Friday, 17 August 2012

နေရာ

နေရာဆိုတာ...
တော်ရာလူအတွက်မှန်း
ငါမေ့လျော့နေခဲ့မိတယ်..။

မတော်တဲ့ အ၀တ်ဝတ်မိလို့ 
ဟားတိုက်ခံရတဲ့ ငါ..
ကျားကိုက်ခံရတာထက်ပို
နာကျင်နေမိတာ..
ငါ... တော်ရာမမှန်းခဲ့လို့ လား....။

တွယ်တာမိတဲ့ နေရာအတွက်
ကွယ်ရာမှာငိုခဲ့တဲ့ ငါ..
ရုန်းမထွက်နိုင်တဲ့ နွယ်ရှင်တွေကြား
ငါ.. သားကောင်ဖြစ်ခဲ့ရတယ်..။

ဘ၀ဆိုတာ...
ေ၀၀ါးဝါးပါပဲ..
ငါဆိုတာလဲ မှုန်ဝါးဝါးတစ်ခုပဲ..
တော်ရာမှာမနေခဲ့တဲ့ ငါ..
ချော်ကာကျမှ..
သရော်သူတွေကြား..
အော်ငိုပြနေခဲ့မိတယ်..။

အရှက်နဲ့ အသက်
ထပ်တူတန်ဖိုးထားတဲ့ ငါ..
အချက်ပြခံရတာကို
သတိမချပ်မိလောက်အောင်လဲ
တခါတခါ ငါအသိတရားတွေ
လွတ်လွတ်သွားခဲ့မိတယ်....။

အ၀ါကဒ်ပြခံရတာသိရက်နဲ့ 
ဆက်တိုးခဲ့တဲ့ ငါ..
အနီကဒ်ပြ အထုတ်ခံရမှ
ငိုကြွေးနေမိတာ..
အမှတ်မရှိခဲ့လို့ လား...။

ရခဲ့ပြီးမှ..ဆုံးရှုံးသွားတဲ့ 
နေရာတစ်ခုအတွက်
ရူးသွပ်ခဲ့တဲ့ ငါ့ကိုယ်ငါ..
ဦးညွတ်ရင်း..
အနူးအညွှတ်ပြောချင်တာက..
နောက်ထပ် ငါဘယ်တော့မှ
မရူးမိုက်တော့ဘူး.....။

3 comments:

စံပယ်ချို said...





တွယ်တာမိတဲ့ နေရာအတွက်
ကွယ်ရာမှာငိုခဲ့တဲ့ ငါ..
ရုန်းမထွက်နိုင်တဲ့ နွယ်ရှင်တွေကြား
ငါ.. သားကောင်ဖြစ်ခဲ့ရတယ်
ကောင်းလိုက်တဲ့ စာသားလေးတွေပါလားကွယ်

အိမ်မက်ကောင်းကင် said...

ကဗျာလေးကိုရေးထားတာ စာသားတွေကလန်းလှချည်လား
ကဗျာတစ်ပိုဒ်ချင်းစီမှာလည်း အဓိပ္ပာယ်တွေရှိလှပါတယ်
ကဗျာလေးကိုခံစားသွားတယ်နော်

လွင်ပြင်လှိုင်းငယ် said...


အ၀ါကဒ်ပြခံရတာသိရက်နဲ့ 
ဆက်တိုးခဲ့တဲ့ ငါ..
အနီကဒ်ပြ အထုတ်ခံရမှ
ငိုကြွေးနေမိတာ..
အမှတ်မရှိခဲ့လို့ လား...။
အမှတ်မရှိလို့မဟုတ်ဘူး သိပ့်ချစ်လို့နေပါလိမ့်မယ် ။
စာသားတေါကောင်းတယ် အားပေးလျက်ပါ