Friday 27 June 2008

မချစ်တတ်ချင်ဘူး

ကျမလူတွေကိုလွယ်လွယ်နဲ့ မချစ်တတ်ဘူး...ချစ်မိရင်လဲအသေအလဲချစ်တတ်တယ်..
ကျမကပဲကံဆိုးနေတာလားမသိဘူး...ငယ်ငယ်တည်းကချစ်တဲ့လူတွေရဲ့ အချစ်ကိုမ
ရခဲ့ဘူး...၅၂၈နော်...အဲဒီအတွက်ကျမမျက်ရည်ကျခဲ့ရတယ်...ငိုခဲ့ရပေါင်းများလှပေါ့...
ကျမဟာအရမ်းကိုအစွဲအလန်းကြီးတဲ့ကောင်မလေးတစ်ယောက်ပေါ့...ဒါကိုသိနေတဲ့
အကိုတယောက်ကပြောတယ်...ညီမသိပ်မချစ်နဲ့ တဲ့...အရာရာကိုသိပ်ဆုတ်ကိုင်မထားပါ
နဲ့ တဲ့လေ....
အစွဲအလန်းလဲသိပ်မကြီးပါနဲ့ တဲ့...အဲဒီအချိန်ကစလို့ ကျမဟာလူတွေကိုမချစ်တော့တာတော့မဟုတ်ဘူး...သိပ်မစွဲလန်းတတ်တော့တာ...
သူ့ ကို ကျေးဇူးတင်လို့ မဆုံးဘူးပေါ့ရှင်...
ဒါပေမယ့်သူ့ ကို တော့ကျမမေ့ပစ်ဖို့ ခက်နေတုန်းပဲ...ဒါကိုတော့ကျမကြိုးစားရဦးမယ်
ထင်တယ်...

2 comments:

Anonymous said...

ချင်းမလေးတို့များ အချစ်က ကြမ်းဆို... အသေအလဲတဲ့.. မလုပ်ပါနဲ့... ဖြေးဖြေးချစ်ပေါ့ဆို

Squall said...

yay khel jit ko pyaw tar lar hin? :P :D