Thursday 31 July 2008

လရောင်အောက်ကမိန်းမလှ,Epiphyllumပန်းလေး



Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။

ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။

ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။

ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။

ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။

ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။

ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။

ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။

ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။

တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။

ဇောင်းကြမ်းပင် (cactus) မျိုးနွယ်စု၊
မှုလပေါက်ပွားရဒေသ တောင်အာဖရိက၊ မက်ဆီကို
ပူပြင်းခြောက်သွေ့သော သဲကန္တာရနေရာများတွင် ပေါက်ရောက်၊
ပန်းပွင့်ကြီးမျိုးဖြစ်၊ ပွင့်ဖတ် လှံချွန်ပုံသဏ္ဍာန်၊ ညအချိန်တွင် ပွင့်ပြီး မနက်မှာ ညှိုးနွမ်း၊
ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်၊
ညအချိန်မှ ပွင့်တတ်တဲ့အတွက် "လရောင်အောက်က မိန်းမလှ" ဟု တင်စား
ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်း။

Tuesday 29 July 2008

ဘေဘီချင်းမလေးပါချင့်

Thursday 24 July 2008

ဆည်းဆာနဲ့ အတူလွမ်းတယ်



ညနေခင်းရဲ့ ဆည်းဆာအောက်မှာ
တစ်ယောက်ထဲအဖေါ်မဲ့လို့ 
ဟိုး...အရင်ချိန်က
ဒီဆည်းဆာအောက်မှာ
စုံတွဲလေးတစ်တွဲ
ပျော်ရွှင်ကြည်နူးခဲ့ကြတာ
ဆည်းဆာလေးသာစကားပြောတတ်ခဲ့ရင်
သူလဲပြောနေမယ်ထင်တယ်...
မောင်ရေ....
အရင်ကလိုဆည်းဆာအလှကို
အတူခံစားချင်သေးတယ်..
အလွမ်းနေ့ ရက်ရှည်တွေ ကိုရင်ဆိုင်နိုင်ဖို့ 
အားအင်တွေပေးပါဦးလား...
ဘယ်အချိန်မှပြန်လာမယ်မှန်းမသိတဲ့ မောင့်ကို
ဆည်းဆာလေးနဲ့ အတူ
မျှော်လင့်နေမယ်နော်...

Wednesday 23 July 2008

ရေမြေခြားချစ်သူသို့ 

ဝေးကွာပြီ
နောက်ဆုံးနှုတ်ဆက်အပြုံးလေးပေးပြီး
လက်ပြနှုတ်ဆက်လို့ 
ဘယ်လောက်ကြာဦးမလဲမသိတဲ့ 
ဝေးကွာခြင်းတွေ
တို့ နှစ်ယောက်အကြား
ရောက်ရှိလို့ လာခဲ့ပြီပေါ့
အရမ်းလွမ်းတယ်ချစ်သူရယ်...
အနားမှာနေခဲ့စဉ်က
တန်ဖိုးမထားတတ်ခဲ့တဲ့တို့ 
အဝေးဆုံးဝေးတော့မှ
တို့ အနားမင်းရှိခဲ့တဲ့
နေ့ ရက်တွေကို
လွမ်းတတ်နေခဲ့ပြီ
တစ်နယ်စီခြားပြီးနေရတဲ့ တို့ ဘဝ
ရင်ထဲမှာဟာတာတာနဲ့ 
မင်းနဲ့ အတူရှိခဲ့တဲ့အချိန်တွေကို
ပြန်တမ်းတနေမိတယ်
မင်းရဲ့ အကြင်နာမျက်လုံးလှလှလေးတွေကို
ငေးကြည့်နေချင်သေးတယ်..
မင်းပြောတဲ့ချစ်စကားလေးတွေမှာ
ကြည်နူးနေချင်သေးတယ်
မင်းပေးတဲ့ အကြင်နာတွေကို
မက်မောနေတုန်းပဲ
ချစ်သူရေ
ခါးသီးတဲ့ အချိန်တွေကို
ကြိတ်မှိတ်မျိုသိပ်ရင်း
တို့ နှစ်ယောက်
ပြန်ဆုံမဲ့နေ့ ကိုပဲ
မင်းကိုချစ်တဲ့ စိတ်လေးနဲ့ 
မျော်လင့်နေတော့မယ်.........

