Friday 29 August 2008

ကြေကွဲနေမယ်


နင်သိပ်ချစ်တဲ့ အပြုအမူ
ငါမလုပ်တတ်ခဲ့ဘူး
နင်စွဲလန်းတဲ့ မဲ့ပြုံး
ငါမပြုံးတတ်ခဲ့ ဘူး
နင်နှစ်သက်တဲ့ ဘာမထီအကြည့်
ငါမကြည့်တတ်ခဲ့ဘူး
နင်ရူးသွပ်တဲ့ မာနတရား.
ငါမထားတတ်ခဲ့ဘူး
နင့်ရင်ထဲကစံပြတစ်ယောက်
ငါမဖြစ်နိုင်ခဲ့ဘူး
နင်သိပ်မုန်းတဲ့ ပျော့ဖတ်ဖတ်လူတစ်ယောက်သာ
ငါဖြစ်ခဲ့ တယ်လေ..
ချစ်သူရေ....
နင့်စိတ်ကူးထဲကချစ်သူပုံရိပ်
ငါမဖြစ်နိုင်ခဲ့လို့ 
အသည်းနှင့်အောင်
ချစ်ခဲ့ ပေမယ့်
ငါ့အချစ်တွေကို
့နင်တစ်ယောက်သိအောင်
ထုတ်မပြတော့ပဲ
ရေငုံနှုတ်ပိတ်လို့ 
လောကကြီးရဲ့ ထောင့်တစ်နေရာမှာ
တိတ်တိတ်လေးကြေကွဲနေမယ်...

Sunday 24 August 2008

ဘ၀အမော


ကျယ်ပြောလှတဲ့ 
ကောင်းကင်ပြာကြီင်္းအောက်မှာ
နေမင်းကြီးထိန်ထိန်လင်းလို့ 
ပင်လယ်လှိုင်းပုတ်သံတွေ
ဇင်ယော်ငှက်တွေရဲ့ 
အတောင်ပံခတ်သံတွေ
လေပြည်ညှင်းရဲ့ 
တိုးလျလျတိုက်ခတ်သံတွေဟာ
ပန်းချီကားတစ်ချက်လို
လှပနေခဲ့တယ်......
ဒီပန်းချှီကားလေးကို
စိန်ပြေနပြောထိုင်ကြည့်နေခဲ့ တဲ့ 
အခိုက်အတန့် 
အရာအားလုံးကိုမေ့လျော့ပစ်ခဲံ့တယ်.....
ဘ၀ရဲ့ ရင်မောစရာ
ပူပင်သောကတွေကို
ကော်ဖီခါးခါးတစ်ခွက်နဲ့ မတူ
ထည့်ဖျော်ရင်း
မျက်စိစုံမှိတ်
တစ်ကျိုက်ထဲသောက်လိုက်ရတဲ့ ခဏ
ဟား.....................
ပူပင်သောကဆိုတာ
မရှိတော့ပါလား.......

Monday 18 August 2008

ခွင့်ပြုနော်..

ဘာကိုမှမသိနားမလည်တဲ့ 
အဖြူရောင်ကျမဘ၀ထဲကို
ခွင့်ပြုချက်မတောင်းပဲ
ဝင်လာခဲ့တယ်.
အရောင်စုံအောင်ချယ်ပေးတယ်
ချစ်တတ်လာအောင်သင်ကြားပေးတယ်
စွဲလန်းသွားအောင်လာပြုစားတယ်
ရင်ခုန်သံတွေဟန်ချက်ပျက်ခဲ့ရတယ်
ပူလောင်မှုတွေပေးခဲ့တယ်
နာကျင်မှုတွေသွပ်သွင်းခဲ့တယ်
လမ်းခွဲစကားကိုအကြိမ်ကြိမ်ပြောတယ်
သူ့ ရဲ့ အချစ်ဦးဖြစ်ခွင့်မရခဲ့တဲ့ကျမ
အချစ်ဆုံးလဲဖြစ်ခွင့်မရခဲ့ရင်
ရှင်သန်ခြင်းတွေဟာ
အဓိပ်ပါယ်မဲ့နေခဲ့မှာပေါ့.
ချစ်သူရေ.
ပြန်မချစ်နိုင်တော့ရင်တောင်
အသိမပေးပဲနေပေးပါ
ချစ်ခဲ့တယ်ဆိုတဲ့ အသိနဲ့ ရှင်သန်သွားချင်လို့ ပါ.

Saturday 16 August 2008

ကြက်ဥခွံနဲ့ ဒီလိုလုပ်လို့ ရတာကိုသိကြလား..



ဖရဲသီးလေးနဲ့ ပုံအမျိုးမျိုးလုပ်ထားကြတယ်လေ..






Tuesday 5 August 2008

အချစ်နောက်ကွယ်.........


