Thursday, 23 August 2012

ငါ...

ငါ...
အနု အလှတွေနဲ့ 
သမုဒယတွေလဲမတတ်ပါဘူး..
အယုအယတွေနဲ့ 
ထုဆစ်ခဲ့တာမဟုတ်လို့ 
အလှအပကိုမခံစားတတ်တာ..
အဆန်းတစ်ခုမှမဟုတ်ခဲ့တာ....

ငါ...
ပညာရှင်အဆင့်မဟုတ်ပါဘူး
ဝါသနာရှင်အဆင့်သာသာမို့ 
ကာရံမဲ့ ကဗျာနဲ့ လွမ်းချင်းတွေ
တမ်းခဲ့တာလဲ..
မနွမ်းရုံတမယ်ပါ....

ငါ...
နာမည်ကျော်မဟုတ်ပါဘူး..
အဆိုတော်ရူးမို့ ..
ဂီတ မှာရစ်မူးခဲ့တာ
မြူးခဲ့တဲ့ ငါ့ကိုယ်ငါ
အထူးတလည် နာမည်မတပ်ချင်ဘူး...

ငါ...
နင်ကျောခဲ့သမျှ
အလျှော့ပေးခဲ့ပေမယ့်
နင်အပြောများတဲ့ 
အပေါစားတော့မဟုတ်ခဲ့ဘူး....

ငါ...
ကောက်ကျစ်စဉ်းလဲတဲ့ 
လောကကြီးအလယ်..
ရိုးသားတယ်လို့ ခေါင်းစဉ်တပ်ရင်း
မကြာခဏ ငါရိုးအခဲ့ဖူးတယ်...

ငါ...
စော်တကားမော်တကားနဲ့ လဲ
မော်တော်ကားမစီးဖူးဘူး..
ငါ့ကိုယ်ငါကြော်ငြာပြီးလဲ
အော်စကာဆုမဆွတ်ခူးခဲ့ဖူးဘူး...

ငါ...
အထူးပြုထားတဲ့ ဘာသာရပ်က
ဦးညွှတ်ထားတဲ့ နှလုံးသားမို့ 
ငါ့ကိုရူးသွပ်တယ်လို့ ပြောလဲ
ငါ..လူးလွန့် လို့ သာနေမယ်...။

3 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက တကယ့်ကိုကောင်းလွန်းတယ်

အိမ်မက်ကောင်းကင် said...

ကဗျာလေးကို ရေးထားလိုက်တာ
ကာရံလေး တွေကလည်း ကောင်း
ဆွဲဆောင်မှု လည်း ရှိ
စော်တကားမော်တကားနဲ့
မော်တော်ကားမစီးဖူးဘူး .... ဆိုတော့
စီးဖူးသည်ရှိအောင် သွားစီးလိုက်ဦးနော်
ဟိဟိ(စတာနော်)
ကဗျာလေးကိုအားပေးသွားပါတယ်

မိုးနတ်ကြယ်စင် said...

ကာရန်လှလှကဗျာလေးခံစားသွားတယ်နော်
ခင်တဲ့..မိုးနတ်