Monday 7 July 2008

ဒီနေ့ ကံမကောင်းပါလားနော်....

ဒီမနက်ကျမအိပ်ရာကနိုးလာတော့အချိန်က၆နာရီခွဲနေပြီ...ဒါနဲ့ ပဲကမန်းကတန်းမျက်နှာသစ်ရေမိုးချိုး
အ၀တ်အစားလဲပြီးမနက်လေးနာရီလောက်ကမေမေပြင်ဆင်ပေးတဲ့ထမင်းနဲ့ ဟင်းကိုချိုင့်ထဲထည့်ပြီး.
မနက်စာစားပြီးထွက်လာခဲ့တာပေါ့....
ကားမှတ်တိုင်ရောက်တော့၄၃အဖြူကိုတွေ့ တာနဲ့ ဝမ်းသာအားရနဲ့ ကားပေါ်တက်လိုက်တာကံကောင်း.
ချင်တော့ထိုင်ခုံပါရလိုက်သေးတယ်..ထိုင်ခုံဆိုပေမယ့်ဘေးတန်းတွေပါ.အကျအနနဲ့ဝင်ထိုင်တာပေါ့ရှင်.
ဒီအချိန်ထိတော့ကံကောင်းနေတုန်းပဲ..စပယ်ယာကကားခလေးတွေလှမ်းထားမယ်လို့ တောင်းတဲ့အချိန်.
မှပြသနာကစတော့တာပါ..ဟိုက်...သွားပြီ..ပိုက်ဆံအိတ်မေ့ခဲ့ပြီ..အလောတကြီးထွက်လာရတော့ပိုက်ဆံ
အိတ်ထည့်ဖို့ မေ့ခဲ့တာပေါ့..လွယ်အိတ်ထဲမှာပိုက်ဆံထည့်တဲ့အကျင့်လဲမရှိတော့ခက်တော့တာပေါ့.
ရှိလိုရှိငြားရှာကြည့်သေးတယ်.ဟော..တွေ့ ပြီ..အန်..ငါးဆယ်တန်တစ်ရွက်..ဒါနဲ့ဘာမှလုပ်လို့ မရတာအား
လုံးအသိပါ..ဟူး...ဘာလုပ်ရပါ့...ဒီအချိန်မှာအပေါင်တခုခုထားရမယ်ဆိုရင်တောင်ထားစရာကမရှိတော့.
ဟင်း..စိတ်မောလိုက်တာနော်..ဘေးဘီဝေ့ကြည့်လိုက်တော့.ဟော...အခုမှတကယ်တွေ့ ပြီ..ကယ်တင်ရှင်.
ကျောင်းကဒုနှစ်ညလေးပါ..ကျမရဲ့ တယောက်အကျော်မှာထိုင်နေတယ်ရှင့်.ကျမလဲသူ့ ကိုတော့မရှက်နိုင်တော့
ဘူးလေ..ဒါနဲ့ ပဲဘေးကတယောက်ကိုကျော်ပြီးသူ့ နားကိုတိုးတိုးလေးနဲ့ အမကို၂၀၀လောက်ချီးပါလားလို့ 
တောင်းလိုက်ရတာပေါ့....သူကလဲအလိုက်တသိနဲ့ တစ်ထောင်တန်တစ်ရွက်ထုတ်ပေးရှာတယ်.
ဒါနဲ့ ပဲကားခပြသနာလေးဖြေရှင်းလိုက်ရတယ်..
ကျမတို့ နှစ်ယောက်ကြားထိုင်နေတဲ့တယောက်ကညလေးဆီကတောင်းနေတာကိုနားမလည်သလိုနဲ့ ကျမကို
ကြည့်နေသေးတယ်...ရှက်လိုက်တာနော်...ဒီနေ့ ကားပေါ်ကတော်တော်များများကျမကိုပြူးတူးပြဲတဲနဲ့ ကြည့်
နေကြသလိုခံစားရတယ်..သူတို့ ကသူ့ အကြောင်းကြောင်းနဲ့ ကြည့်နေပေမယ့်ကျမကတော့ဟိုဟာကိုပဲအိုးမလုံ
အုံပွင့်နေတာပေါ့..
ကားပေါ်ကဆင်းတော့မှတစ်ယောက်ထဲသက်ပြင်းချပြီးကတွတ်ပီလို..
ဟူး..ဒီနေ့ ကံမကောင်းပါလားနော်...လို့ တောင်ရေရွတ်မိသေးတယ်....

6 comments:

Dream said...

နောက်ဆိုရင်အမြဲတမ်းကံကောင်းပါစေနော်.....

Yan said...

အင်း.
ဒါပေမယ့် ကယ်တင်ရှင်အသိနဲ့တွေ့ခဲ့တာလေးကိုက ကံကောင်းနေသေးတာပဲလေ.

:)

မိုးမြင့်တိမ် said...

ဟားဟားဟား ဖြစ်မှဖြစ်ရလေ ဒီလိုပါဘဲ ဘ၀မှာ တစ်ခါတစ်ရံ လွဲချော်မှုလေးတွေ ရှိတတ်တယ် ဒါပေမယ့် ဒါတွေဟာ ဘ၀ရဲ့ အမှတ်ရစရာလေးတွေပါဘဲ

Squall said...

nga ko pyaw tar ma hote bu :D hehe

Htoo Tay Zar said...

ကျွန်တော်လည်း တစ်ခါတလေ အဲဒီလို ဖြစ်တတ်တယ် =)

နော်သတိထားပေါ့ မမှားရအောင်

Unknown said...

နောက်ဆိုရင် သတိထားပေါ့ ဗျာ.........
ကျွန်တော်ဆိုလည်း အမြဲသတိထားရတယ်ဗျ.....
မေ့တတ်လို့လေ.....
ကံကောင်းပါစေ.......