Thursday 9 August 2012

ဆုတောင်း(၂)

မိုးသည်းတဲ့ ညတစ်ညမှာပေါ့...
စင်တင်ပြဇာတ်တစ်ပုဒ်..
အရှုပ်ထုတ်တွေဖြေရင်း
တစ်ကွက်ပြီးတစ်ကွက်..
ကွင်းကွင်းကွက်ကွက်နဲ့ 
ငါ့ရှေ့ မှာ နင်ချပြခဲ့တယ်...။

ကမ္ဘာကြီးပြောင်းပြန်လှန်သွားသလိုပါပဲ..
ငါ့ရင်တွေဗြောင်းဆန်သွားခဲ့တယ်...
ရင်ဘတ်တစ်ခုလုံး
ကွဲထွက်မတတ်ခံစားရတယ်...။

ငါယုံကြည်ခဲ့တဲ့ အချစ်
ငါကိုးကွယ်ခဲ့တဲ့ အချစ်
ငါမြတ်နိုးခဲ့တဲ့ အချစ်က
လှည့်ကွက်တစ်ခုဆိုတာ သိလိုက်ရချိန်
လှည့်ထွက်ဖို့ ငါ ကြိုးစားပေမယ့်
ငဲ့ကွက်စရာတွေက
ငါ့နှလုံးသားကို အစိတ်စိတ်အမြွာမြွာ
ကွဲအက်စေတယ်လေ...။

ဒီနေ့ ပြီးရင်
အားလုံးပြီးဆုံးသွားပြီဆိုတဲ့ အသိ...
နောက်ထပ်ဘယ်တော့မှမတွေ့ ရတော့ဘူးဆိုတဲ့ အသိ...
အရမ်းမြတ်နိုးတဲ့ အရာတစ်ခု
လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ အသိ...
အဆိုးဆုံးက....
ချစ်ခွင့်မရှိတော့ဘူးဆိုတဲ့ အသိ...
အသိတွေက ရင်ကိုနင်းခြေလိုက်သလိုပါပဲ..
နာကျင်နေခဲ့တာ.....။

"တောင်းပန်ပါတယ်" တဲ့ 
ဗြောင်းဆန်သွားတာတော့ သူမသိဘူး..
ဟောင်းတာတွေ ကောင်းတာနဲ့ လဲဖို့ 
သူထွက်သွားခဲ့တာ
ပဲ့ထွက်သွားတဲ့ ငါ့နှလုံးသားလေးပဲ
အဖတ်တင်ကျန်ရစ်တယ်...။

ချစ်သူ....
အမုန်းဆိုတာ အရှုံးလို့ 
ငါသတ်မှတ်ပေမယ့်
ဆက်ပြီးမုန်းနေမိတာ..
ထပ်ပြီးအရှုံးပေးဖို့ တော့
မဟုတ်ခဲ့ဘူးနော်...။

အသစ်တွေသာလိုချင်တဲ့ ချစ်သူ
အစစ်တွေသာရပါစေ...
ဒါပေမယ့် တစ်ခုပဲ..
ဝဋ်ဆိုတာလည်တတ်သတဲ့ ...
အနှစ်မရှိတဲ့ ဘ၀မှာ
အဖြစ်မရှိတဲ့ လူသားမဖြစ်ဖို့ ...
အပြစ်တွေဝန်ချနိုင်ပါစေ....။

3 comments:

လွင်ပြင်လှိုင်းငယ် said...

အသစ်တွေသာလိုချင်တဲ့ ချစ်သူ
အစစ်တွေသာရပါစေ...
ဒါပေမယ့် တစ်ခုပဲ..
ဝဋ်ဆိုတာလည်တတ်သတဲ့ ...
အနှစ်မရှိတဲ့ ဘ၀မှာ
အဖြစ်မရှိတဲ့ လူသားမဖြစ်ဖို့ ...
အပြစ်တွေဝန်ချနိုင်ပါစေ....။

စာသားတွေက အရမ်းမိုက်တယ် ဟစ်ဟော့သီချင်းဆိုတဲ့သူတွေတွေ့ရင် စာသားတွေကူးချသွားနိုင်တယ် ။တကယ့်ကို အရမ်းကောင်းပါတယ် ။

အိပ်မက်ကောင်းကင် said...

ကဗျာလေးကဖတ်လို့ အရမ်းကောင်းပါတယ်
ကဗျာလေးရဲ့ အပိုဒ်တိုင်းမှာလေး အဓိပ္ပာယ်တွေ လေးနက်လွန်းလှတယ်
ကဗျာလေးဖတ်ရင်း နဲ့ကို စိတ်က ကဗျာထဲမှာ မျှောပါသွားတယ် ကဗျာလေးကိုအားပေးသွားတယ်နော်
ခင်တဲ့
(အိမ်မက်ကောင်းကင်)

စံပယ်ချို said...

အသစ်ရှာသွားတဲ့ချစ်သူလေးကိုသတိတရ
ရေးထားတာလေးပေါ့နော်
စာသားလေးတွေလှတယ်ညီမရေ