Sunday 20 July 2008

တိတ်တခိုးချစ်သူ



ကောင်းကင်ပြာပြာအောက်မှာ
သူနဲ့ စတွေ့ ခဲ့တာ
ရေစက်လို့ ဆိုရမလား
ကံကြမာကဖန်တီးပေးတာလား..
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်ပေါ့လေ..

တစ်စထက်တစ်စ
သိကျွမ်းရင်းနှီးလာတော့
အဖြူရောင်လေးကနေ
အရောင်တွေစွန်းထင်းလာခဲ့ရပြီလေ
စည်းတစ်ဖက်ခြားမှာနေနေရတဲ့ တို့ ဘဝ
ခံစားချက်တွေထုတ်ဖေါ်ချင်လဲ
အဲဒီကံကြမာကပဲခွင့်မပြုလို့ 
နှုတ်ပိတ်ဆွံ့ အချင်ယောင်ဆောင်ခဲ့ရတယ်
သူပြောဖူးတဲ့ စကားလေး
မချစ်မိအောင်ကြိုးစားနေတယ်တဲ့ 
အတင်းကြိုးစားနေတဲ့ သူ့ ကို
ချစ်ပါလို့ မတိုက်တွန်းချင်တော့ပါဘူး
သူ့ ဆီကလဲဘာမှမလိုချင်တော့ပါဘူး
လောကကြီးမှာ
သူရှိနေသေးတယ်..
သူ့ ရင်ထဲမှာ
တို့ ရှိနေသေးတယ်ဆိုတဲ့အသိက
တို့ ရင်ကိုနွေးထွေးစေလို့ 
အဲဒီစိတ်နဲ့ ပဲ
ရောင့်ရဲနေတော့မယ်......။

