချစ်တဲ့
ငါ့ကို
သံသယစကားတွေ
မပြောစမ်းပါနဲ့ 
ချစ်ရသူလေးရယ်...

ခွင့်ပြုပါ

အမှတ်တမဲ့
အကြည့်တစ်ချက်က
ငါ့ရင်ကိုလှုပ်ခတ်သွား
အဲဒီနေ့ 
ငါ့ရင်ခုန်သံတောင်
ငါပြန်ကြားနေရတယ်
မျှော်လင့်ချက်ကြီးစွာနဲ့ 
ပေါင်းစပ်ခွင့်ကိုလိုချင်ခဲ့လဲ
နှုတ်ဆက်စကားတစ်ခွန်းနဲ့ 
ငါ့ကိုထားရစ်ခဲ့တယ်
လာမယ်ပြောပြီးပြန်သွားတယ်
ချစ်တယ်ပြောပြီးထားသွားတယ်
နောက်ဆုံးတော့
ငါရလိုက်တာက
နင့်ရဲ့ ဥပက်ခါ
နင့်ရဲ့ အေးစက်စက်အကြည့်
နင့်ရဲ့ မဲ့ပြုံး
အားလုံးအားလုံး
အိမ်မက်ဆိုးကြီးတစ်ခုလို
ငါ့ကိုခြောက်လှန့် နေခဲ့
ဒါပေမယ့်
နင်သာပါရင်
ဒီအိမ်မက်ဆိုးကြီးကိုပဲ
ခုန်မင်စွာမက်လိုက်ချင်သေးတယ်
ချစ်သူရေ

ဘ၀ခြားချစ်သူ

တို့ နှစ်ယောက်အချစ်က
အစကတည်းက
မဖြစ်နိုင်တဲ့
စိတ်ကူးယဉ်အချစ်မျိုး
ကိုကအဖြူဆို
မင်းကအမဲ
ကိုကရေဆိုမင်းကမီး
အအရာရာမှာဆန့် ကျင်ဘက်နဲ့ 
ဘ၀ချင်းလဲခြားနားနေတော့
ပေါင်းစပ်လို့ မရတဲ့
ဒို့ နှစ်ယောက်အချစ်
သံယောဇဉ်အမျှင်တန်းတွေ
ရှည်လျားထွေပြားမလာခင်
ကိုယ့်နေရာကိုယ်နေလို့ 
နှလုံးသားရဲ့ အလို ကို
ဦးနှောက်ရဲ့ အသိနဲ့ 
ထိန်းချုပ်မြိုသိပ်ရင်း
နေသွားကြမယ်နော်....

တွယ်တာအချစ်ကြင်သူသိစေ

ချစ်သူ
မင်းကျေနပ်စေမယ့်
စကားလှလှလေးတွေနဲ့ လဲ
ငါမနှစ်သိမ့်တတ်ဘူး
ချစ်သူ
မင်းပျော်ရွှင်စေမယ့်
ချစ်စရာဟန်ပန်လေးတွေနဲ့ လဲ
ငါမကျီစားတတ်ဘူး
ချစ်သူ
မင်းမြတ်နိုးစေမယ့်
ကြင်နာယုယမှုတွေနဲ့ လဲ
ငါမကြင်နာတတ်ဘူး
ပွင့်လင်းမှုမရှိတဲ့
ငါ့ရဲ့ အားနည်းချက်လို့ 
ဆိုချငဆိုနိုင်ပါတယ်
ချစ်သူရေ
ကြင်ကြင်နာနာမနှစ်သိမ့်တတ်ပေမယ့်
တွယ်တွယ်တာတာတော့ချစ်တတ်ခဲ့ပါတယ်
ချစ်ရသူရယ်
(အပျိုစင်မှ)

Tuesday 10 June 2008

သီးသန့် ဖိုင်

ပန်းနုရောင်ဒိုင်ယာရီထဲ
စာမျက်နာတွေ တစ်ရွက်ပြီးတစ်ရွက်..။
တဖြည်းဖြည်းကျစ်လျစ်စွာ
အထပ်ထပ် အနည် ကျလာသော သံယောဇဉ်
ဒီ ဒိုင်ယာရီ တစ်အုပ်ကလွဲရင်
သက်သေ ပြစရာရယ် မရှိဘူး။
ဒီဒိုင်ယာရီထဲမှာ

တွေ့ ခွင့် ရသော ရက်စွဲများ
နေရာနှင့် အချိန်များ
စနစ်တကျ..
ပြီးတော့

စာလုံးလေးတွေ ဟောင်းနွမ်းလွန်းပေမယ့်
ပြောချင်တဲ့စကား တစ်ခွန်းကိုလည်း
အဲဒီ ဒိုင်ယာရီထဲမှာ
သီမ်း...ဆည်း...ထား။
ဒါ သူ့ အတွက်
(အထူးသဖြင့်)
အချစ်ကို မယုံသူ "သူ့ " အတွက်။

