Monday, 13 August 2012

နမော်နမဲ့ နဲ့ ကျွန်မ....

အဲ့ဒီနေ့ ကတနင်္ဂနွေနေ့ ပေါ့......။ဘုရားကျောင်းကအပြန်ထိရှိနေပါသေးတယ်။အိမ်ရောက်တော့
ရေမိုးချိုး၊ထမင်းစားပြီးသင်တန်းတက်ဖို့ ထွက်လာခဲ့တယ်။ဘတ်စ်ကားပေါ်ရောက်တဲ့ အချိန်ထိ
သတိမထားမိသေးပါဘူး။ဆေးသောက်ထားတဲ့ အရှိန်ကြောင့်အိပ်ချင်နေတာနဲ့ ကားပေါ်မှာ အိပ်
ရင်းနဲ့ လိုက်လာခဲ့တာပေါ့..။ရန်ကုန်မိုးကလဲ ၃နာရီခွဲလောက်ဆို အမြဲ သည်းကြီးမည်းကြီးရွာနေ
တော့တာပဲ....။အရေးထဲ နောက်ကျနေပါပြီဆိုမှ ကားက မီးပွိုင့်နှစ်ခါတိတိမိလိုက်သေးတယ်။
          ကားပေါ်ကဆင်းမယ့်အချိန်မိုးတွေသည်း၂မည်း၂ ရွာနေတယ်.။တကို.ယ်လုံးလဲမိုးစိုကုန်
တော့တာပေါ့.။သင်တန်းရောက်တော့ အတန်းချိန် ၁၅ မိနှစ်တောင်နောက်ကျနေခဲ့ပြီ။ ဆရာမက
Notes တွေကိုရှင်းပြပြီးလို့ ပုစ္ဆာတောင်တွက်တော့မယ်။ဆရာမရှင်းပြတဲ့ အချိန်မ မှီလိုက်လို့ ပုစ္ဆာ
တွက်တဲ့ အချိန်မှာအရမ်းဒုက္ခရောက်ခဲ့ရတယ်။
           အဲ့ဒီအခန်းကလဲ တော်တော်ခက်တာ။တွေးတော့တွေးကြည့်နေတာပဲ။အဖြေမရဘူးဖြစ်နေ
တယ်။စာမရတော့ စိတ်တွေလဲညစ်၊စာထဲမှာ စိတ်နှစ်ထားတော့ သင်တန်းတစ်လျှောက်လုံးလဲ ကျွန်မ
သတိမထားမိသေးပါဘူး။ ၈နာရီထိုးလို့ သင်တန်းဆင်းတဲ့ အချိန် အိမ်ပြန်တော့မှ ကားပေါ်မှာ ကျွန်မ
သယ်ရင်းနဲ့ အတူ ထိုင်နေရင်းနဲ့ သူ့ လက်ကိုအကြည့်ရောက်သွားတယ်။တိုက်တိုက်ဆိုင်ဆိုင်သူကလဲ
ကျွန်မလိုပဲ လက်မမှာလက်စွပ်ဝတ်ထားတယ်လေ။သူ့ လက်ကိုတွေ့ မှပဲ ..ဟိုက်.. ကျွန်မ လက်မှာ 
လက်စွပ်မရှိတော့မှန်းသတိထားမိတော့တယ်။
           ကျွန်မ ထူပူသွားတယ်။ဘယ်အချိန်မှာဘယ်လိုပျောက်သွားမှန်းကိုမသိတာ။အတွေးတွေက
တော့ ယောက်ယက်ခက်နေတော့တာပေါ့။ကျွန်မ အိတ်ထဲကိုရှာကြည့်တယ်။မတွေ့ ဘူး။ထိုင်ခုံအောက်
ကိုငုံ့ ပြီးရှာကြည့်တယ်။ဒါလဲမတွေ့ သေးပါဘူး။ငိုချင်နေပြီ။ဘယ်လိုလုပ်ရမလဲ။လက်စွပ်ကအရမ်းတန်ဖိုး
မကြီးလှပါဘူး။ဒါပေမယ့်လေ...လူတိုင်းက ကိုယ့်ပစ္စည်းဆို အရမ်းတန်ဖိုးထားတတ်ကြတယ်မဟုတ်လား။
ဈေးကြီးကြီးမကြီးကြီးလေ...။
             ကျွန်မလဲ လူသားတယောက်ဖြစ်နေတော့ နှမြောမိတာပေါ့။ ပြီးတော့ အိမ်က ၀ယ်ပေးထားတဲ့ 
လက်စွပ်ဆိုတော့ ကျွန်မ မိဘတွေသာသိရင် ဆူပူနေဦးမှာ သေချာတယ်။.ကျွန်မ လဲ လျှောက်တွေးနေ
မိတာပေါ့။တို့ ဆေးနဲ့ များတို့ ပြီး ယူသွားလားပေါ့။ဒါပေမယ့်ဒီခေတ်မှာ တို့ ဆေးမှ မသုံးကြတော့တာနော်။
လက်ကနေလျှောကျရအောင်လဲ လက်စွပ်ကအရမ်းချောင်မနေဘူးလေ။ စဉ်းစားလို့ ကိုမရတာ။စိတ်ထဲက
နေဆုပဲတောင်းနေမိတော့တယ်။ပြန်ရှာတွေ့ ပါစေလို့ ...။
             အိမ်အမြန်ပြန်ရောက်ဖို့ ပဲစိတ်လောနေမိတော့တယ်။အိမ်မှာများကျန်ခဲ့လားလို့ ပြန်ရှာကြည့်ရမှာ
ပဲ။သယ်ရင်းကလဲ ပြောတယ်။နင်တစ်ခုခုနဲ့ တိုက်မိပြီး ချွတ်မိရက်သားဖြစ်သွားတာနေမှာပေါ့တဲ့ ။
အိမ်လဲပြန်ရောက်ရော.. ကျွန်မ မိဘတွေကို ဘာမှမပြောရဲသေးဘူး။မှန်တင်ခုံပေါ်ရှာတယ်။မတွေ့ ဘူး။
ရေချိုးခန်းထဲရှာတယ်။မတွေ့ ပြန်ဘူး။တကယ်ငိုချင်နေပါပြီ... ငိုမဲ့ မဲ့ နဲ့ ရေချိုးခန်းက ထွက်ပြီး မြောင်းထဲ
ကြည့်လိုက်တော့ ...ကိုယ့်ဆရာလေးက မြောင်းထဲမှာရှိနေတယ်လေ..။ဟယ်.. ပြန်တွေ့ ပြီ။ ပျော်လိုက်သည့်
ဖြစ်ခြင်း။
                 ငိုမဲ့ မဲ့ မျက်နှာကအပြုံးတွေ ပြန်ဖုးပွင့်လို့ လာပါပြီ။ကျွန်မ ရေချိုးတုန်းက ဆပ်ပြာတိုက်ရင်း
ချောလို့ ကျသွားတာဖြစ်မှာပေါ့။လော၂လော၂နဲ့ ဆိုတော့ သတိမထားမိလိုက်ဘူးလေ။ အခုမှပဲသက်ပြင်း
ချနိုင်တော့တယ်။ကျွန်မကလဲ ကျွန်မပါပဲ... လက်စွပ် ကိုလက်ခလယ်မှာ ၀တ်လို့ ရရက်နဲ့ ရှည်ပြီး လက်မ
မှာသွားဝတ်ထားတာလေ..။လက်ခလယ်ဆိုရင် ဆပ်ပြာတိုက်လို့ ချောရင်တောင် သူကရှည်ပြီးကွေးနေကျ
ဆိုတာ လွယ်လွယ်နဲ့ ပြုတ်မကျတော့ဘူးပေါ့။လက်မကျတော့ ပုတိုတိုလေးနဲ့ ဆိုတော့ ဆပ်ပြာတိုက်လိုက်
တော့ လျှောခနဲပဲ....။
                  လက်စွပ်ပြန်တွေ့ တော့မှ ကျွန်မ အမေကို ပြောပြရဲတော့တယ်။ပုံပြင်လေးကတော့ဒါပါပဲရှင်
ဟီး.. :D ရှိုးထုတ်ချင်တဲ့ ကျွန်မ... နမော်နမဲ့ နဲ့ မို့ ဒုက္ခနဲ့ လှလှ တွေ့ သွားတာပေါ့ရှင်....။
                    သြ.... အပေါ်က လက်က ကျွန်မရဲ့ လက်ပေါ့...။တခြားမိန်းကလေးတွေဆိုရင် လက်ချောင်း
လေးတွေသွယ်သွယ်ရှည်ရှည်လေးတွေနဲ့ .. ကျွန်မကတော့ တုတ်တုတ်လေးနဲ့ မိန်းကလေးလက်နဲ့ တောင်
မတူဘူးနော်.. :P

