Thursday 2 April 2009

တမ်းတဆဲပေါ့

နင်စခဲ့တဲ့ဇာတ်
နင်ပဲအဆုံးသတ်သွားခဲ့တာ
ကြားထဲကငါ့နှလုံးသားက
ဓါားစာခံပေါ့ချစ်သူ
နှလုံးသားမှာနင့်နာမည်
ဆေးမှင်ထိုးသလ
စွဲမြဲနေခဲ့ပြီလေ..
ပျော်ရွှင်ခဲ့ဖူးတဲ့နေ့ ရက်တွေ ကို
တမ်းတနေဆဲပေါ့ချစ်သူရယ်..
နင်အလွယ်လေးထားသွားပေမယ
ငါ့ရင်တွေနာကျင်လွန်းလို့ 
အခုထိအငိုမတိတ်သေးဘူး
ပြန်လာနိုးနိုးနဲ
နင့်ကိုမျှော်လင့်ခဲံ့သေးတယ်..
ချစ်တယ်လို့ ပြောခဲ့တာ
အလိမ်အညာတွေလား..
နင်ရေးခဲ့တဲ့ကဗျာတွေ
နင်ဆိုနေတဲ့သီချင်းတွေ
ငါ့အတွက်မှမဟုတ်တော့ပဲ..
ချစ်ခဲ့ကြတာကိုတော
မမေ့ပါနဲ့ ချစ်သူရယ်..
မပြောလိုက်ရတဲ့စကားတစ်ခွန်း
လေပြေလေးရယ
ကို့ ဆီသယ်ဆောင်သွားပေးပါကွယ်..
သိပ်ချစ်တယ်ချစ်သူရယ်....

6 comments:

mgnge said...

နင်နော် လုပ်ရက်တယ်.. ဒီနေ့ မှ ဒီကဗျာ ကိုလာဖတ် ခိုင်း
တယ်..။
ဒီလို မှန်းသိနောက်နေ့ မှ လာဖတ်ပါတယ်..ဟာ..။

သံယောဇဉ်...။ ဒီသံယောဇဉ်..........

:(

Welcome said...

ဆင်ဆင်ပြေစေဖို့ မျှော်လင့်ပါတယ်။

(ကဗျာလေး ကောင်းတယ်)

ကောင်းကင်ပြာ said...

သိပ်ချစ်တဲ့ ချစ်သူရေ လေပြေလေး သယ်လာတဲ့ စကားလေး နားထောင်လိုက်နော်

Anonymous said...

ဒီလောက်တောင်ပဲလားဗျာ... ခုတော့သိသွားပြီ..မင်း...တကယ်ချစ်မှန်း....။ ပြန်လာခဲ့မယ် မင်းဆီကို။ ဟစ်ဟစ်ဟစ်

ခွပ်ဒေါင်းမြေ said...

ချစ်ခဲ့ကြတာကိုတော
မမေ့ပါနဲ့ ချစ်သူရယ်..
မပြောလိုက်ရတဲ့စကားတစ်ခွန်း
လေပြေလေးရယ
ကို့ ဆီသယ်ဆောင်သွားပေးပါကွယ်..
သိပ်ချစ်တယ်ချစ်သူရယ်....


ဒီစာပိုဒ် ကလေးက ရင်ကို ထိမှန်သွားတယ်။။။

အရမ်းကောင်းပါတယ်...
အားပေးလျှက်

စိုင်းစိုင်းလားရှိုး said...

ကျနော် လေပြည်လေး တာဝန်ယူပေးမယ် ဘယ်ကို သယ်ပေးရမှာလည်းပြော...