ငါ့ရင်ထဲမှာထစ်ချုံးမိုးတွေ
ရွာသွန်းနေတယ်လေ.......
ပုံပြင်တွေလာလာမပြောပါနဲ့ လား
ပုံပြင်ထဲကဇာတ်လိုက်မင်းသမီးလဲ
ငါမဖြစ်ချင်တော့ပါဘူး..
နင့်ရင်ထဲမှာတခြားသူရှိနေရက်နဲ့ 
ငါ့ကိုလှည့်စားရက်တယ်
ငါ့ရဲ့ ကျရှုံးခန်း
နင်ကြည့်ပြီးလှောင်ပြောင်နေမှာပေါ့...
ချစ်သူရေ.......
ချစ်ခဲ့ ပေမယ့်
နင်ထားပစ်တိုင်းနေသွားရအောင်
ငါအရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး...
ဒါကြောင့်
ငါ့ရင်ထဲကဒဏ်ရာတွေ
ပျောက်ကင်းသွားမယ့်
အချိန်ကိုစောင့်စားရင်း
တစ်နေ့ နေ့ မှာတော့
နင့်ကိုမေ့နိုင်ကောင်းပါရဲ့ ........။
Sunday, 7 December 2008
Subscribe to:
Post Comments (Atom)
4 comments:
အချိန်တန်ရင်တော့ မေ့မှာပေါ့
အချိန်ဆိုတာ အကောင်းဆုံးသမားတော်ပါ။
တရုတ်ကြီးအချိန်မဟုတ်ဘူးနော် တိုင်းဆိုတဲ့
အချိန်ကိုပြောတာ။ အဲဒါမှ မစောင့်နိုင်ရင်တော့
အိမ့်ဆီလာခဲ့လေ ဟိဟိဟိ
တမျိုးမထင်ပါနဲ့ နှလုံးသားဒဏ်ရာတွေပျောက်
သွားအောင် ပျော်တော်ဆက်လုပ်ပေးမလို့ပါနော်
ငါသက်ရင်း..တကယ်ခံစားနေရတာလား..အို..
မေ့မှာပါ။အပျိုကြီးစာရင်းကောက်နေတာ..လာပေး..
ခင်တဲ့
အင်း....ကျွတ်ကျွတ်... တကယ်စိတ်မကောင်းဘူး မေချင်းရေ... အရေးသားကတော့ အရမ်းကောင်းတယ်ကွေ့... အရည်သွေးတွေ အတော်တောက်ပြောင်နေတာ မရောက်တာကြာတော့ မသိလိုက်ဘူး....
Post a Comment