Sunday, 22 June 2008

ဆေးဝါးကျောင်းတော်ကြီးနဲ့ ဆေးဝါးကျောင်းသူများ

ကျမဆယ်တန်းအမှတ်စာရင်းထွက်တဲ့အချိန်မှာဆေးကျောင်းတက်ခွင့်မရတော့မှန်းကျမသိလိုက်ရတယ်..ကျမအမှတ်ကဆေးကိုလဲ
မ၀င်ပဲသူနာပြုအတွက်လဲများနေတော့ဆေးဝါးကျွမ်းကျင်ကိုရွေးဖြစ်ခဲ့တယ်...ဆေးနဲ့ ပတ်သတ်တာကိုဝါသနာပါခဲ့လို့ ပေါ့...
ကျမကျောင်းကိုစစရောက်ခြင်းစိတ်ဓါတ်ကျသွားတယ်..ကျောင်းကအရမ်းဝေးတဲ့မြောက်ဥကလာ...ဝေဘာဂီမှာရှိနေခဲ့လို့ လေ..
ကျောင်းကြီးကဆောက်လို့ မပြီးသေးတော့တ၀က်တပျက်နဲ့ ခြံစည်းရိုးမရှိပဲဘေားပတ်ဝန်းကျင်ကလဲမြက်ခင်းပြင်ပဲရှိနေခဲ့တာပေါ့...
သီအေတာကလဲနှစ်ဆောင်ပဲရှိပြီးစာသင်ဆောင်ကတော့လေးခန်း၊လက်တွေ့ ခန်းကခြောက်ခန်း၊စသဖြင့်အခန်းတွေအခန်းတွေနဲ့ 
ဖွဲ့ စည်းထားတယ်..
ကန်တင်းဆိုလို့ ရှားရှားပါးပါးနှစ်ခုပဲရှိရှိတယ်..တခုကရေပေါ်ကန်တင်း..နောက်တခုကတဲပုတ်ကန်တင်း...ကျမတို့ ဆေးဝါးကျောင်းသူတွေ
နာမည်ပေးခဲ့ကြတာပါ...ရေပေါ်ကန်တင်းကခြေတိုင်ရှည်သစ်သားအိမ်လေးပါ..မိုးရွာတဲ့အခါအောက်မှာရေတွေအိုင်နေတတ်လို့ ရေပေါ်ကန်
တင်းလို့ ခေါ်ခြင်းဖြစ်တယ်..
တဲပုတ်ကတော့ဓနိလေးနဲ့ ဆောက်ထားလို့ တဲပုတ်ကန်တင်းလို့ ခေါ်ခြင်းဖြစ်တယ်...တဲပုတ်ကန်တင်းမှာကိုယ်ကြိုက်နှစ်သက်ရာ
သီချင်းတွေလဲဖွင့်လို့ ရတော့နဲနဲတောင်romanticဆန်သလိုလိုပါပဲ...
အော်...ပြောရဦးမယ်...ကျမတို့ ကျောင်းရဲ့ ထူးခြားချက်ကအားလုံးဟာကျောင်းသူတွေကြီးပဲဖြစ်နေခဲ့တာပါ...ရှားရှားပါးပါးယောက်ကျားလေး
တယောက်ပဲရှိတယ်လေ..ကျမပထမနှစ်တုန်းကကျမတို့ အတန်းမှာတယောက်၊ဒုတိယနှစ်မှာနှစ်ယောက်ရှိခဲ့တယ်..
ကျမတို့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာကင်းတွေကွင်းတွေရွေးကြတော့သူပဲကင်းကိုပြိုင်ဘက်မရှိနဲ့ ရသွားခဲ့တာပေါ့...
အင်း..ပြီးတော့ကျောင်းမှာစိန်ပန်းနီတွေပွင့်မနေခဲ့ပေမယ့်ကံ့ကော်ပန်းတွေနဲ့ တော့ဝေဆာနေတယ်ဆိုပါတော့ရှင်...ကျောင်းသူတွေပဲ
သစ်ပင်ကိုမမှီမကမ်းနဲ့ ပန်းတွေခူးခဲ့ကြသေးတယ်..
ယောက်ကျားလေးရှိမနေခဲ့တာကြောင့်..အဲ..တယောက်ပဲရှိနေခဲ့တာကြောင့်မို့ မိန်းကလေးတွေဟာဘာကိုမှဂရုမစိုက်ပဲကိုယ်နေချင်သလို
free styleနေခဲ့ကြတာပေါ့...ကြည့်မယ့်ယောက်ကျားလေးမှမရှိတာကိုနော်...ဘာကိုဂရုစိုက်ရမှာလဲ...နော့...
ယောက်ကျားလေးမရှိပေမယ့်မိန်းကလေးကျောင်းမို့ အလှအပတော့အပြိုင်အဆိုင်တွေလဲရှိခဲ့တယ်ဆိုပါတော့..သူ့ ထက်ငါလှအောင်အစွမ်း
ကုန်ပြင်ဆင်ကြတယ်လေ..ပထမနှစ်ကျောင်းသူဘ၀ကပုံစံကခပ်တုံးတုံး၊မအူမလည်နဲ့ တဖြည်းဖြည်းအတန်းတွေကြီးလာတာနဲ့ အမျှ
