Monday 27 April 2009

ကျွန်မ...မသိခြင်းများ

မင်းကိုအချစ်ဆုံးပါတဲ့ 
သူပြောခဲ့တဲ့ စကားလေးတစ်ခွန်း
ဒါဟာ ထောင်ချောက်တစ်ခုလား..
ပရိယာယ်တစ်ခုလား..
ကျွန်မ မသိခဲ့ဘူး...။

အရမ်းလွမ်းတယ်ကွာတဲ့ 
ဒါဟာ အလိမ်အညာတွေလား..
အစစ်အမှန်တွေလား...
ကျွန်မ မဝေခွဲတတ်ခဲ့ဘူး...။

မင်းနဲ့ ဘ၀တစ်ခုတည်ဆောက်ချင်တယ်တဲ့ 
ဒါဟာနှစ်သိမ့်စကားလား..
ရင်ထဲကလာတာလား...
ကျွန်မ မပိုင်းခြားတတ်ခဲ့ဘူး...။

မင်းကြောင့်ကိုယ် မျက်ရည်ကျခဲ့ရပြီတဲ့ 
ဒါဟာ လှည့်ကွက်တစ်ခုလား...
ပုံပြင်တစ်ပုဒ်လား...
ကျွန်မ မဝေဖန်ချင်ဘူး...။

မင်းလေးကြောင့် ကိုယ်အရာရာ
ကိုစွန့် လွှတ်ခဲ့တယ်တဲ့ 
ဒါဟာ အားနာမှုကြောင့်လား
ဖြစ်သင့်တာကိုလုပ်လိုက်တာလား...
တကယ်ချစ်ခဲ့လို့ လား...
ကျွန်မ မသိရဲခဲ့ဘူး...။

အချစ်ဆိုတာဘာလဲ
ကိုယ်သေသေချာချာမသိဘုးလို့ ပြောတဲ့ 
သူ့ နှလုံးသားထဲမှာ
ကျွန်မ အတွက်အချစ်တွေ
တကယ်ရောရှိနေခဲ့လားဆိုတာ
ကျွန်မ မတွေးရဲခဲ့ဘူး...။

ဒီလိုဒီလို မသိခြင်းတွေ
သံသယတွေကြားက
ကျွန်မ သူ့ ကိုချစ်မှန်းမသိ
ချစ်သွားခဲ့မိတယ်လေ...။

11 comments:

Welcome said...

ချင်းချင်းရေ. ..

သံစဉ်ထပ်ကဗျာလေး ဖတ်လို့ကောင်းတယ်
ရင်နဲ့ အမှန်ခံစားရေးထားတယ်ဆိုရင်
အတိုင်းထက်အလွန် ပါပဲ။ (နောနော်ဟုတ်ဘူး)
ကဗျာလေးတွေ အမြဲ လာဖတ်ဖြစ်တယ်
အားပေးနေပါမယ်

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေနော်

mgnge said...

ဒီကဗျာဖတ်မိ မ လွန်းထားထား ၀တ္ထုတောင်သွား သတိရတယ်..။

မသိခြင်းတွေထပ်ပြီး သံသယ တွေများနေရင်တော့ ပူလောင်မှာ ပဲနော်...။
တကယ်တော့ အချစ်ဆိုတာ

အ လို့ ချစ်တာတဲ့... ဟုတ်ရား

အတွေ့ အကြုံရှိတဲ့သူတွေဆီမေးကြည့် တာပါ :P

ပန်းခင်းလေး said...

မသိခြင်းတွေကြားမှာ သိလိုက်ရတာတစ်ခုက
သူ့ ကိုချစ်မှန်းမသိချစ်သွားတာကိုပေါ့ နော်
ကဗျာလေးကောင်းတယ်ညီမလေး

အဆင်ပြေပါစေကွယ်!

အစ်မတော်
ပန်းခင်းလေး

မီးတောက် said...

