Wednesday 29 April 2009

မုန်းတယ်

မင်းလိမ်နေတာသိရက်နဲ့ 
ယုံကြည်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

ငါ့ကိုရင်ခွင်ထဲထားပြီး
တခြားတယောက်ကို
တမ်းတနေတာကိုသိရက်နဲ့ 
ခွင့်လွှတ်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းပေးတဲ့ အရာတွေအားလုံး
အတုတွေမှန်းသိရက်နဲ့ 
အစစ်တွေလိုတန်ဖိုးထားချင်တဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင့်းအရင်တယောက်လောက်
ငါ့ကိုတန်ဖိုးမထားတာ
သိရက်နဲ့ 
မင်းအနားနေနေချင်သေးတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းရင်ထဲမှာ
ငါမရှိမှန်းသိရက်နဲ့ 
မင်းကိုအတိုင်းထက်အလွန်
ချစ်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

7 comments:

ကောင်းကင်ပြာ said...

ဘယ်နှယ့် ကိုယ့်ကိုယ်ကို မုန်းနေတုန်း ၊ မုန်းနဲ့လေ သူကို နဲနဲ လျှော့ချစ်ကြည့်ပါလားဟင်

ဖြိုးဇာနည် said...

မင့်းအရင်တယောက်လောက်
ငါ့ကိုတန်ဖိုးမထားတာ
သိရက်နဲ့ 
မင်းအနားနေနေချင်သေးတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။တဲ့
ဟုတ်တယ်ဗျာ့ကိုပေးသလောက်ပြန်မရတဲ့
အချစ်မှာသာယာနေတတ်ပြီးနောက်မဆုတ်ပဲ
ရှေ့တိုးနေတာကိုတော့ကိုယ့်ကိုကိုယ် မုန်းသင့်တယ့်

mgnge said...

ကိုယ့်ကိုယ် ကို မုန်း အမိုက်ဆုံးဟု
သဘောက်ပိုက် သည့် အို အမိ

မသိဆိုးရွာ အသင် မ အား
ကျွန်ုပ် တုတ်နှင် ရိုက်ချင်သည်...။

ကောင်းလား ငါ့ကဗျာ.....။
ကောင်းကောင်းမကောင်းကောင်းကောင်းလိုက်
ဒါဗြဲ ....။

ကိုယ့်ကိုယ်မမုန်းနဲ့ ... ကိုယ့်ကိုယ်မုန်းနေရင် သူ များဆို ပိုဆိုးမှာပေါ့...။ ကိုယ့်ကိုယ် ကိုယ် ချစ်မှ သူများလည်းချစ်မှာ..။

Welcome said...

ချင်းချင်းရေ ..

လူအကြောင်း ပေါင်းကြည့်မှ သိတဲ့။
ဒါပေမယ့်
စိတ်ပေါင်းကိုယ်ခွာနဲ့ ချင့်ချိန် စေချင်တယ်။

ခင်မင်လျက်

မီးတောက် said...

ငါ့ကိုရင်ခွင်ထဲထားပြီး
တခြားတယောက်ကို
တမ်းတနေတာကိုသိရက်နဲ့ 
ခွင့်လွှတ်ချင်နေမိတဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

မင်းပေးတဲ့ အရာတွေအားလုံး
အတုတွေမှန်းသိရက်နဲ့ 
အစစ်တွေလိုတန်ဖိုးထားချင်တဲ့ 
ငါ့ကိုယ်ငါ...မုန်းတယ်...။

အဲဒီအပိုဒ်လေးတွေ ပိုကြိုက်တယ်
ရေးသားထားတာတွေက မိုက်တယ်
အချစ်စစ်နဲ့တွေ့ပါစေလို့ ဆုတောင်းပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

Anonymous said...

အကောင်းဆုံးက အဲဒီလူကို အဆိပ်သတ်ရင်သတ် မသတ်ရင် ကိုယ့်ဟာကိုယ် အဆိပ်သောက်လိုက်
နို့မို့ဆို ပြဿာနာက ပြီးမှာ မဟုတ်ဘူး...
စေတနာနဲ့ အကြံပေးတာပါနော်။

လင်းလက် said...

ကင်မ်
ကောင်းကင်ပြာ အကြံပေးတာကောင်းတယ်။
အိမ် အကြံပေးတာကတော့ ရူးမိုက်ရာကျတယ်။
ဖြိုးဇာနည်က မြှောက်ပေးတယ်။
မောင်ငယ်ပြောတာ လေးစားဖို့ကောင်းတယ်။
ကိုယ့်ကိုယ်ကိုလည်း ချစ်တတ်ဖို့လိုမယ် ကင်မ်
တကယ်တော့ အားလုံးက အထင်တွေပါပဲ
ကိုယ်စီစိတ်ထဲမှာ ဒီလိုဖြစ်နိုင်တယ် ဒီလိုဖြစ်သင့်တယ် ဆိုတဲ့ အထင်တွေချည်းပါပဲ...
တစ်ခုတော့အကြံပေးချင်တယ်...
အထင်နဲ့အမြင်အမှောင်ဖုံးနေသ၍တော့
အချစ်ဆိုတာလည်း လင်းချင်းမလာနိုင်ဘူး...
ကင်မ့် Blog ကို မနေနိုင်မထိုင်နိုင် လာလာဖတ်တဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းမိတယ်