Thursday 30 April 2009

သူသာလျှင်

ချစ်သူ့ ရင်ခွင်လေးမှာ
မှေးစက်ရတာလောက်
ကျွန်မအတွက်
အလုံခြုံဆုံးနေရာမရှိခဲ့ဘူး...။

ချစ်သူ့ အနမ်းတစ်ပွင့်လောက်
ကျွန်မအတွက်
ချိုမြိန်ဆုံးအရာမရှိခဲ့ဘူး...။

ချစ်သူ့ လက်ကိုဆုပ်ကိုင်ရတာလောက်
ကျွန်မအတွက်
ခွန်အားပြည့်စေတဲ့ အရာမရှိခဲ့ဘူး...။<3

ချစ်သူ့ အနားမှာနေရတာလောက်
ကျွန်မအတွက်
ပျော်စရာကောင်းတာမရှိခဲ့ဘူး...။

ချစ်သူပြောတဲ့ စကားသံလောက်
ကျွန်မအတွက်
သာယာနာပျော်ဖွယ်ကောင်းတာမရှိခဲ့ဘူး...။

ချစ်သူကြည့်တဲ့ အကြည့်လောက်
ကျွန်မအတွက်
စွဲမက်စရာကောင်းတာမရှိခဲ့ဘူး...။

9 comments:

ဖြိုးဇာနည် said...

(ချစ်သူပြောတဲ့ စကားသံလောက်
ကျွန်မအတွက်
သာယာနာပျော်ဖွယ်ကောင်းတာမရှိခဲ့ဘူး)

တဲ့

မှန်လိုက်လေ့ဟဲဟဲ့ကျန်တာတွေကတော့
ITခေတ်မှာနဲနဲလေးလွဲနေတယ်ဗျ့(ကျွန်တော်တွေးမိတာကိုပြောပြတာပါ)ဒီအပိုဒ်လေး
ကိုတော့အကြိုက်ဆုံးပဲဗျို့
အခုခေတ်ကonlineပေါ်ကရည်းစားထားတဲ့
ခေတ်ဆိုတော့ဟဲဟဲသိတယ်မလာ့းအသံလေးနဲ့
ချစ်နေရတာ့သူ့မျက်နှာလေးမြင်ရပေမဲ့
cameraကအလင်းမှောင်မငြိမ့််မျက်နှာကြီးက
ဘဲဥလိုဖြစ်သွားလိုက် နံပြားလိုဖြစ်သွားနဲ့ဆိုတော့
ဒူကမှ ကိုယ့်ရုပ်ကို ငါးပြားတန်(နှစ်ပြားတော့ကဘူ့းဟီး) လောက်လုပ်ပစ်တဲ့
cameraနဲ့ကိုယ့်ချစ်သူကိုဘယ်အတွေ့ခံတော့မလဲ
တို့ကြောင့် ထို့ကြောင့် အသံလေးနဲ့ပဲချစ်နေကြတဲ့
ကိုကိုမမများအတွက်ကတော့

(ချစ်သူပြောတဲ့ စကားသံလောက်
ကျွန်မအတွက်
သာယာနာပျော်ဖွယ်ကောင်းတာမရှိခဲ့ဘူး)

ဆိုတာလေးနဲ့အကိုက်ပဲဗျို့

နာတွကြိတ်လိုက်စမ့်း

Anonymous said...

နာပြောလိုက်ရ မကောင်းရှိရော့မယ်..........
ဟင်း.....
ဘာမှမပြောတော့ပါဘူး... ခံစားသွားတယ်..
ကဗျာလေးကို... ပြောရင် ထပ်ကွိုင်တက်မှာ
ကြောက်လို့... အဟိ

thawzin said...

ကျွန်တော်အသစ်တင်တိုင်းလာဖတ်ပါတယ်အစ်မရယ် အခုတလော အင်တာနက်မကောင်းလို့
အသစ်ရေးတိုင်းလာဖတ်ပါတယ်
အဲဒီလိုအလိုရှိသောချစ်သူလေးနဲပေါင်းစည်းနိုင်ပါစေ

thawzin said...

ကျွန်တော့ဘလောရိုလ် က လင့်အားလုံးကိုနေတိုင်းကြည့်ပါတယ် အသစ်တင်တိုင်းလာဖတ်ပါတယ်အစ်မ
အခုလဲလာပြီး လာရောက်ဖတ်ရူသွားတယ်အစ်မ
အဲဒီလိုအလိုရှိသော ချစ်သူလေးနဲပေါင်းစည်းနိုင်ပါစေ..

thawzin said...

ဘလော့မှာ အသစ်တင်တဲ့ ဘလော့မိတ်ဆွေတိုင်းရဲ့
ပိုစ်အသစ်လေးတွေလိုက်ဖတ်ပါတယ်
အခုတလောအင်တာနက်မကောင်းလို လိုက်လည်မအားဘူး ဖြစ်နေတာပါ
အခုလဲ လာရောက်ဖတ်ရူသွားပါတယ်
အဲဒီလို အလိုရှိသောချစ်သူးလေးနဲပေါင်းနိုင်ပါစေဗျ
commet ပေးတာ အခုပို့စ်လေးကို လေးကြိမ်လောက်ရှိပြီးဗျာ, ထပ်နေမလားမသိဘူး ကောမတ်က နက်မကောင်းလို့ တောင်းပန်ပါတယ်နော်

mgnge said...

ပထမတော့ ကဗျာဖတ်ပြီးဖွ မလို့ ပဲ..။
ဟဲဟဲ သနားလို့ နော်.............

ခံစားသွားတယ်
ပန်ကန်ပြားနဲ့ တော့မဟုတ် ...

ပန်းခင်းလေး said...

ကဗျာလေးကိုဖတ်တာနဲ့ 
ခံစားပြီးရေးထားမှန်းပေါ်လွင်နေတယ်
အစ်မလဲ ကဗျာလေးကို သေချာ ခံစားပြီးဖတ်သွားတယ်နော်
ပျော်ရွှင်ပါစေညီမလေးရေ

အစ်မတော်

ပန်းခင်းလေး

ဂျပန်ကောင်လေး said...

အင်း.. ချစ်သူနဲ့ စိတ်ဆိုးရလို့ ခံစားရတာလောက်လည်း ဘယ်မှာမှ မရှိဘူး...

ချစ်သူက ဂရုမစိုက်ဘူးလို့ ခံစားရရင်လည်း ငိုရတာ မသက်သာဘူး..

ဟုတ်တယ်နော်..ချင်းမလေး..း)

Unknown said...

အချစ်စစ်ဆိုတာ....အချစ်စစ်ပါ...
ဟုတ်တယ်ဟုတ်