Sunday 2 May 2010

မျဉ်းပြိုင်

ဘ၀ကလဲခါးသက်သက်
အချစ်တွေကလဲပေါ့ပျက်ပျက်
ရာသီဥတုကလဲအိုက်စပ်စပ်
ငါ..ဆိုတဲ့မိန်းမကလဲ ခပ်ညံ့ညံ့

မာနဆိုတဲ့အရာတစ်ခု
ခ၀ါမချနိုင်ခဲ့လို့ 
လူသူမသိတဲ့စစ်ပွဲတစ်ပွဲ
အခါခါငါနွှဲခဲ့ရတယ်...။

အစစ်တွေကိုသာတန်ဖိုးထားတဲ့ငါက
အတုတွေကိုအစစ်လိုသဘောထား
အပြုံးအတုနဲ့ ဟန်လုပ်
ငါ က ပြခဲ့ရတယ်..။

တောင်းဆိုခြင်းမဟုတ်တဲ့
အမိန့် တစ်ခုနဲ့ 
ငါ နယ်နှင်ဒဏ်ပေးခံရတယ်...။

အထာပေးတာကို
အသာအေးဆေးပါလို့ 
မသိချင်ယောင်ဆောင်နိုင်ပေမယ့်
စိုက်ကြည့်တာကိုတော့
အလိုက်သိဖို့ 
ငါ.. လိုအပ်လို့ နေတယ်...။

စေတနာကိုစေတနာလို့ မထင်
နေရာတကာအပြစ်ရှာဖို့ ကြံ
သည်းခံတာကိုအကောင်းမထင်နဲ့
ငါလဲငါ့ပညာနဲ့ 
အောက်ကျနောက်ကျတော့မခံ
စေတနာတွေလမ်းဆုံးရောက်လို့ 
ဝေဒနာအဖြစ်ပြောင်းခဲ့ရင်
အပြစ်မယူစေချင်

စေတနာကိုအရင်းပြု
ဆောက်ခဲ့တဲ့အိမ်လေး
အတင်းအဖျင်းဆိုတဲ့(လေကြမ်း)
တိုက်ခတ်ခံရလို့ ပြိုကျသွားတဲ့အခါ
အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်
ကပ်ဆိုက်ဖို့ လမ်းကြိုမြင်နေလို့ 
အသိအမှတ်မပြုချင်နေ
မစော်ကားမိစေဖို့ 
ငါ...နှလုံးသားအရင်းခံလို့ 
တောင်းဆိုချင်တယ်...။

2 comments:

sosegado said...

ဖွင့်ထုတ်ထားတဲ့ ခံစားချက် ကဗျာ လို့ထင်ပါတယ် ခံစားသွားပါတယ်၊

စံပယ်ချို said...

ဘ၀ကလဲခါး
အချစ်တွေလဲ ပေါ့ပျက်ပျက် တဲ့
ဘ၀ခါးမှာ
အချစ်ချိုလေးတွေ့ပါစေလို့