Monday 1 December 2008

မိုးရာသီအလွမ်း


ကြယ်တွေမငိုပါဘူး
ဒါပေမယ့်ငါငိုနေတယ်လေ
နင့်ကိုလွမ်းလို့ .......
ငါ့ဘ၀ထဲကအပြီးအပိုင်
နင်ထွက်သွားတဲ့ နေ့ 
အဲံဒီနေ့ ကမိုးတွေရွာလိုက်တာများ
မစဲနိုင်သေးတာအခုချိန်ထိလေ.....
ငါ့ရင်ခွင်မိုးစိုစိုမှာ
ငါ့ပါးပြင်နှစ်ဖက်စိုနေခဲ့တာ
နင်သိနိုင်ပါ့မလား
ထီးတစ်ချောင်းနဲ့ ကောင်မလေး
မိုးရေတွေထဲ
နင်ပြန်အလာကိုရပ်စောင့်နေတယ်ဆိုတာ
နင်သာသိရင်
ငါ့ဆီအပြေးပြန်လာမှာလား
ငါ့ကွယ်ရာမှာငါ့ကိုလှောင်ပြောင်နေရော့မလား
ဒီအတွေးတွေနဲ့ 
ငါ့အိပ်ရာတောင်ရေမလောင်းပါပဲ
စိုနေခဲ့တာလေ......
ရင်တွင်းဝေဒနာတွေအကြောင်းလဲ
ရင်ဖွင့်မပြောချင်တော့ပါဘူး
နင်ပြန်လာမယ့်နေ့ ကို
မျှော်နေမယ်........

7 comments:

စိုင်းစိုင်းလားရှိုး said...

အိပ်ယာထဲ စိုနေတာက အဟေး.......... စိုနေလို့နေမှာပေါ့နော်.........

Dr Phyo Wai Kyaw said...

ထီးလေးက လှလိုက်တာ
ဘယ်လောက်ပေးရလဲဟင်။

သူကဘယ်တွားတာလဲ မိုးတွင်းကြီးကို။

"မိုးရေတွေထဲ
နင်ပြန်အလာကိုရပ်စောင့်နေတယ်ဆိုတာ"

စတာနော်
ခံစားနေရတာလေးတွေသက်သာအောင်လို့
ကဗျာချာချင်းမလေးရေ..သိပ်မရေးနဲ့ မျက်ရည်မခိုင်လို့။

:D

Anonymous said...

ပုံက ခြင်မလေး အဲ ချင်းမလေး ပုံလား ။ ကိုရီးယား မင်းသမီးနဲ့ ခပ် ဆင်ဆင် ပဲ...။ နောက်တာနော်...ကဗျာဖတ်ရတာ ရေတွေကို ရွှဲလို့...:)

သားစိုးလေး said...

ချင်းမလေးကတော့လုပ်လိုက်ပြန်ပြီအခုဆို ဆောင်းတွင်းရောက်နေပြီလေ... မငိုပါနဲ့နော် ..တိတ်တိတ် ...ငိုနဲ့တော့နော်.....
အမြဲ ချင်းမလေးအတွက်ကံကောင်းတဲ့လူရှိလာမယ်ဆိုတာကို ဘုရားသခင်က မွေးဖွားပေးလိမ့်မယ်လေ...

kyawzawehan said...

ခခ
ဒီကဗျာလေးကို တော့ ရင်ခုန်တယ်ဗျာ
ထပ်ရေးပါအုံး ။ အဲဒီလို ကဗျာမျိုးလေးတွေမှ ခံစားတက်တဲ့


ကဇ

ခခတစ်ယောက် ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေ

မီးတောက် said...

ကဗျာလေးကိုတော့ ကြိုက်သွားပြီ........
ငါ့အိပ်ရာလေးတောင် ရေတွေစိုနေပြီဆိုတဲ့ စာသားလေးက တော်တော်လေးကောင်းပါတယ်
ဆက်လက်ရေးသားနိုင်ပါစေ

Anonymous said...

အဟေးဟေး.....ဖတ်ပြီးပြောစရာတွေရှိလို့
အားနာနာနဲ့ပဲ ပိုးစိုးပက်စက် ပြောမယ်နော်
နင်ထွက်သွားထဲကမိုးရွာတာအခုထိမစဲသေးဘူး
ဆိုတော့ မုန်တိုင်းတိုင်းနဲ့မှားနေပြီထင်တယ်
မိုးရေထဲရပ်စောင့်မနေပါနဲ့ ဖျားနေမှဒုက္ခများပါ့
မယ်ဗျာ၊အမျှော်ခံရသူတစ်ယောက်က အခုလောက်ဆို ဆောင်းတွင်းကာလအေးအေးချမ်းချမ်းထဲမှာ
မနုဿာစောင်ချုံပြီးကွေးနေလောက်ပြီ လွမ်းမနေနဲ့တော့။အိပ်ယာကရေစိုတာမှဟုတ်ရဲ့
လားဗျ၊ မကြီးအငယ်နဲ့...........................
အဟေးဟေး.......ဒီလောက်ပါပဲ ဒါတောင်အားနာပါးနာနဲ့ ပက်ပက်စက်စက်
ကွန့်သွားတာ စိတ်ဆိုးရဘူးနော်