Thursday 30 August 2012

တောင်းဆိုတယ်..

ငါ့စိတ်တွေရှုပ်ထွေး
အတွေးတွေလဲ တုပ်ကွေးမိသလို
နုံးချိချိနဲ့  ယဲ့တဲ့ တဲ့ အပြုံးတွေရယ်..
နဲ့ တဲ့ တဲ့ ခြေထောက်တွေတောင်
ယိုင်မသွားအောင်..
အယောင်ဆောင်ပြီး ငါ
ထောင်လွှားသယောင်ဆောင်ပြခဲ့တယ်....

လာမယ့်အနာဂါတ်လား....
ငါတွေးကြောက်နေတာ..
သူချောက်နေတာမဟုတ်မှန်းသိလဲ..
အလိုလိုနေရင်း ငါ့စိတ်တွေ
ဆောက်တည်ရာမဲ့ နေတယ်...

မနက်ဖြန်ဆိုတာ
VCD တစ်ချပ်သာဆို
ငါငိုရမယ့်နေ့ တွေအတွက်
အကွက်ကျကျရောက်လာမယ့်
မနက်ဖြန်ပေါင်းများစွာကို
သိုသိပ်စွာ မျိုသိပ်မနေပဲ
ရဲရဲရင့်ရင့် ရစ်ပစ်ချင်မိတယ်....

ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ ငါ့အနား..
သူရောက်လာတဲ့ တစ်နေ့ ..
လှိုက်လှိုက်လှဲလှဲမကြိုဆိုနိုင်တောင်..
သူ့ အတွက် ထိုက်တန်အောင်..
အလိုက်အထိုက်တော့ နေပေးရမှာပေါ့လေ...

ဒါပေမယ့် ကြိုတောင်းပန်မယ်..
မယ်မယ်ရရ စကားမဆိုတတ်လို့ 
ငါ့အပြုံးတွေချို့ တဲ့ နေခဲ့ရင်..
ငါ့ကိုအပြစ်မဖို့ ပါနဲ့ ...
မဆို့ မပို့ ခံစားချက်တွေနဲ့ 
ယဲ့ ယဲ့လေးကျန်တော့တဲ့ 
ငါ့ရင်တစ်ခြမ်း ပဲ့နှင့်နေခဲ့ပြီမို့ 
ငါ့လုပ်ရက်အားလုံးကို
ဖြစ်နိုင်ရင် ဘေးမဲ့ ထားပေးပါ....။

6 comments:

အိပ်မက်ကောင်းကင် said...

" ငါ့စိတ်တွေရှုပ်ထွေး
အတွေးတွေလဲ တုပ်ကွေးမိသလို
နုံးချိချိနဲ့  ယဲ့တဲ့ တဲ့ အပြုံးတွေရယ်..
နဲ့ တဲ့ တဲ့ ခြေထောက်တွေတောင်
ယိုင်မသွားအောင်..
အယောင်ဆောင်ပြီး ငါ
ထောင်လွှားသယောင်ဆောင်ပြခဲ့တယ်.... " တဲ့
မမချင်းမလေး တစ်ယောက် ခံစားချက်တွေပျင်းလို့ထင်တယ်
ကဗျာလေးက နူးညံ့ပြီး ဖတ်လို့ ကောင်းနေတယ်
ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်

Yoemyaykya said...

အရမ်းဖတ်လို့ကောင်းတယ်စာသားတွေက။

လင်းခေတ်ဒီနို said...

ယဲ့ ယဲ့လေးကျန်တော့တဲ့ 
ငါ့ရင်တစ်ခြမ်း ပဲ့နှင့်နေခဲ့ပြီမို့ 
ငါ့လုပ်ရက်အားလုံးကို
ဖြစ်နိုင်ရင် ဘေးမဲ့ထားပေးပါ....။

း)
ကိုယ့်ကိုယ် ဥပေက္ခာပြုခိုင်းလိုက်တာ တော်တော်လေး လုပ်ရခက်တဲ့ အလုပ်ပဲ

း)
ခင်မင်စွာဖြင့်
ဗညားရှိန်

လွင်ပြင်လှိုင်းငယ် said...

ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ ငါ့အနား..
သူရောက်လာတဲ့ တစ်နေ့ ..
လှိုက်လှိုက်လှဲလှဲမကြိုဆိုနိုင်တောင်..
သူ့ အတွက် ထိုက်တန်အောင်..
အလိုက်အထိုက်တော့ နေပေးရမှာပေါ့လေ...

ကဗျာကောင်းလေးပဲ အားပေးလျက်ပါ

မိုးနတ်ကြယ်စင် said...

စာသားလေးတွေက ကောင်းတယ်နော်..
ခံစားချက်တွေပါတယ်ထင်တယ်...P..စတာပါ
ကဗျာကောင်းလေး ခံစားအားပေးသွားတယ်နော်
ခင်တဲ့..မိုးနတ်

စံပယ်ချို said...

တုပ်ကွေးမိသလို ဖြစ်နေရင်ဆေးတိုက်မှာပေါ့ကွယ်