Wednesday 16 July 2008

နော်ဘူဘောဆုတောင်းပြည့်တောင်




ကရင်ပြည်နယ်သံတောင်ကြီးမြို့ တွင်အိမ်ခြေအနည်းငယ်မျှသာရှိသည်။သံတောင်ကြီးမြို့ ကိုသွားလို
လျှင်ရန်ကုန်မှတောင်ငူ.တောင်ငူမြို့ မှစစ်တောင်းမြစ်ကိုဖြတ်ပြီးကတ်တရာလမ်းမကြီးအတိုင်းမိုင်(၃၀)
ခရီးကိုတောင်ဆင်းတောင်တက်ကွေ့ ဝိုက်ပြီးတက်ရသည်။သံတောင်ကြီးတောင်စခန်းမြို့ သည်တောင်
ပေါ်ဒေသဖြစ်သည့်အားလျော်စွာရာသီဥတုအခြေအနေမှာအေးမြသာယာနေပါသည်။
သံတောင်ကြီးတောင်စခန်းမြို့ ၏အရှေ့ မြောက်ထောင့်ပင်လယ်ရေမျက်နှာပြင်မှပေ(၈၄၇၁)ကျော်
အမြင့်တွင်နော်ဘူဘောတောင်(သို့ )ဆုတောင်း ပြည့်တောင်ရှိသည်။သံတောင်ကြီးဒေသ၏အမြင့်ဆုံးတောင်
ဖြစ်သည့်အားလျော်စွာရှေ့ နောက်ဝဲယာမျက်စေ့တဆုံးမြေပြန့် ၊တောင်တန်းများ၏ပသာဒအလှကိုမြင်
တွေ့ ရသည်သာမကတဟူးဟူးတိုက်ခတ်နေသောလေနုအေး၏အရသာနွေးထွေးသောနေရောင်ခြည်၏လန်း
ဆန်းစေသောအရသာ၊ပတ်ဝန်းကျင်အလှအပတို့ ကြောင့်ဒီအမြင့်ဆုံးတောင်ပေါ်ရှိဘုရားဝတ်ပြုဆောင်တွင်
ဖန်ဆင်းရှင်ထာဝရဘုရားအားဦးခိုက်ရှခိုးဆုတောင်းရသည်မှာရောကရှိလာသူတိုင်းအတွက်ကျေ
နပ်အားရစရာကောင်းလှသည်။
သံတောင်ကြီးတွင်အသွင်တူညီသည့်ကရင်နှစ်သစ်ကူးတောင်နဲ့ နော်ဘူဘောဆုတောင်းပြည့်တောင်ဟူ
ပြီးတောင်နှစ်တောင်ရှိသည်။ကရင်နှစ်သစ်ကူးတောင်ကိုဘွဲကရင်လူမျိုးတို့ က(ဘွယ်ဟီခိုအမို)သံတောင်
ကြီးအမတောင်၊နော်ဘူဘောဆုတောင်းပြည့်တောင်ကို(ဘွယ်ဟီခိုအဖဲ)သံတောင်ကြီးအဖိုတောင်ဟူပြီး
အမည်ပေးခဲ့ကြသည်။ရှေးဘိုးဘီဘင်များကယင်းတောင်ပေါ်တွင်ဘယ်လယ်တို့ ၏အရှင်နတ်များ၊ဘေသာကုအူ
၏သမီးအစိနေတယျရှင်နတ်သမီးနော်ဘူဘောနေထိုင်ကျက်စားသောနေရာဖြစ်ကြောင်း၊ထိုအရှင်နော်ဘူဘော
သည်ဆန်ရေစပါးကိုပေါကြွယ်ဝစွာနဲ့ အစာခေါင်းပါးခြင်း၊ငတ်မွတ်ခြင်းမှကာကွယ်စောင့်ရှောက်နေကြောင်းကို
ဗျာဒိတ်ရူပါရုံမြင်တွေ့ ရရှိပြီး၊ယင်းတောင်ထိပ်ပေါ်မှတောင်အောက်ခြေအထိအထွတ်အမြတ်ထားပြီး
သန့် ရှင်းစွာထားလျှက်ယင်းတောင်များပေါ်တွင်တောင်ယာခုတ်ခြင်း၊အမဲလိုက်ခြင်း၊နေအိမ်များ
ိုဆောက်လုပ်ခြင်းများကိုယနေ့ အထိအစဉ်အဆက်ထိန်းသိမ်းလာကြသည်။
ရှေးဘိုးဘေးများသည်အစာငတ်မွတ်ခေါင်းပါးခြင်းကြုံသောအခါဖြစ်စေ၊ပြည်ပုသည်၊ရွာပူသည်များနဲ့ ကြုံတွေ့ ရ
သောအခါဖြစ်စေ၊ပတ်ဝန်းကျင်တွင်ရှိသောလူကြီးများကိုစုစည်းပြီးတောင်ပေါ်သို့ တက်လာကာသံတောင်ကြီး
အမတောင်တွင်ပူဇော်ပသ၊စားသောက်ကြပြီးမှသံတောင်ကြီးအဖိုတောင်သို့ ပြန်လာကာဘုရားဆုတောင်းခြင်း
များပြုလုပ်ကြပါသည်။ဗြိတိသျှကိုလိုနီများလက်ထက်ကတည်းကရိုမန်ကက်သလစ်အသင်းတော်သည်လက်ဝါး
ကားတိုင်တစ်ခုပြီးတစ်ခုသံတောင်ကြီးအဖိုတောင်တွင်စိုင်ထူခဲ့သည်။၁၉၉၀ခုနှစ်တွင်အင်္ဂလီကန်အသင်းတော်မှ
ဘီးရှော့ဂျော့ကျော်မြတ်ကဗျာဒိတ်ရူပါရုံရပြီးသံလက်ဝါးကားတိုင်တစ်ခုပြုလုပ်စိုက်ထူရန်မြင်ခဲ့သည်။
တဖန်၁၉၉၄/၉၅ခုနှစ်တွင်သိက်ခါတော်ရဆရာတော်ဦးစောနေဘလုကဗျာဒိတ်ရူပါရုံထပ်မံရပြီးဘာသာရေးအ
လျှောက်၊လူမျိုးမရွေးကောင်းမြတ်သောမင်္ဂလာတရားကိုကောင်းမွန်စွာကျင့်ကြံအားထုတ်နိုင်ရန်အတွက်မြန်မာတ
ပြည်လုံးတွင်ရှိသောစေတနာအလှူရှင်များစုပေါင်းပြီးသံတောင်ကြီးအဖိုတောင်ပေါ်တွင်အမြင့်(၄၀)ပေရှိသော
သံလက်ဝါးကားတိုင်တစ်ခုကိုကောင်းမွန်စွာဆောက်လုပ်ပြီးစီးနိုင်ခဲ့သည်။
တောင်ပေါ်တွင်လေပြင်းတိုက်ခတ်ပြီးဆုတောင်းဝတ်ပြုရခက်သဖြင့်လွယ်ကူစေရန်ဗိဗိမန်တော်တစ်ဆောင်ဆောက်
လုပ်ထားသည်။အဖက်ဖက်မှအကူအညီဖြင့်ဒေသခံပြည်သူခရစ်ယာန်ဂိုဏ်းပေါင်းစုံများပူးပေါင်းပြီး
ဆုတောင်းပြည့်တောင်ခြေနှင့်နှစ်သစ်ကူးတောင်ထိပ်အထိမော်တော်ကားလမ်းများဖေါက်လုပ်ပြီးစီးပြီးမော်တော်ကား
ဖြင့်လွယ်ကူစွာသွားလာနိုင်ခဲ့သည်။အနယ်နယ်အရပ်ရပ်မှသံတောင်ကြီးအဖိုတောင်ပေါ်သို့ ရာသီမရွေးလာရောက်ဆု
တောင်းကြသောအခါသံတောင်ကြီးအဖိုတောင်ပေါ်တွင်အစိန်တယျရှင်နတ်မြတ်နော်ဘူဘော၏လက်အုပ်ချီဆုတောင်း
ခဲ့သောပကတိကျောက်ရုပ်ကြီးကိုလည်းကောင်း၊စိတ်အေးချမ်းသာစွာဖြင့်ဗိဗ်မန်တော်အတွင်းတွင်မေတ်တာဆုတောင်း
ပို့ သနိုင်ခြင်းကြောင့်သံတောင်ကြီးအဖိုတောင်ကိုတောင်၏အမည်ကိုခေါ်ရခက်သဖြင့်နော်ဘူဘောဆုတောင်းပြည့်
တောင်ဟုခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

