Monday 29 July 2013

ကဗျာ..

တခါတလေ အထင်နဲ့ အမြင်က
တက်တက်စင်အောင်လွဲတတ်တယ်..
ငါ့မှာ အစွဲ တစ်ခုတော့ရှိတယ်..
အသည်းတွေကွဲသွားသည့်တိုင်..
အလွဲဆိုတဲ့ အရာတွေကို..
ငါ တွဲကြည့်ချင်သေးတာ...။

နိယာမ နဲ့ ပုံသေနည်းထဲ..
ထည့်တွက်လို့ မရတဲ့ အချစ်မှန်း သိပေမယ့်
နယူတန် ကိုယုံစားမိတဲ့ ငါ..
စုံလုံးကန်းပြီး ၀င်တိုးခဲ့တဲ့ နွံထဲ..
ရုန်းမထွက်နိုင်အောင် ငါ နစ်မွန်းခဲ့ဖူးတယ်...။

မှင်နီတွေ ခဏခဏတားခံရတာတောင်..
အပြုံး တ၀က်နဲ့ ရှေ့ ဆက်ခဲ့တာ..
နောက်ဆုံးတော့လဲ အရှုံးနဲ့ ပဲကြုံရတာပါပဲ..။

ဘယ်သူ့ ကိုမဆို တောင်းလွန်းရင် မပေးချင်တဲ့ ငါ..
ဝဋ်လည်တယ်လို့ ခေါ်မလား...?
ငါတောင်းတာလဲ သူမပေးချင်ခဲ့ပေမယ့်..
သူ့ အပြစ်လို့ ငါ မမြင်ရက်ခဲ့ဘူး..။

တကယ်ဆိုငါက..
ရေပေါ်မှာမှ စာသွားရေးမိတာကိုး..
အရာ မထင်တာ အဆန်းတော့မဟုတ်ပါဘူး..
ဂယက်နဲနဲထရင် ကို လုံလောက်ပြီ...။

ဟုတ်ပါတယ်.. ဘ၀ ဆိုတာ ခဏလေးပါ..
လူသားသန်းပေါင်းခြောက်ထောင်ထဲ
အပါအ၀င်ဖြစ်တဲ့ မင်းနဲ့ ငါ..
ခရီးတစ်ကွေ့ မှာ ခဏတာ ဆုံတွေ့ ခဲ့တာအတွက်
တစ်ဘ၀စာ အမှတ်တရ အဖြစ်
ရင်ဘတ်ကြီးထဲ သော့ခတ်သိမ်းပြီး
ရှေ့ ဆက်ရမယ့် ကျန်ဘ၀ခရီးလမ်း
အပြုံးမပျက် ကိုယ့်လမ်းကိုယ်လျှောက်..
ဆက်လက်ချီတက်ကြစို့ လား...။