3 comments:

လွင်ပြင်လှိုင်းငယ် said...

တော်သေးတာပေါ့ ပြန်တွေ့လို့ ။

အိမ်မက်ကောင်းကင် said...

ntiအနီရောင်တစ်ယောက် အဲ မှားလို့ ချင်းမလေး ရေ
အလည်ရောက်ရင်း စာတွေဖတ်သွားတယ်နော်
လက်စွပ်လေးလည်း ပြန်တွေ့တာတော်သေးတာပေါ့ မဟုတ်ရင် စိတ်အားငယ်နေလို့ စာတွေမရေးနိုင်ပဲဖြစ်နေဦးမယ် ^_^
စာတွေနားမလည်တဲ့အချိန်တွေဆိုလည်း စိတ်ညစ်မနေပါနဲ့
နောက်နားလည်လာမှာပေါ့ လူဆိုတာပျော်ပျော်နေတာပဲကောင်းပါတယ် (တရားဟောတာများသွားပြီထင်တယ် ဟဲ)
အမြဲတမ်းပျော်ပျော်နေနော် ချင်းမလေး

စံပယ်ချို said...

ပြန်တွေ့လို့ ကံကောင်းနေသေးပါတယ်
ဘုရားသခင်ကောင်းချီးတွေပဲပေးနေတာပါ