Tuesday 15 July 2008

ချစ်မိပြီ

နင့်အကြည့်ကြောင့်
ရင်ခုန်တယ်..
နင့်အပြုံးကို
နှစ်သက်တယ်...
နင့်အပြောမှာ
သာယာတယ်...
နင့်အနားမှာ
ငါပျော်တယ်..
နင်နဲ့ တွေ့ ရင်
ကြည်နူးတယ်..
နင်ဂရုမစိုက်ရင်
ရင်နာတယ်..
နင့်အတွက်ငါ
ရှင်သန်ချင်တယ်..
ဒါတွေကိုအချစ်လို့ 
သတ်မှတ်ရင်
နင့်ကိုငါနှစ်နှစ်ကာကာ
ချစ်နေမိပြီပေါ့...

Thursday 10 July 2008

နယ်ရုပ်လေးပေါ့

အရမ်းချစ်တယ်တဲ့..
တချိန်တုန်းက
သူပြောခဲ့တဲ့စကားလေးတစ်ခွန်း.
အဲဒီနေ့ ကစလို့ 
နှလုံးသားမှာ
ချစ်သူု့ စကားလေး
မျိုးစေ့တည်ခဲ့တာ.
ရက်လနှစ်တွေအလီလီပြောင်းလို့ 
ရှင်သန်ပေါက်ဖွားလာမှ
ဆွဲနုတ်ဖို့ ကြိုးစားရက်တယ်..
ချစ်သူရယ်...
အစကတည်းက
မချစ်နိုင်ရင်
မျှော်လင့်ချက်တွေမပေးပါနဲ့ လား...
အခုတော့
သူစေရာသွား
သူထားရာနေလို့ 
တို့ ကတော့သူ့ ရဲ့ 
နယ်ရုပ်လေးပေါ့..
ဒါပေမယ့်ချစ်သူရယ်...
သူကျေနပ်မယ်ဆိုရင်
ထာဝရသူ့ ရဲ့ 
နယ်ရုပ်လေးဖြစ်ခွင့်ရချင်တယ်....

Monday 7 July 2008

ဒီနေ့ ကံမကောင်းပါလားနော်....

