Sunday, 20 July 2008

တိတ်တခိုးချစ်သူ



ကောင်းကင်ပြာပြာအောက်မှာ
သူနဲ့ စတွေ့ ခဲ့တာ
ရေစက်လို့ ဆိုရမလား
ကံကြမာကဖန်တီးပေးတာလား..
ဘာအကြောင်းကြောင့်ဖြစ်ဖြစ်ပေါ့လေ..

တစ်စထက်တစ်စ
သိကျွမ်းရင်းနှီးလာတော့
အဖြူရောင်လေးကနေ
အရောင်တွေစွန်းထင်းလာခဲ့ရပြီလေ
စည်းတစ်ဖက်ခြားမှာနေနေရတဲ့ တို့ ဘဝ
ခံစားချက်တွေထုတ်ဖေါ်ချင်လဲ
အဲဒီကံကြမာကပဲခွင့်မပြုလို့ 
နှုတ်ပိတ်ဆွံ့ အချင်ယောင်ဆောင်ခဲ့ရတယ်
သူပြောဖူးတဲ့ စကားလေး
မချစ်မိအောင်ကြိုးစားနေတယ်တဲ့ 
အတင်းကြိုးစားနေတဲ့ သူ့ ကို
ချစ်ပါလို့ မတိုက်တွန်းချင်တော့ပါဘူး
သူ့ ဆီကလဲဘာမှမလိုချင်တော့ပါဘူး
လောကကြီးမှာ
သူရှိနေသေးတယ်..
သူ့ ရင်ထဲမှာ
တို့ ရှိနေသေးတယ်ဆိုတဲ့အသိက
တို့ ရင်ကိုနွေးထွေးစေလို့ 
အဲဒီစိတ်နဲ့ ပဲ
ရောင့်ရဲနေတော့မယ်......။

6 comments:

စိုင်းစိုင်းလားရှိုး said...

ရောင့်ရဲ ပြီးနေတော့ လည်း
နေသားကျသွား မှာပဲပေါ့
ဟုတ်ဖူးလား ......

Anonymous said...

စိတ်မကောင်းဘူးကွယ်..

လင်းဦး(စိတ်ပညာ) said...

"ေလာကၾကီးမွာ
သူရှိနေသေးတယ်..
သူ့ ရင်ထဲမှာ
တို့ ရှိနေသေးတယ်ဆိုတဲ့အသိက
တို့ ရင်ကိုနွေးထွေးစေလို့ 
အဲဒီစိတ်နဲ့ ပဲ
ရောင့်ရဲနေတော့မယ်........"

ကောင်းတယ်... ခံစားချက်ကိုပေါ်လွင်စေပါတယ်... :)

Yan said...

ကဗျာလေးက တယ်လှပါလားဗျ
ရောင့်ရဲပြီးတော့ မနေပါနဲ့ကွယ်.
ဘလော့ဂ်ရှိနေတာပဲ.
ဖွင့်ပြောလိုက်.
း)

မသက်ဇင် said...

ကိုယ့်ခံစားချက်ကိုကဗျာအဖြစ်ရေးလိုက်တာကောင်းပါတယ်။
ကဗျာချစ်သူ
မသက်ဇင်

Kaung Kin Ko said...

ကဗျာ လာဖတ်သွားတယ်နော်။ ရောင့်ရဲ ပျော်ရွှင်နိုင်ပါစေ