အလှအပဆိုတာကိုနားလည်လာကြတယ်...လှချင်လာတယ်..ပြင်လာကြတယ်...လှလာကြတယ်..အလှအပကိုသိပ်စိတ်မ၀င်စားတဲ့
ကျမတောင်နောက်ဆုံးနှစ်ရောက်လာတော့ဆံပင်ဖြောင့်လိုက်တာပဲကြည့်လေ...ဟီး...
စာလဲကြိုးစားကြတာပေါ့..ဒါပေမယ့်ငယ်ငယ်တုန်းကိုအပြိုင်အဆိုင်တော့မရှိကြတော့ဘူး...တယောက်နဲ့ တယောက်ဖေးဖေးမမနဲ့ 
စာနာတတ်တဲ့အသည်းနှလုံးကိုယ်စီနဲ့ ပေါ့...
ပြီးတော့မိန်းကလေးကျောင်းဖြစ်နေတော့တခြားကျေုာင်းကယောက်ကျားလေးတွေလဲလာလည်ကြတယ်...အတန်းပြီးရင်ကိုယ်စီ
ကိုယ်စီအတွဲလေးတွေနဲ့ ပြန်သွားကြတယ်..ဒါကကျမတို့ သယ်ရင်းတစုကအားကျသလို၊နာလိုသလိုနဲ့ ကြည့်နေခဲ့ကြတာပါ..
(ကျမသယ်ရင်းတွေကိုပြန်မပြောနဲ့ နော်...ရှူး...တိုးတိုး...)
ကျမတို့ ကျောင်းရဲ့ အနောက်လို့ ပြောလို့ ရတဲ့နေရာမှာဘုရားတွေရှိနေခဲ့လို့ ကျောင်းသူတွေဖယ်ရီစောင့်ရင်းဘုရားဖူးဖြစ်
ကြတယ်..ဘုရားဖူးရင်း...လိပ်ဥတူးရင်း...ဖယ်ရီစောင့်ရင်းပေါ့....
ကျမတို့ ကျောင်းနားမှာကူးစက်ဆေးရုံရှိပြီးရေဝေးနဲ့ လဲနီးနေခဲ့လို့ လူတွေကနင်တို့ ကျောင်းကရေဝေးနဲ့ နီးတယ်နော်လို့ 
နောက်သလိုပြောင်သလိုပြောကြသေးတယ်...တွေးတာနဲ့ ကိုကြက်သီးထစရာကြီး.....
မိန်းကလေးကျောင်းမို့ လားမသိဘူးအတင်းတွေသတင်းတွေကတော့စုံမှစုံ...သတင်းစာမဖတ်ပဲကျောင်းကိုသွား
လိုက်ရင်တောင်သတင်းစာထက်စုံတဲ့သတင်းတွေနဲ့ အိမ်ပြန်ရောက်စေရမယ်..ဟီးဟီး...
အင်း..ဘာကျန်သေးလဲ...သြော်..ပါပါကြီးနဲ့ ကျောင်းကတီချယ်လေးတွေအကြောင်းကျန်သေးတာပဲ....
ပါပါကြီးဆိုတာကပါမောက်ခချုပ်ကြီးကိုချစ်စနိုးနဲ့ ခေါ်တာလေ..ဆရာကလဲရှားရှားပါးပါးလေ်းယောက်...ဆရာမတွေကတော့
အများကြီးပေါ့...တီချယ်တွေကိုတောင်နာမည်ပြောင်လေးတွေပေးထားတာရှိတယ်...မပြောတော့ပါဘူး
တော်ကြာတီချယ်တွေသိရင်အမဲခံနေရဦးမယ်...ဟီး...မီးမီးကြောက်ကြောက်.....
ကျမတို့ ကျောင်းကိုမိန်းမလှကျွန်းလို့ လဲအမည်တွင်သေးတယ်လေ...ဒါကလဲတခြားသူတွေပေးတာမဟုတ်ပါဘူး
ကျမတို့ ဆေးဝါးကျောင်းသူတွေပဲပေးခဲ့ကြတဲ့နာမည်ပါရှင်...ဟဲဟဲ....
ကျောင်းကြီးကလဲပြင်ဆင်လာတာနဲ့ အမျှလှလာပါတယ်...ဂိတ်လေးတွေနဲ့ ပန်းပင်လေးတွေ နဲ့ ဝေဆာလှပနေခဲ့ပါပြီ...
ကျောင်းပြီးခါနီးတော့လဲကျောင်းကြီးကိုသံယောဇဉ်တွယ်လာသလိုလိုပါပဲ....ခွဲရမှာကိုတောင်ဝမ်းနဲ သလိုလိုနဲ့ 
ဘယ်လိုမှန်းတောင်မပြောတတ်တော့ပါဘူး....
ဒါပေမယ့်...ခွဲသွားရမှာပါပဲ...ဒါမှလဲကျောင်းတော်ကြီးကသူမွေးထုတ်လိုက်တဲ့ကျမတို့ လိုလူတွေအတွက်
ဂုဏ်ယူနေတော့မှာပေါ့ရှင်.....

1 comments:

မြရွက်ဝေ said...

သီရေတာနှစ်ဆောင်တောင် ရှိပြီဆိုတော့ တိုးတက်လာတဲ့ အခြေအနေပေါ့။ အမတို့တုန်းက ဘာဘာ ဘာမှမရှိဘူး။ :P