ဒီမနက်ကျမအိပ်ရာကနိုးလာတော့အချိန်က၆နာရီခွဲနေပြီ...ဒါနဲ့ ပဲကမန်းကတန်းမျက်နှာသစ်ရေမိုးချိုး
အ၀တ်အစားလဲပြီးမနက်လေးနာရီလောက်ကမေမေပြင်ဆင်ပေးတဲ့ထမင်းနဲ့ ဟင်းကိုချိုင့်ထဲထည့်ပြီး.
မနက်စာစားပြီးထွက်လာခဲ့တာပေါ့....
ကားမှတ်တိုင်ရောက်တော့၄၃အဖြူကိုတွေ့ တာနဲ့ ဝမ်းသာအားရနဲ့ ကားပေါ်တက်လိုက်တာကံကောင်း.
ချင်တော့ထိုင်ခုံပါရလိုက်သေးတယ်..ထိုင်ခုံဆိုပေမယ့်ဘေးတန်းတွေပါ.အကျအနနဲ့ဝင်ထိုင်တာပေါ့ရှင်.
ဒီအချိန်ထိတော့ကံကောင်းနေတုန်းပဲ..စပယ်ယာကကားခလေးတွေလှမ်းထားမယ်လို့ တောင်းတဲ့အချိန်.
မှပြသနာကစတော့တာပါ..ဟိုက်...သွားပြီ..ပိုက်ဆံအိတ်မေ့ခဲ့ပြီ..အလောတကြီးထွက်လာရတော့ပိုက်ဆံ
အိတ်ထည့်ဖို့ မေ့ခဲ့တာပေါ့..လွယ်အိတ်ထဲမှာပိုက်ဆံထည့်တဲ့အကျင့်လဲမရှိတော့ခက်တော့တာပေါ့.
ရှိလိုရှိငြားရှာကြည့်သေးတယ်.ဟော..တွေ့ ပြီ..အန်..ငါးဆယ်တန်တစ်ရွက်..ဒါနဲ့ဘာမှလုပ်လို့ မရတာအား
လုံးအသိပါ..ဟူး...ဘာလုပ်ရပါ့...ဒီအချိန်မှာအပေါင်တခုခုထားရမယ်ဆိုရင်တောင်ထားစရာကမရှိတော့.
ဟင်း..စိတ်မောလိုက်တာနော်..ဘေးဘီဝေ့ကြည့်လိုက်တော့.ဟော...အခုမှတကယ်တွေ့ ပြီ..ကယ်တင်ရှင်.
ကျောင်းကဒုနှစ်ညလေးပါ..ကျမရဲ့ တယောက်အကျော်မှာထိုင်နေတယ်ရှင့်.ကျမလဲသူ့ ကိုတော့မရှက်နိုင်တော့
ဘူးလေ..ဒါနဲ့ ပဲဘေးကတယောက်ကိုကျော်ပြီးသူ့ နားကိုတိုးတိုးလေးနဲ့ အမကို၂၀၀လောက်ချီးပါလားလို့ 
တောင်းလိုက်ရတာပေါ့....သူကလဲအလိုက်တသိနဲ့ တစ်ထောင်တန်တစ်ရွက်ထုတ်ပေးရှာတယ်.
ဒါနဲ့ ပဲကားခပြသနာလေးဖြေရှင်းလိုက်ရတယ်..
ကျမတို့ နှစ်ယောက်ကြားထိုင်နေတဲ့တယောက်ကညလေးဆီကတောင်းနေတာကိုနားမလည်သလိုနဲ့ ကျမကို
ကြည့်နေသေးတယ်...ရှက်လိုက်တာနော်...ဒီနေ့ ကားပေါ်ကတော်တော်များများကျမကိုပြူးတူးပြဲတဲနဲ့ ကြည့်
နေကြသလိုခံစားရတယ်..သူတို့ ကသူ့ အကြောင်းကြောင်းနဲ့ ကြည့်နေပေမယ့်ကျမကတော့ဟိုဟာကိုပဲအိုးမလုံ
အုံပွင့်နေတာပေါ့..
ကားပေါ်ကဆင်းတော့မှတစ်ယောက်ထဲသက်ပြင်းချပြီးကတွတ်ပီလို..
ဟူး..ဒီနေ့ ကံမကောင်းပါလားနော်...လို့ တောင်ရေရွတ်မိသေးတယ်....

