Sunday 14 June 2009

တကယ့်အဖြစ်အပျက်တဲ့ လား

သူ.....ဘာလို့ များကျွန်မအပေါ်ဒီလိုတွေဆက်ဆံနေပါလိမ့်......
ကျွန်မခေါင်းထဲမှာမေးခွန်းတွေ....မေးခွန်းတွေ..တသီကြီး...
ဘာကြောင့်များလဲ.....
အရင်လိုနူးညံ့သိမ်မွေ့ ခြင်းတွေပျောက်ဆုံးနေခဲ့တာဘာကြောင့်
လဲ......
အားလုံးအပေါ်အညင်သာဆုံးဆက်ဆံတတ်တဲ့ သူက ကျွန်မနဲ့ ကျမှ
ဘာကြောင့်ပြောင်းလဲသွားတာလဲ....
ကျွန်မကပဲသိပ်ညံ့နေခဲ့တာလား.....
လျစ်လျူုရှုမှုတွေ.....ခနဲ့ သဲ့သဲ့စကားတွေ.....
"မင်းထင်ချင်သလိုထင်" တဲ့ လား.....
ဘယ်သူ့ အပေါ်မှာမလုပ်ဖူးတဲ့ အချိုးတွေကျွန်မနဲ့ ကျမှလာချိုးနေတာ
ဘာကြောင့်များလဲ......
ဒါဟာ............
အိပ်မက်တစ်ခုဆိုရင်ကျွန်မအိပ်ရာကချက်ချင်းထခဲ့မိမှာပဲ...
ပုံပြင်တစ်ပုဒ်ဆိုရင်စာအုပ်ကိုချက်ခြင်းဆုတ်ဖြဲမိမှာပဲ....
ဇာတ်လမ်းတစ်ပုဒ်ဆိုရင်TV ကိုချက်ခြင်းထပိတ်မိမှာပဲ....
ဒါပေမယ့်...ဒါပေမယ့်
ဒါဟာအိပ်မက်တစ်ခုမဟုတ်ခဲ့ဘူး
ပုံပြင်တစ်ပုဒ်လဲမဟုတ်ခဲ့သလို
ဇာတ်လမ်းတစ်ပုဒ်လဲမဟုတ်ခဲ့ပြန်ဘူးလေ....
ဒါ.........

အဖြစ်အပျက်တစ်ခု

"တကယ့်အဖြစ်အပျက်တစ်ခု"

အတွင်းကနာကျင်မှုကြောင့်ကျလာတဲ့ မျက်ရည်ကိုကြည့်ရင်း
ကျွန်မ...
တစ်ချက်လေးပဲပြုံးလိုက်မိတယ်...
ဒါဟာခနဲ့ ပြုံးလား.....
မဲ့ ပြုံးလား...
နာကြည်းတဲ့ အပြုံးလားဆိုတာ
ကျွန်မ မဝေဖန်တတ်ခဲ့ဘူး.....
သေချာတာတစ်ခုကတော့
နှစ်လိုဖွယ်အပြုံးတစ်ခုမဟုတ်ဘူးဆိုတာပါပဲ.......................။

