Thursday 19 March 2009

အချစ်သင့်သူ

တွေ့ ဆုံခြင်းဟာ
ကြေကွဲဖို့ အတွက်ဖြစ်မယ်မှန်း
ကြိုသိခဲ့ရင်
မတွေ့ ဖြစ်အောင်နေမိမှာပဲ...

အဖြူရောင်လေးတွေ
အရောင်စွန်းထင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
မပတ်သတ်မိအောင်နေမိမှာပဲ...

ခင်တယ်ဆိုတဲ့ စကားကနေ
ချစ်တယ်ဆိုတာပြောင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
ခင်တယ်လို့ မပြောမိအောင်နေမိမှာပဲ...

မချစ်သင့်မှန်းသိရက်နဲ့ 
ချစ်ခဲ့မိတဲ့ ကျွန်မ
နောက်ဆုံးတော့
ရင်ဘတ်တစ်ခုဟာ
ဒဏ်ရာတွေဗရပွနဲ့ 
စုတ်ပြတ်သတ်နေခဲ့ရပြီလေ......။

19 comments:

Welcome said...

မျက်ရည်နဲ့ သောကပေါင်းပြီး
ဖွဲ့သီထားတဲ့
ခံစားချက်အပြည့်နဲ့
ရင်တွင်းဖြစ်ကဗျာလေး ဖတ်သွားတယ် ..
ဖြစ်လိုက် ပျက်လိုက် ဘ၀လေးမှာ
မထင်မှတ်တဲ့ နားလည်မှုလွဲတာလေး ရှိတတ်ပါတယ်။
ဖြေရှင်းနိုင်တဲ့ အလွဲလေးတွေမို့
ရင်ဘတ်ပေါ်က ဒဏ်ရာတွေ ပြေပျောက်စေမယ်လို့
ထင်မိပါတယ်။
ရင်ထဲကနေ
အမှန်ချစ်ခဲ့မယ်ဆိုရင်ပေါ့လေ .. ..

နားလည်စွာခံစားလျက်နဲ့ .. ..

Heart Breaker said...

ညွှန်းတဲ့သူရှိလို့
တည့်တည့်ပဲ လာကြည့်တာပါ
ပထမဆုံးလာဖတ်ဖြစ်တယ်
ကဗျာကောင်းလေးပါ။
စာတွေ ကဗျာတွေ လာဖတ်ပါအုန်းမယ်ewee

ဝှိုက်ဝှိုက် said...

ကဗျာလေးကောင်းတယ်
အဖြူရောင်လေးတွေ
အရောင်စွန်းထင်းလာမယ်မှန်း
ကြိုသိခဲ့ရင်
မပတ်သတ်မိအောင်နေမိမှာပဲ...
ဆိုတဲ့စာသားလေးကြိုက်တယ်
အဆင်ပြေပျော်ရွှင်ပါစေနော်

Unknown said...

စနည်းနာလာတာ .. ..

Unknown said...

ကိုကြီးဝင်းဇော်နဲ့ ဘာတော်လဲ
ကဗျာလေး လာဖတ်တာပါ
ရေးတာ သိပ်ကောင်းတယ်
နောက်လည်း လာလည်မယ်နော်

စိုင်းနောင့် said...

ကဗျာလှလှလေး ခံစားသွားတယ်။
ရင်မှ ဖြစ်တဲ့ ကဗျာလေးမို့
တန်ဖိုးထား ဖတ်သွားတယ်။
ရှမ်းကြီးနဲ့ ဘော်ဒါလား..
စိတ်ဝင်တစား ကြည့်သွားပါတယ်။

Anonymous said...

လာချောင်းတာ
ညွှန်းတဲ့သူက ညွှန်းလွန်လွန်းလို့လေ
ကြိုးစားထားနော်
အားမငယ်နဲ့

Unknown said...

ကံကြမ္မာကို ကြိုမြင်နိုင်စွမ်းရှိမယ်ဆိုရင်
ကောင်းသားလား
ကြိုမှမမြင်နိုင်ပဲလေ
အကောင်းဘက်ကကြည့်ရင်
အချစ်ကိုခံစားဖူးသွားတာပေါ့နော်

ဖတ်ပြီးခံစားလို့ရတဲ့ကဗျာလေးကို
ခံစားသွားပါတယ်

Anonymous said...