ကဗျာလေးကို သုံးထားတာတွေကတော့ လန်းတယ် ..
ဆက်လက်ရေးသားနိုင်ပါစေ

တောင်ပေါ်သား said...

မသိခြင်းများကို သိအောင်လုပ် ချင်းမလေးရေ..
မာယာတွေကိုလဲ ရအောင် ရှောင်ဦး ကြောက်ဖို့ကောင်းတယ်နော့် အချစ်ဟာ အမျိုးမျိုးဖွဲ့တည်နေပါတယ် ပေးဆပ်ခြင်းလား ရယူခြင်းလား တကယ်ချစ်တဲ့လူပေါ်မှာပဲ မူတည်နေပါတယ်။ ကဗျာထဲက ကိုကို ကတော့ ကြောက်ဖို့ကောင်းမယ် ထင်တယ် အဟား ကဗျာလေး သေချာ ဖတ်သွားပါတယ်ဗျာ..


လေးစားလျက်
တောင်ပေါ်သား

စိုင်းစိုင်းလားရှိုး said...

အဟေး.... ကဗျာကောင်းလေးကို လာရောက်ခံစားမိပါတယ် .....
မသိတာကမှတော်သေး သိများသိလို့ကတော့ ပိုဆိုးတယ်..

လင်းလက် said...

ကင်မ်
ဒီကဗျာက ဘယ်သူ့ကို ရည်ရွယ်ပြီးတော့ ရေးထားတာလည်းဟင်။ ခံစားချက်တွေ သိပ်များနေပါလား။
တစ်ခုလောက်အကြံပေးကြည့်မယ်။ ဘာမှသိပ်မစဉ်းစားပါနဲ့ ကဗျာထဲကချစ်သူကို မျက်စိစုံမှိတ်ပြီးသာ ချစ်ပစ်လိုက်။ အစစအရာရာ အဆင်ပြေသွားလိမ့်မယ်..။ :)
ကင်မ့် လက္ခဏာမှာ အချစ်ရေးကံကောင်းတဲ့အချိန် ရောက်နေပြီလေ..။

လင်းလက် said...

မသိတာတွေကို
သိအောင်လုပ်ဖို့က
အချစ်မျက်ဝန်းတွေမှာ
သင်္ကာမကင်းဖြစ်တဲ့
အရိပ်အယောင်ကင်းနေဖို့လိုမယ်
သက်ရောက်မှုတိုင်းအတွက်
တန်ပြန်သက်ရောက်မှုရှိပါတယ်
တကယ်တော့
အချစ်ဆိုတာ
အလွမ်းဇာတ်ချည်းပဲမဟုတ်ဘူး
အပျော်တွေနဲ့နေ့သစ်တွေကို
ဖန်တီးနိုင်ရက်နဲ့တော့
အလကားစိတ်မောမခံပါနဲ့နော်...။

ဖြိုးဇာနည် said...

မသိမသာတိတ်တိတ်လေးချစ်မိသွားခဲ့ဖူး
တယ်။တကယ်တော့အချစ်ဟာအဲလိုပဲ့
မသိခြင်းများနဲ့ ပဲရှေ့ကိုလှမ်းဖို့ကြိုးစားနေမိ
ကြပါတယ်။အချစ်ဟာချိုသလားခါးသလား
ဘာမှန်းတော့မသိပေမဲ့ အချစ်ကိုမြည်းစမ်း
ကြည့်ဖို့ကြောက်နေမိပါရဲ့

Anonymous said...

မသိတာတွေများတွေများနေမှတော့ ချစ်တာရော ဟုတ်ပါ့မလား....

လင်းလက် said...

အိမ်ပြောတာ သိပ်ကောင်းတယ်
မသိတာတွေများနေရင် ချစ်တယ်ဆိုတာကော ဟုတ်ပါ့မလားတဲ့...။
ကိုယ့်ဘာသာလည်း ပြန်သုံးသပ်ကြည့်ရင် ကောင်းမယ်။