ကျန်ရစ်သူ

နေရစ်ဦးပေါ့ကွယ်......
မချူချင်သူကိုမှသွားကိုင်းညွတ်မိတော့
ထားရစ်ခံရတာမဆန်းပါဘူး
ချစ်သူနောက်ဆုံးပြောခဲ့တဲ့စကား
ရင်မနာချင်တော့ဘူး...
ရင်ခုန်ချင်ပြီတဲ့......
ငါ့ရင်ကိုဓါးနဲ့ ထိုးလိုက်ရင်တောင်ခံသာဦးမယ်.....

နွေမုန်တိုင်း

နွေခေါင်ခေါင်မှာမုန်တိုင်းတစ်ခု
တိုက်ခိုက်သွားတာ
သူလာရာလမ်းကြောင်းက
ငါ့နှလုံးသားတည့်တည့်ဆီ
ငါ့ရင်ရင်ထဲလဲဟာလာဟင်းလင်းနဲ့ 
ဒါပေမယ့်ချစ်သူ......
နေ၀င်ရင်လထွက်ဦးမယ်
မုန်တိုင်းပြီးရင်လေပြေလာမယ်ဆိုတဲ့အသိနဲ့ 
မရေရာမသေချာတဲ့အရာတစ်ခုကို
အခုထိမျှော်လင့်နေတုန်းပဲ.....

အရှုံး

ငါ့အခန်းနံရံမှာမှင်တွေပေပွဆဲ
ကြမ်းပြင်ပေါ်မှာလက်ရေးကြော့ကြော့လေးနဲ့ 
နင်ရေးခဲ့တဲ့လမ်းခွဲစာ
ပြီးတော့ဆေးသားလွင့်ပြယ်နေတဲ့နင့်ဓါတ်ပုံ
ဓါတ်ပုံထဲမှာဟိုးအရင်တစ်ခါတုန်းက
ငါသိပ်ချစ်ခဲ့တဲ့နင့်မျက်လုံးလှလှလေးတွေ
အခုငါ့ကိုလှောင်ပြောင်နေကြသလိုပဲလား.......။

ဥယျာဉ်မှူး

ဥယျာဉ်ထဲကပန်းလေးတစ်ပွင့်
ဖူးပွင့်ဖို့ ....
နေ့ ညမရှောင်..မိုးဒဏ်လေဒဏ်တွေ
မညည်းမညူ ပျိုးထောင်ပေးခဲ့

ရာသီတွေအလီလီပြောင်းလို့ 
အဖူးအပွင့်တွေဝေဆာလာလို့ 
ချူချင်သူတွေရှိလာပြန်တော့
ကိုယ်ကိုယ်တိုင်ပျိုးထောင်ခဲ့လို့ 
နှမျောတသဖြစ်နေသော်လည်း
ပန်းကလေး.......

ငါ့ရဲ့ အချစ်ကိုစတေးခံပြီး
တပါးသူလက်ကိုပေးအပ်ရလို့ ရင်နာနေလဲ
မင်းဘ၀သာယာရင်ငါကျေနပ်ပါပြီ.....။

အဖြည့်ခံ

အဖြည့်ခံတဲ့
နာမည်လေးလှပပေမယ့်
သူ့ ဘ၀ကမလှပခဲ့ရှာဘူး....
ချစ်သူအသည်းကွဲရင်
ရင်ဖွင့်ဖေါ်အဖြစ်နေပေးရတယ်...
ချစ်သူအတွက်သူကမြားနတ်မောင်လေးဖြစ်ခဲ့ရတယ့်
ချစ်သူတို့ ပြန်ပြေလည်ပြန်တော့
သူကကုလားကာနောက်ကွယ်ကအရှုံးသမားအဖြစ်နဲ့ ပေါ့..
နောက်ဆုံးတော့လဲ
အဖြည့်ခံဆိုတာ.........အဖြည့်ခံပါပဲလား.........။

ပြန်လာခွင့်ရှိတယ်

မျှေင်လင့်ချက်တွေတပုံတပင်ပေး
နောက်ဆုံးတော့
နှုတ်ဆက်စကားတောင်မပြာပဲ
ထွက်သွားတဲ့
ချစ်သူ....
မင်းရက်စက်သွားလဲ
ငါကတော့အပြုံးမပျက်နဲ့ 
မင်းပြန်လာ၇င်ကြိုဆိုဖို့ အသင့်လေ
အချိန်တန်လို့ 
အိမ်ပြန်ဖို့ ဆန်ဒရှိရင်
ငါ့နှလုံးသားမှာ
မင်းအတွက်
တစ်နေရာရှိလို့ နေတယ်လေ..
မင်းပြန်လာချင်ရင်ပေါ့...

