Wednesday, 26 November 2008

ပြုံးလိုက်ကြစို့ သူငယ်ချင်း

သူတို့လင်မယား

ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။
ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး
လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း
အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ သတ္တိရှိရှိ ကျုပ်ကို
ရင်ဆိုင်စမ်းပါတဲ့ ... ...... ဟီး ဟီး …။
ပထမလူ = ဟိုက် - သေလိုက်ပါတော့ကွာ …… ။

နတ်မိမယ်

သားငယ်...။မေမေ နတ်မိမယ်ဆိုတာ ဘယ်လို မျိုးလည်းဟင်...
မိခင်...။ နတ်မိမယ်ဆိုတာ အင်မတန်ချောမောလှပ ပြီး ကောင်းကင်မှာ ပျံနိုင်တဲ
့နတ်သမီးတစ်ပါးလိုပါပဲ သားရဲ့ ။
သားငယ်...။ဟင်...ဒါဆိုသားတွေ့ လိုက်တဲ့ နတ်မိမယ် က မပျံတတ်ဘူးမေမေ။
မိခင်......။သားက ဘယ်တုန်းကများတွေ့ တာတုန်းသားရဲ့ မေမေကိုပြောပါဦး။

သားငယ်...။ မနေ့ က ဖေဖေ က ဟိုဘက်ခန်းမှာနေတဲ့ အန်တီရဲ
့တင်ပါးကိုပုတ်ပြီး မင်းဟာနတ်မိမယ် ပါပဲကွာ တဲ့...

အားလုံးပြုံးပျော်နိုင်ကြပါစေရှင်.......။

4 comments:

အလှတရား said...

ချင်းမလေးနော် များပြီ
ဆားချက်တာ
ရယ်တော့၇ယ်ရတယ်
မုန့်တော့မကျွေးတော့ဘူး
ဒါပဲ။

ရှင်ရဲထွတ် said...

ဆားတပိဿာလောက် ရေမရောနဲ့၊ အဟေး............

အိမ် said...

အော် ယောကျာင်္းတွေကိုစော်တကားမော်တကားနဲ့ ရေး
ထားသပေါ့လေ တွေ့ကြသေးတာပေါ့
တွေ့ချင်အိမ်လိုက်လာခဲ့ သိမယ်။
စာအသစ်တင်ထားတာကိုပြောတာနော် ဟိဟိ

မသက်ဇင် said...

ပိုစ့်လေးဖတ်ရင်းရယ်သွားတယ်---