Friday 3 August 2012

နင်နားလည်ဖို့ ..

ကံတရားက ကျီစားလွန်းတယ်..
တွေ့ ဆုံမှုတောင်အရာမထင်သေးဘူး..
ခွဲခွာခြင်းကရောင်နီဦးလို
ထွန်းတောက်လာတယ်....။

အခေါက်ခေါက်အခါခါ
ပြန်တွေးကြည့်တော့..

အကြောက်အကန်ငြင်းခဲ့တဲ့ခွဲခြွာ
ခင်းက..
ထောက်ခံချက်အပြည့်နဲ့ ငါတို့ ချစ်ခြင်းကို..
ဆောက်တည်ရာမဲ့စေတယ်....။

ဝါးတားတားအနာဂါတ်ထဲ..
အနေဝေးရင်သွေးအေးသွားတတ်တာမို့ ..
အချစ်တွေအေးခဲမသွားအောင်
ပြန်ပြန်နွေးဖို့ တော့..
မမေ့ကြစို့ ပေါ့....။

တွေ့ဆုံခြင်းနောက်
ခွဲခွာခြင်းရောက်သလို..
ခွဲခွာခြင်းရဲ့အဆက်လဲ
ပြန်လည်တွေ့ဆုံခြင်းမို့ ..
သံသရာတကွေ့မှာ
ပြန်လည်ပျော်မွေ့ဖို့ 
ခဏတာဝေးကြစို့ ပေါ့...။
ထားခဲ့ရခြင်းက ငါ့အတွက်
ခါးသက်လွန်းပါတယ်..
ဒါပေမယ့်..
အဖျားခတ်သွားတဲ့  ငါ့နှုတ်ဆက်စကားသာ
အနားသတ်ညီစွာ နင့်နားထဲ
ဆင်းသက်နိုင်ရင်..
သေချာတယ်...
ငါ.. တအားရက်စက်စွာထားခဲ့တာမဟုတ်မှန်း
နင် နားလည်လိမ့်မယ်...။
( ချစ်ဆုံးသယ်ရင်းအတွက် အငှားခံစားချက်နဲ့ ရေးဖွဲ့ ပေးထားပါသည်။း)

3 comments:

စံပယ်ချို said...

သူငယ်ချင်းအတွက်ဟုတ်ရဲ့လားညလေးရေ
ကဗျာထဲခံစားချက်တွေက ကိုယ်တွေ့အမှတ်တရတွေလိုပါပဲနော် (ဟီး)
ထားခဲ့ပါတယ်ဆိုမှ ရက်စက်လို့ပေါ့ကွယ်

အိပ်မက်ကောင်းကင် said...

အဌားခံစားချက်နဲ့ ရေးဖွဲ့ပေးတာတဲ့
ကျွန်တော်လည်းဌားရေးခိုင်းမှထင်တယ် ^_^
အလည်လာသွားတယ်နော်

လွင်ပြင်လှိုင်းငယ် said...

သူလဲ ရင်ဘတ်ငှားနေပြီ ခံစားချက်တွေကတော့ ပီပြင်ပါတယ် ။