Tuesday 15 July 2008

ချစ်မိပြီ

နင့်အကြည့်ကြောင့်
ရင်ခုန်တယ်..
နင့်အပြုံးကို
နှစ်သက်တယ်...
နင့်အပြောမှာ
သာယာတယ်...
နင့်အနားမှာ
ငါပျော်တယ်..
နင်နဲ့ တွေ့ ရင်
ကြည်နူးတယ်..
နင်ဂရုမစိုက်ရင်
ရင်နာတယ်..
နင့်အတွက်ငါ
ရှင်သန်ချင်တယ်..
ဒါတွေကိုအချစ်လို့ 
သတ်မှတ်ရင်
နင့်ကိုငါနှစ်နှစ်ကာကာ
ချစ်နေမိပြီပေါ့...

3 comments:

Anonymous said...

မေချင်း.. တော်တော်ချစ်တတ်နေပါလား... လာမြည်းသွားတယ် နောက်တစ်ပုဒ်ဟေ့

Squall said...

:D jit jit tway gyi pal :D taw taw jit tat nay V pod lay :P

Welcome said...

ချင်းမလေး..
အချစ်ကြောင့်
ရင်ခုန်ကြည်နူးနိုင်ပါစေ ..
အချစ်အတွက်နဲ့
ရင်တုန်ပန်းတုန်
မဖြစ်ပါစေနဲ့လို့
ဆန္ဒပြုပါတယ် .. .. ..

-ဝင်းဇော်