Friday 28 September 2012

သတိပေးစာ....

ဆရာကြီးလား...
အထာကြီးနဲ့ လာကျောရအောင်...
ဒီကလဲ သမ္ဘာကြီးတော့လဲ မဟုတ်ဘူးပေါ့...
ဒါပေမယ့် အထာကိုင်ပြီး လာကျောတိုင်းခံမယ့်
ပျော့ဖတ်ဖတ်လူတော့ မဟုတ်ခဲ့ဘူးနော်...။


ဘယ်လို......
ငါက ခိုးတယ်တဲ့ လား....
ဒါဆို နင်လုယူခဲ့တဲ့ ငါ့ရင်တစ်ခြမ်း
ဗျမ်းဗျမ်းကွဲခဲ့တဲ့ ငါ့အရှက်မှတ်တမ်း..
ဘာနဲ့ အစားထိုးထိုး အကောင်းတိုင်း
ပြန်မရတော့မယ့် ငါ့ဘ၀မှတ်တမ်း...
အရာအားလုံးအတွက်
ဘာလျှောက်လဲချက်ထွက်ချင်သေးလဲ..


ငါ မိုက်ခဲ့လို့ ထိုက်သင့်တဲ့ အပြစ်
ငါခံတယ်ပဲထား...
ငါ့အပေါ်ထားတဲ့ အချစ်တွေကုန်ပြီပဲထား...
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တတ်တာ...
စီကာစဉ်ကာ မပြောလဲ
နင်နားလည်မှာပါ.....

သူခိုးပြေးမှ ထိုးကွင်းထ မနေချင်တော့လို့ ..
အားလုံးကိုမြိုသိပ်ခဲ့တာ...
နာကြည်းချက်တွေကို မြေမြှုပ်
ခွင့်လွှတ်ခြင်းတွေနဲ့ ထုံးသုတ်ခဲ့တာ...
ထပ်ပြီး ဂုတ်သွေးစုပ်ချင်နေတာလား....

စကားမတတ်ဘူးဆိုပြီး
အထက်စီးက ဆက်ဆံချင်တယ်ပေါ့...
ထပ်ပြီး အမုန်းမပွါးချင်တော့လို့ 
ဆက်ပြီး မသိချင်ယောင်ဆောင်ခဲ့တာ..
ဒီ့ထက်ပိုပြီး မကဲချင်ပါနဲ့ ..
ဆက်ကဲခဲ့ရင် ကပ်စီးနဲတတ်တဲ့ ငါ...
ခွင့်လွှတ်ခြင်းမိုးတွေ စဲပြီး..
နာကြည်းချက် မိုးတွေသဲလာလိမ့်မယ်....။
 (သတိထားမိကြလားတော့မသိဘူး... အခုတလောကျွန်မကဗျာတွေမှာပေါက်ကွဲသံတွေ
ပါနေတယ်ဆိုတာ... ဟုတ်ပါတယ်.. အရမ်းကိုရိုးအပြီး အေးလွန်းတယ်လို့ သူတွေသိကြတဲ့
ကျွန်မ လဲ အပြင်မှာပေါက်ကွဲခွင့်မရလို့ .. ကျွန်မပိုင်တဲ့ နေရာလေးမှာဖဲ ပေါက်ကွဲပစ်မိပါတယ်။
လူတိုင်းစိတ်ချမ်းသာစရာကောင်းတဲ့  စာလေးတွေဖဲဖတ်ချင်ကြမှာပါ.. ဒါပေမယ့် ကျွန်မရဲ့ 
ကဗျာကို အချိန်ပေးပြီးလာရောက်ဖတ်ရှုပေးတဲ့သယ်ရင်းများအားလုံးကိုကျေးဇူးတင်ပါတယ်လို့ 
လဲပြောချင်ပါတယ်။ကျွန်မရဲ့ ပေါက်ကွဲတဲ့မီးစလေးတွေ စာဖတ်သူများအပေါ်လွင့်စင်မသွားပါစေ
နဲ့လို့ လဲ ဆုတောင်းမိပါတယ်.. အားလုံးကိုပျော်ရွှင်စေချင်ပါတယ်ရှင်.... :)

5 comments:

လွင်ပြင်လှိုင်းငယ် said...

ပေါက်ကွဲသံတွေက လန်းနေတယ်။ဟစ်ဟော့သမားတွေကဗျာခံစားမိရင်
စာသားတွေယူသွားအုံးမယ်နော်

အိပ်မက်ကောင်းကင် said...

ဖူးးးးးးး
မလွယ်ပါလား .......
ကဗျာလေးကို သူမသိအောင် တိတ်တိတ်လေးပဲ ဖတ်သွားမှ
တော်ကြာနာ့ ဘက်ပေါက်ကွဲလာမှ ဒုက္ခ
ကဗျာလေးကို တိတ်တိတ်ကလေးပဲ ခံစားသွားပါတယ်

စံပယ်ချို said...

ချင်းမလေးရေ
ပေါက်ကွဲပါစေ များများသားပေါက်ကွဲ ဒါမှ ကဗျာကောင်းတွေထွက်လာမှာလေ
လုယူခဲ့တဲ့ ငါ့ရင်တစ်ခြမ်း
ဗျမ်းဗျမ်းကွဲခဲ့တဲ့ ငါ့အရှက်မှတ်တမ်း..
ဘာနဲ့ အစားထိုးထိုး အကောင်းတိုင်း
ပြန်မရတော့မယ့် ငါ့ဘ၀မှတ်တမ်း...
အရာအားလုံးအတွက်
ဘာလျှောက်လဲချက်ထွက်ချင်သေးလဲ---------
စာသားတွေထက်နေတာပဲရှင်-

မိုးနတ်ကြယ်စင် said...

အကြီးအကျယ်ကို ပေါက်ကွဲနေတယ်ဟ..
လွတ်အောင်ရှောင်မှပဲနော်.....:P
ခင်မင်နေတဲ့ မိုးနတ်..

Yoemyaykya said...

အစ်မရေပေါက်ကွဲသံလေးက နားထောင်လို့ကောင်းလိုက်တာ။ ကဗျာရွတ်နေရင်းနဲ့ Hip Hop နားထောင်နေရသလိုပဲ။ Bobby Soxer ကို ဆိုခိုင်းရင်ကောင်းမယ်အစ်မ။
ငါ မိုက်ခဲ့လို့ ထိုက်သင့်တဲ့ အပြစ်
ငါခံတယ်ပဲထား...
ငါ့အပေါ်ထားတဲ့ အချစ်တွေကုန်ပြီပဲထား...
စာသားတွေက twist ဆိုလို့တော်တော်ကောင်းတာ။မိုက်တယ်မိုက်တယ်။တကယ်ထိတယ်စာသားတွေက