ချစ်သူလေး

မျက်စိမှတ်ထားလဲ
ကောင်းကင်ကြီးကိုသတိရတဲ့အခါ
တိမ်လွှာလေးတွေကိုမြင်ရတယ်...
အဝေးဆုံးတစ်နေရာရောက်နေလဲ
ငွေပင်လယ်ကိုစဉ်းစားမိရင်
လှိုင်းပုတ်သံကိုကြားနေရတယ်...
အခန်းကျဉ်းထဲရောက်နေပေမယ့်
ပန်းဥယျာဉ်ကိုစဉ်းစားမိရင်
သစ်ခွပန်းရနံ့ ကိုရတယ်..
အတွေးတွေထဲမှာ
တစ်သက်လုံးအမှတ်ရနေမှာကတော့
မောင်တစ်ယောက်ထဲပါ....

သယ်ရင်းအတွက်

ခင်မင်ခြင်းမှာဒိတ်မရှိတဲ့
ခင်မင်တာမကြာသေးလဲ
ငယ်ပေါင်းကြီးဖေါ်သယ်ရင်းတစ်ယောက်လို
ခင်ရတဲ့သယ်ရင်းရေ..
စေတနာအပြည့် မေတ်တာအပြည့်နဲ့ 
အရာရာကိုသင်ကြားပေးခဲ့
သီးချိန်တန်သီး
ပွင့်ချိန်တန်ပွင့်စကားလေးအတိုင်း
ချစ်သူရှိလာပြန်တော့
မသမာသူတွေနဲ့ တွေ့ မှာစိုးလို့ 
အမှာစကားတွေအထပ်ထပ်ပြောခဲ့ 
သယ်ရင်းရေ
မင်းကိုလေ
၁၅၀၀မဟုတ်ပေမယ့်
၅၂၈ထက်ပိုတဲ့မေတ်တာထားတယ်ဆိုတာ
အမှတ်ရပေးပါ
မင်းရဲ့ ထာဝရအတွက်
သယ်ရင်းကောင်းတစ်ယောက်
ဖြစ်နေမယ်ဆိုတာ
ယုံပေးပါသယ်ရင်းရယ်....

မရည်ရွယ်ခဲ့ပါ

အမှတ်တမဲ့
ငါပစ်လိုက်တဲ့
မြှားလေးတစ်စင်းက
နင့်ရင်ဘတ်ကို
စိုက်မိသွားတာ
ငါမရည်ရွယ်ခဲ့ ဘူးနော်...
အဲဒီနေ့ ကစလို့ 
ငါ့ကြောင့်နင်ရင်နာရတာ
နင်ကြေကွဲရတာ
နင်ခံစားရတာတွေ
ငါတွေးမိတိုင်း
ငါ့ရင်ထဲမကောင်းလွန်းလို့ ပါ
နင်ဖြစ်ချင်သမျှလိုက်ရောပေးဖို့ 
အသင့်ပါ...
ဒါပေမယ့်တစ်ခုကလွဲရင်ပေါ့
နင်သိပါတယ်..

ငါတို့ ဝေးနေ...မိုင်ပေါင်းကုဒေ

ငါတို့ဝေးနေ မိုင်ပေါင်းထောင်ချီ...
အသွင်မတူလည်း ချစ်ခွင့်ကြုံသည်
ကြမ္မာမုန်တိုင်း ဖန်လာစဉ်ခဏ
မာနပင်လယ်...
ဖန်ဆင်းသူသာရှုံးရ၏...။
ဝဿလွန်မြေ ဆောင်းရာသီမှာ
ရွတ်ဟောင်းတွေကြွေ ရွတ်သစ်ဝေ၏
တစ်ဏှာရဲ့အချစ် မခိုင်သူနှလုံးသား
ပြောင်းလဲသူသာ အပြစ်ရှိ၏...။
ဘ၀မှာကြမ်းတမ်း အခက်အခဲရင်ဆိုင်
အနာဂတ်ခရီးကို လျှောက်ခဲ့ပေမယ့်
အိပ်မက်ကို အဟုတ်ထင်
အတ္တနဲ့ နှစ်လုံးသားကို ပေးဆပ်ခဲ့လို့
တသက်တာ ဝေးသွားမယ်ဆိုရင်လည်း
ငါ့ရဲ့သတိရခြင်းတွေကို
မင်းရဲ့မှန်ဗီယိုလေးထဲ...
သော့စ်ခပ်ပြီးသိမ်းထားပေးပါလား...။
ကိုသူရိန်မြင့်မိုရ်ပေးပို့ သည်......။