Wednesday 10 June 2009

ကျွန်မရဲ့ ဝါသနာ

ကျွန်မအခုတလော ပို့ စ်မတင်ဖြစ်တာကြာနေပြီ..မအားတာ
တစ်ကြောင်း၊စိတ်ညစ်နေတာတစ်ကြောင်း၊ပျင်းတာတစ်ကြောင်း၊
အကြောင်းတွေစုပြီးဘာမှကိုမလုပ်ဖြစ်တာ....။
ဒီနေ့အွန်လိုင်းတက်ဖြစ်တော့ အမ နှင်းဆီနက်က တက်ဂ်ထားတယ်
တဲ့.. ပြောသွားတယ်လေ..အဲ့ဒါနဲ့ ပဲ ဘာအကြောင်းအရာနဲ့ တက်ဂ်ထား
ပါလိမ့်ဆိုပြီးသူ့ ဆီအပြေးတပိုင်းနဲ့ သွားကြည့်ရသေးတယ်..
ဘာတဲ့ .. ၀ါသနာ... တဲ့ လေ..
အင်း...လူဖြစ်လာရင်တော့ဝါသနာကိုယ.်စီရှိကြရတာပဲလေ..
ကျွန်မလဲလူထဲကလူဆိုတော့.. ၀ါသနာတော့ရှိတာပေါ့နော်..
ဒါပေမယ့်ကျွန်မရဲ့ ဝါသနာက သူများဝါသနာလိုသိပ်စိတ်ဝင်စားဖို့ တော့
မကောင်းလှဘူး...။
ကျွန်မ ငယ်ငယ်တည်းက သီချင်းဆိုတာဝါသနာပါခဲ့တယ်..
ဘုရားကျောင်းမှာလဲ သီချင်းတွေဆိုဖြစ်တယ်.. ငယ်ငယ်ကဆို ကလေးသီချင်း
ဆိုတာ တော်တော်ရှားတယ်လေ..အဲ့ဒီတော့ကျွန်မသီချင်းဆိုရင်အားလုံးကချီး
ကျူးကြတယ်.. ကလေးဖြစ်ပြီးတော်လိုက်တာပေါ့နော်..အဲ့လိုမျိုးပေါ့..ဟီး.. :P
ကြီးလာတော့နဲနဲရှက်တတ်လာတယ်.. တခါတလေမှပဲဆိုဖြစ်တော့တယ်..
မဆိုတာတောင်တော်တော်ကြာနေပြီ.. ဟီး.. ကိုယ့်အကြောင်းကိုယ်သိလို့ .. :P
ကျွန်မသီချင်းဆိုရင် အပြင်လူတွေက ကောင်းတယ်လို့ ပြောကြပေမယ့်..
အိမ်ကလူတွေကတော့ "နင်ဆိုတာ ဘယ်လိုကြီးလဲံ.. ဘယ်နေရာမှာဘာလိုတယ်..
ဟိုနေရာကိုဟိုလိုဆိုလိုက်ရင်ပိုကောင်းမယ"်ဆိုပြီး ဝေဖန်လိုက်ကြတာပျစ်ပျစ်နှစ်နှစ်ပဲ..
အိမ်ကလူတွေရှေ့မှာသီချင်းတောင်မဆိုရဲလောက်အောင်ပဲ.. အဲ့လောက်တောင်ချီးကျူး
ကြတာ....ဟဲဟဲ..
အခုနောက်ပိုင်း..တစ်နှစ်လောက်တော့ရှိပြီ..ကျွန်မ ကဗျာရေးတာဝါသနာပါလာတယ်..
အစကတော့စာအုပ်ပေါ်မှာခဲတံနဲ့ ရေးချတယ်..ပြီးရင်ပြန်ဖတ်တယ်..မကြိုက်ရင်ပြင်တယ်..
ကြိုက်ရင်တော့ဘလော့ဂ်ပေါ်တင်တော့တာပဲ..သူများကြိုက်မကြိုက်မသိဘူးး..ကိုယ်
ကြိုက်နေရင်ရပြီ..အဲ့လိုမျိုး..........................။
ကျွန်မလိုအေးဆေးပြီးစကားများများမပြောတတ်တဲ့ သူအဖို့ တော့ခံစားချက်လေးတွေ
ကိုကဗျာအဖြစ်ပြောင်းပြီး..ဘလော့ဂ်မှာတင်နေ၇တာနဲ့ တင်ကျွန်မကျေနပ်နေတတ်ခဲ့
တယ်လေ......။
ကဲ..အမနှင်းဆီနက်ရေ....အမတက်ဂ်တဲ့ ပို့ စ်လေးရေးလို့ ပြီးသွားပြီနော်..
ချင်းချင်းရဲ့ ဝါသနာကတော့သိပ်စိတ်ဝင်စားဖို့ မကောင်းဘုးနော်..ဟီး
အားတောင်နာတယ်....
သူများတွေကိုတော့လိုက်ပြီးမတက်ဂ်တော့ပါဘူး....။
မမနှင်းဆီနက်ကျေနပ်နိုင်ပါစေ................................။