သိပ်ချစ်လွန်းလို့ 
အရာရာမှာသူ့ အလိုလိုက်
သူ့ အကြိုက်ဆောင်ခဲ့တာတွေဟာ
နောက်ဆုံးတော့အပါစားအချစ်ဖြစ်ခဲ့ရတယ်
အချစ်ဆိုတဲ့သီအိုရီကြီး
သူနဲ့ ကျမအကြားပြောင်းပြန်လည်ခဲ့ရတယ်.
သူစိတ်ကောက်တိုင်းပြန်ချော့ခဲ့ရတဲ့ ကျမ
သူငြိုငြင်မှာကြောက်နေရတဲ့ကျမ
သူထားခဲ့တိုင်းနေခဲ့ရတဲ့ကျမ
ချစ်သူ.
သိပ်ချစ်လို့ သာအနွံတာခံတာ
ကျမအချစ်ကပေါ့ပျက်ပျက်တော့မဟုတ်ခဲ့ဘူးနော်.
အရာရာမှာအတိုင်းအတာနဲ့ .
သူ့ ဘောင်ကျော်ရင်ပြောင်းပြန်မှ
အတည့်ကိုပြောင်းသွားတတ်တာမို့ ..
ချစ်တတ်လွန်းတဲ့ ကျမ.
ရက်စက်တတ်တာကိုတော့
မေ့မထားနဲ့ ပေါ့ချစ်သူရာ......

Monday 4 August 2008

ရက်စက်သွားတဲ့ချစ်သူ

အရမ်းချစ်တတ်ခဲ့တဲ့ကျမ..ကိုယ်ချစ်တဲ့ သူဆီကလဲအချစ်ကိုအ၇မ်းလိုချင်ခဲ့တဲ့ကျမ.
နောက်ဆုံးတော့လဲအချစ်တွေမရတဲ့ အပြင်အမုန်းတွေသာရခဲ့တယ်..
စိတ်ကုန်တယ်ဆိုတဲ့စကားလေးနဲ့ ကျမဘ၀ထဲကသူ...ကျမမနှင်ပဲထွက်သွားခဲ့ပါပြီ..
ကျမမှာသူ့ ကိုတွေ့ ရဖို့ နေနေသာသာသူနဲ့ တောင်စကားမပြောရတော့တဲ့အပြင်
သူရှိနေတာတောင်သိခွင့်မရတော့တာပါ....အော်ကျမဘ၀.
လောဘတွေမောဟတွေများခဲ့တာကိုပဲအပြစ်တင်ရတော့မှာပဲ...
သူ့ ကြောင့်ပူလောင်ခဲ့ရတယ်...နာကျင်ခဲ့ရတယ်..လူတွေကိုဂရုမိစူက်တတ်ခဲ့တဲ့ကျမ
သူ့ ကိုတော့သဲသဲလှုပ်အောင်ဂရုစိုက်တတ်ခဲ့တယ်...ဒီလိုဂရုစိုက်လွန်းတာကို.
သူကမကြိုက်ဘူးတဲ့ လေ...သူ့ အတွက်ပူလောင်နေတာကိုမလိုချင်ဘူးတဲ့ .
သူဟာကျမအတွက်မဟုတ်ဘူးလို့ လဲအကြိမ်ကြိမ်သတိပေးခဲ့တယ်..
ခွဲခွါဖို့ အကြောင်းပဲအမြဲပြောခဲ့တယ်...မချစ်မိအောင်ကြိုးစားနေတယ်တဲ့ ...
ကျမကိုလဲဘယ်တုန်းကမှအကောင်းမပြောခဲ့ဘူး..ရုပ်ဆိုးတယ်..အသံကလဲကောင်းမှာမဟုတ်ပါဘူး.
စသဖြင့်ပေါ့လေ...သူနဲ့ သိခွင့်ရတဲ့အချိန်လေးတွေဟာကျမအတွက်ပျော်စရာအချိန်လေးတွေပါ..
အခုတော့သူကျမနားမှာမရှိတော့ဘူးလေ...ကျမပေါက်ကရပြောတာတွေကိုနားထောင်ပေးမယ့်သူမရှိတော့ဘူး.
ကျမဂျီကျသမျှခံပေးမယ့်သူမရှိတော့ဘူး...အလိုလိုက်မဲ့သူမရှိတော့ဘူး..
ကျမစပ်စုသမျှပြောပြပေးမယ့်သူမရှိတော့ဘူး....လွမ်းတော့လွမ်းမိသားကွယ်..
အရင်လိုအချိန်တွေပြန်ပြီးတော့သာရနိုင်မယ်ဆိုရင်အရမ်းကိုပြန်လိုချင်မိတယ်....
ပြန်လာပေးပါ..