Thursday 24 July 2008

ဆည်းဆာနဲ့ အတူလွမ်းတယ်



ညနေခင်းရဲ့ ဆည်းဆာအောက်မှာ
တစ်ယောက်ထဲအဖေါ်မဲ့လို့ 
ဟိုး...အရင်ချိန်က
ဒီဆည်းဆာအောက်မှာ
စုံတွဲလေးတစ်တွဲ
ပျော်ရွှင်ကြည်နူးခဲ့ကြတာ
ဆည်းဆာလေးသာစကားပြောတတ်ခဲ့ရင်
သူလဲပြောနေမယ်ထင်တယ်...
မောင်ရေ....
အရင်ကလိုဆည်းဆာအလှကို
အတူခံစားချင်သေးတယ်..
အလွမ်းနေ့ ရက်ရှည်တွေ ကိုရင်ဆိုင်နိုင်ဖို့ 
အားအင်တွေပေးပါဦးလား...
ဘယ်အချိန်မှပြန်လာမယ်မှန်းမသိတဲ့ မောင့်ကို
ဆည်းဆာလေးနဲ့ အတူ
မျှော်လင့်နေမယ်နော်...

4 comments:

Welcome said...

နူးညံ့ပြီး ခံစားလို့ကောင်းတဲ့ကဗျာလေးပါ။
ပြန်လည်ဆုံစည်းနိုင်ပါစေဗျာ......
-
ဝင်းဇော်

little moon said...

ဆည်းဆာအလှကို ကြည့်ပြီး ဘီယာသောက်ရတာတော့ ကြိုက်ပါတယ် ညီမရယ် ..

၀ဿန်ဦး said...

ဆည်းဆာလေးသာ စကားပြောတတ်ခဲ့ရင်တဲ့...
အလွမ်းကဗျာလေးကို... ခံစားသွားပါတယ်း)

Bo Hein said...

ပျော်ရွှင်ဖွယ်နေ့လေးတွေ အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။