Sunday, 30 May 2010

ဆုံမှတ်မရှိတဲ့ကောင်းကင်

အနာဂါတ်ဆိုတာလဲစမ်းတ၀ါးဝါးနဲ့ 
ပန်းတိုင်မရှိတဲ့လမ်းကို
ငါတို့ အတူလျှောက်လှမ်းခဲ့ကြတာ...

ငါသတ်မှတ်တဲ့အချစ်ဆိုတာ
ရယူပိုင်ဆိုင်ခြင်း
နင်ယူဆတဲ့အချစ်ဆိုတာ
ပေးဆပ်နားလည်ပေးခြင်း
ငါ့သီအိုရီနဲ့ 
နင့်နိယာမနှစ်ခုကြား
ငါခေါင်းစားလို့ နေတယ်။

ငါကပေါင်းစပ်ဖို့ ကိုအလေးထားတယ်
နင်ကစွန့် လွှတ်ဖို့ အသင့်ဖြစ်နေခဲ့တယ်
ငါကဆုပ်ကိုင်ထားချင်တယ်
နင်ကချစ်နေရရုံနဲ့ ကျေနပ်တယ်။

မတူညီတဲ့အယူအဆနဲ့ 
မရေရာတဲ့အနာဂါတ်အတွက်
မျဉ်းပြိုင်နှစ်ကြောင်းပေါ်
လျှောက်လှမ်းနေရသလို
ဆုံမှတ်မရှိတဲ့ကောင်းကင်ကို
မော့ကြည့်ရင်း မျှော်လင့်ချက်တွေ
ကင်းမဲ့လို့ လာတယ်.။

ကံကြမာရယ်...
ပေါင်းစပ်ခွင့်မပေးနိုင်ရင်
အစတည်းကဆုံတွေ့ ခွင့်လဲ
မပေးပါနဲ့ တော့လား...
အခုတော့
ခွဲခွါခြင်းဆိုတဲ့
မလွန်ဆန်နိုင်ပေမယ့်
တစ်နေ့ မှာရင်ဆိုင်ရမယ့်အရာတစ်ခုကို
ရင်တထိတ်ထိတ်နဲ့ စောင့်စားရင်း
ငါ့ရဲ့ မနက်ဖြန်များစွာကို
ကြောက်ရွံ့ နေတတ်ခဲ့ပြီလေ....။

6 comments:

Angel Shaper said...

ကြောက်မနေနဲ့ ကိုယ့်လူ။
သူကြင်မှ ကိုယ်ကြင်လုပ်စမ်းပါ.....
မေ့ထားလိုက်..... ဒါပေမယ့် ကဗျာလေး ကောင်းတယ်။ ကုန်ကြမ်းလို့သာ သဘောထားလိုက်စမ်းပါဟာ....
အဆင်ပြေပျော်ရွှင်ပါစေနော်။ သတိရပါတယ်...ချင်းမလေးရယ်.......

Unknown said...

ကဗျာလေးကို ကြိုက်တယ်ဗျာ.. ခံစားချက်နဲ့ ရေးထားတာလား... ကဗျာ ရေးတာကို ဆက်ကြိုးစားထား... အားပေးနေမယ်... ကောင်းကင်မှာ ဆုံမှတ် မရှိ၊ မြေပြင်မှာ ဆုံမှတ်မရှိ... ဒါပေမယ့် ကိုယ့်မှာတော့ ကိုယ်ပိုင်ဆုံမှတ်ရှိတာ သေချာတယ်... ကိုယ့်ဆုံမှတ် ကိုယ်ဖန်တီးရမှာပေါ့... လျှေက်ပြောကြည့်တာနော်... ဘိုင်း ... ချင်းမလေးရေ...

Unknown said...

ကဗျာလေးက အရမ်းကောင်းတာပဲနော်၊ ခံစားချက်နဲ့ရေးထားတာနဲ့တူတယ်နော်၊ ဒီကဗျာလေး ကျတော်နဲ့ အရမ်းတိုက်ဆိုင်လိုက်တာကွာ၊ ဆက်ကြိုးစားပါနော်၊ ချင်းမလေး ကိုအမြဲတမ်းအားပေးနေပါတယ်၊

ဘိုင်ဘိုင်......

zue said...

အင်းပေါ့... တခါတခါတော့ အချစ်ဆိုတာ နားလည်ရခက်ကြီး...း(

Unknown said...

ငါ့ကို ကြည့်ရေးခဲ့တာ များလား..........ဟာ....

ကံသာ ( Kamta ) said...

I like your Poem because of..................