Sunday 6 July 2008

တမ်းတဆဲပေါ့

နင်စခဲ့တဲ့ဇာတ်
နင်ပဲအဆုံးသတ်သွားခဲ့တာ
ကြားထဲကငါ့နှလုံးသားက
ဓါားစာခံပေါ့ချစ်သူ
နှလုံးသားမှာနင့်နာမည်
ဆေးမှင်ထိုးသလို
စွဲမြဲနေခဲ့ပြီလေ..
ပျော်ရွှင်ခဲ့ဖူးတဲ့နေ့ ရက်တွေ ကို
တမ်းတနေဆဲပေါ့ချစ်သူရယ်..
နင်အလွယ်လေးထားသွားပေမယ့်
ငါ့ရင်တွေနာကျင်လွန်းလို့ 
အခုထိအငိုမတိတ်သေးဘူး
ပြန်လာနိုးနိုးနဲ့ 
နင့်ကိုမျှော်လင့်ခဲံ့သေးတယ်..
ချစ်တယ်လို့ ပြောခဲ့တာ
အလိမ်အညာတွေလား..
နင်ရေးခဲ့တဲ့ကဗျာတွေ
နင်ဆိုနေတဲ့သီချင်းတွေ
ငါ့အတွက်မှမဟုတ်တော့ပဲ..
ချစ်ခဲ့ကြတာကိုတော့
မမေ့ပါနဲ့ ချစ်သူရယ်..
မပြောလိုက်ရတဲ့စကားတစ်ခွန်း
လေပြေလေးရယ်
ကို့ ဆီသယ်ဆောင်သွားပေးပါကွယ်..
သိပ်ချစ်တယ်ချစ်သူရယ်....

ချစ်ခွင့်

မချစ်တတ်ခဲ့ရင်
အကောင်းသားနော်..
အခုတော့ဆွေးနေ၇ပြီ.
ကံကြမာရယ်
ဆုံနိုင်ခွင့်မပေးချင်ရင်
တွေ့ ဆုံခွင့်လဲမပေးပါနဲ့ လား..
အခုတော့..
အမှတ်တမဲ့မှအမှတ်တရသို့ 
ပျော်ရွှင်ခြင်းမှနာကျင်ခြင်းသို့ 
အသွင်ကူးပြောင်းလေတော့
ငါ့ရင်တခြမ်းလဲ
နာကျင်လို့ မဆုံးတော့ဘူးပေါ့
နင့်နှလုံးသားရဲ့ 
တစ်ထောင့်တစ်နေရာမှာ
ငါ့အတွက်နေရာရှိနေခဲ့ရင်
ဘာမှမတောင်းဆိုလိုဘူး
ချစ်ခဲ့ဖူးတယ်ဆိုတဲ့အသိနဲ့ 
ငါရှင်သန်သွားချင်တယ်
ခွင့်ပြုပါလားကွယ်...

Tuesday 1 July 2008

ဂလိထိုးပြီး၇ီကြပါနော်

ကျမရဲ့  ဘလော့လေးကိုလာ လည်တဲ့သူတွေတော့ပြောကြမှာပဲ...ဘာတွေရေးထားမှန်းမသိဘူးလို့ ....အချစ် တွေကော..အလွမ်းတွေကော...ဘာတွေမှန်းမသိဘူး..စိတ်ညစ်စရာကြီးလို့ ပြောကြမှာပဲနော်..သူများတွေဘလော့ကိုသွားလည်ရင်ဗဟုသုတတွေရကြပြီးကျမဘလော့ကိုလာလည်ရင်တော့ဘာမှန်းမသိတဲ့ရသကိုရကြလိမ့်မယ်....ဟီး....
ဒါကြောင့်အားလုံးအလွမ်းတွေကနေရီစရာလေးတွေလဲဝေမျှလိုက်ချင်ပါတယ်..အားလုံးပဲသိပြီးလဲဖြစ်နိုင်တယ်...သိပြီးရင်လဲမသိသလိုနဲ့ ဝင်ရီပေးကြပါလို့ ..မရီရရင်လဲကိုယ့် ကိုယ် ကိုယ်ဂလိထိုးပြီးရီကြပါလို့ ......ဟီဟိ..