ဒဏ်ရာတွေကုပေးမဲ့ ဆရာဝန်ကြီးရောက်လာပြီ
ဗျို့ ကွဲသွားတာတွေ စူပါဂလူးနဲ့ ပြန်ဆက်ပေးမယ်၊ ပြန်ကပ်လို့ မရတာတွေ ကို
ဂုံနီကြိုးနဲ့ ပြန်ချုပ်ပေးမယ်၊ ဆေးဖိုးနဲ့ ၀ါးခကတော့ တသက်လုံး ချစ်သွားပါ့မယ်ဆိုတဲ့
ဂတိပဲလိုခြင်တယ် အဟီးဟီး.....။
ဒီကဗျာလေးကိုတော့ အရမ်းကြိုက်တယ်။
ထိတယ်ဗျာ ရင်ထဲကို ဒိန်းခနဲပဲ။

စိုင်းစိုင်းလားရှိုး said...

ခံစားချက်တွေကို စာသားထုတ်တာ တော်တယ်ဗျာ ချင်းမလေး လက်ရည် ရေလည်တက်လာတယ်။

ရွှေအင်းသူ said...

၂ ယောက်ထဲဆိုင်တဲ့ ကိစ္စ(နှလုံးသားရေး)မှာ
၁ ယောက်သောသူက နာကျင်နေရင်
ပတ်ဝန်းကျင်က စုပ်သတ်မိမှာပဲလေ..
ဒါကြောင့်
တစ်ဦးအပေါ်တစ်ဦး စိတ်ကြေအေးစေမယ့်
ပြေရာပြေကြောင်းလေးနဲ့ ကြည်နူးနိုင်ပါစေ...

♥ Acacia ♥ said...

အဆင်ပြေပါစေ... ကြိုမသိလို့ဖြစ်ပျက်ခဲ့တာတွေမှာ ၀မ်းနည်းမနေပါနဲ့တော့နော်... ကိုဝင်းဇော်blog မှာ ဒီကဗျာလေး ဖတ်ရလို့ လိုက်လာတာပါ... ပျော်ရွှင်ပါစေ...

ခွပ်ဒေါင်းမြေ said...

လာလည်ပါတယ်ဗျာ... ကဗျာလေး ခံစားသွားတယ်..
ဒီကဗျာလေး က ကျွန်တော် နဲ့ တိုက်ဆိုင်မှုတစ်ခုလို့ ဆိုရမလားပဲ... ကဗျာလေး ဖတ်ပြီး ရင်ထဲမှာ မွန်းကြပ်သွားတယ်... အရမ်းခံစားမိတယ်... နောက်လဲ လာဖတ်ဦးမယ်.. အခု အလုပ်လေးတွေ ရှုပ်နေလို့ မလာဖြစ်တာ ကြာသွားတယ်...

အောင်မြင် အဆင်ပြေပါစေဗျာ...

My Diary said...

ကိုဝင်းဇော်ကြီးက ညွှန်းနေတယ်နော်
အဟိဟိ

desertraindrops said...

တကယ်ကောင်းတဲ့ ကဗျာလေးပါ။ တော်တော်လေးကို ကြိုက်တယ်။ တိုက်ဆိုင်မှု့တွေ ပါဝင်လာတော့ ထပ်တူခံစားသွားပါတယ်။ နောက်လဲ လာရောက် အားပေးမယ်နော်။

Unknown said...

ချစ်တတ်သူတစ်ယောက်ရဲ့
ရင်ထဲမှာ
ပြန်မရသေးတဲ့ တုန့်ပြန်အချစ်ကို
တောင့်တတဲ့ ဒေါသလေပဲလား


ကို Welcome ဆီကလာတာပါ။

နှင်းဆီနက် said...

ညီမလေးရေ အားမငယ်ပါနဲ့ကွယ် ကဗျာလေးကိုခံစားသွားတယ်နော်

Anonymous said...

ကြုံဆုံခဲ့ တာကြေကွဲဖို့လားချစ်သူပြောပါကွာ

ပျော်ရွှင်ခဲ့ တာ ပြန်စဉ်းစား--သီချင်းလေးကို သတိရတယ်ဗျ--ကဗျာရဲ့ဆိုလိုချက်ကတော့

အတော်ထိမိပါပေတယ်

ကဗျာကောင်း၏

Unknown said...

new next see lader