Friday, 5 October 2012

ဇဝေဇ၀ါနဲ့  ကျန်ရစ်သူပါ..မောင်...

မေဦး... နင် ဟိုကိစ္စကြားပြီးပြီလား...
ဘာကိုလဲဟင်..  မျက်လုံးလေးကလယ်ကလယ်နဲ့ ကျွန်မသူ့ ကိုပြန်ကြည့်နေမိတယ်...။
သူက "မသိသေးဘူးထင်တယ်.. မပြောတော့ပါဘူး "...
" အဲ့ လိုမလုပ်နဲ့ လေ.. မေဦးကိုပြောပြပါ .. " ကျွန်မ သိချင်စိတ်တွေ အရမ်းပြင်းပျလာခဲ့ပါတယ်။
သူက မပြောဘူး ဆိုတော့ ပိုပြီးသိချင်လာမိတယ်။
                 အောင် လေ... မနေ့ ကပဲ မိန်းမခိုးလာခဲ့ပြီ တဲ့ ...
လုံးဝကို မထင်မှတ်ထားတဲ့ ကိစ္စတွေပါ။ အောင် ဆိုတာ ကျွန်မရဲ့ ချစ်လှစွာသောချစ်သူ.. သူငယ်ချင်း
ဆိုလဲ မမှားဘူးပေါ့..ငယ်ငယ်တည်းက သေးငယ်တဲ့ မြို့ လေးမှာ နေရင်း တူတူကြီးပြင်းလာတဲ့ သယ်ရင်း
အရင်းခေါက်ခေါက်ကြီးတွေလေ။သယ်ရင်း ဘ၀ကနေချစ်သူဖြစ်လာခဲ့တာဆိုတော့ တခြားချစ်သူတွေထက်
အချစ်ရော.. သံယောဇဉ်ပါ ပိုလာခဲ့ရသူပါ။
              ကျွန်မ နားကို ကျွန်မ မယုံနိုင်အောင် ဖြစ်နေခဲ့တယ်.။အောင် က ဒီလိုလုပ်တတ်တဲ့ လူစားမျိုး
မဟုတ်ပါဘူး။သူ့ အကြောင်း ကျွန်မ ကောင်းကောင်းသိတာပေါ့။ ကျွန်မ ကိုသူသိပ်ချစ်ခဲ့တယ်။ကျွန်မလဲ
သူ့ ကိုသိပ်ချစ်ခဲ့ပါတယ်။ ကျွန်မ စကားဆို သူ သိပ်နားထောင်တတ်တာ..။ကျွန်မ တစ်ခု ပူဆာလိုက်ရင်
သူ မရရအောင် လုပ်ပေးတတ်တဲ့ သူပါ။
              သူနဲ့ ကျွန်မ ချစ်သူဖြစ်တာ အိမ် ကမိဘတွေသိတော့ သူ့ မိဘတွေက သဘောတူပေမယ့်
ကျွန်မ မိဘတွေကတော့ လုံးဝ သဘောမတူခဲ့ပါဘူး.။ ဘာလို့ လဲဆိုတော့.. သူ့ မိဘတွေက ဒီမြို့ မှာ
နေတဲ့ သူတွေထကိပ်ုကဆံ နဲနဲပိုရှိတော့ နဲနဲမောက်မာချင်တယ်လေ။ဒါ့ကြောင့် ကျွန်မ ကိုငဲ့ပြီး သဘော
မတူခဲ့တာ...။
                  ဒါပေမယ့် သူ့ မိဘတွေကတော့ ကျွန်မ ကိုအရမ်းသဘောကျကြတယ်။မယူရသေးပေမယ့်
ချွေးမ တယောက်လို ဆက်ဆံကြတယ်။မင်္ဂလာဆောင်ဖို့ ကိုလဲ စိတ်ကူးတွေယဉ်ကြတယ်လေ။သူ့ မိဘ
တွေက သူများအပေါ်မကောင်းချင် မကောင်းပဲနေမယ်.. ကျွန်မ အပေါ်ကိုတော့ အရမ်းကောင်းကြတာပါ။
                     မြို့ လေးက ကျဉ်းကျဉ်းလေးမို့ ကျွန်မတို့ တစ်ခါ ချိန်းတွေ့ ဖို့ ကို ကျွန်မ မိဘတွေမတွေ့ ဖို့ 
ပုန်းလျှိုးကွယ်လျိုးနဲ့ တွေ့ ခဲ့ရတယ်။ဟိုလမ်းသွား ဦးလေးနဲ့ တွေ့ ..ဒီလမ်းသွား မောင်လေးကျူရှင်အပြန်နဲ့ 
တိုးနဲ့ .. ပတ်ပြီးရှောင်နေရတဲ့ အထိပါပဲ။အဲ့လိုမျိုး.. ကျွန်မရဲ့ မိဘတွေသဘောမတူတဲ့ ကြားက ချစ်ခဲ့ကြတာပါ။
ကျွန်မ မိဘတွေသဘောမတူတာကိုလဲ သူသိတယ်။ဒီလိုနဲ့  သူ... ဘာမပြောဘာမပြောနဲ့ .. တစ်လတိတိ
ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။ဒီနေ့ မှာ ဒီလိုစကားတွေကြားရလိမ့်မယ်လို့ ကျွန်မလုံးဝကိုမထင်ခဲ့တာပါ။သူနဲ့ ကျွန်မ
မတွေ့ ဖြစ်ဘူးဆိုပေမယ့် ပြတ်သွားတာလဲမဟုတ်ခဲ့ဘူးလေ။ " သူ ...မိန်းမခိုးလာခဲ့ပြီတဲ့ လား" .. ကျွန်မဘယ်လို ယုံပေးရမလဲ.... ဒီမြို့ လေးဆိုတာ.. ဒီလူဒီလူတွေပဲရှိတာ.. ကျွန်မနဲ့ သူ့ အကြောင်း လူတိုင်းလိုလိုသိကြတာ...
အခုတော့.. သူက ကျွန်မ မဟုတ်တဲ့ တစ်ယောက်နဲ့ တဲ့ ... ကျွန်မ ဘယ်လိုမျက်နှာနဲ့ များဆက်နေသွားရမလဲ...
ဒါတွေဟာ ယုံတမ်းစကားတွေပဲ ဖြစ်လိုက်စေချင်တယ်။

ရင်ထဲမှာ နာနာကျင်ကျင်ခံစားလိုက်ရတယ်။လုပ်ရက်လိုက်တာ...။မျက်ရည်တွေပါးပြင်ထက်
စီးကျမလာအောင် ကျွန်မ မနဲထိန်းထားရတယ်။ချစ်ခဲ့မိလို့  နာကျင်ခံစားရတယ်ဆိုတာထက် မခံချင်စိတ်
တွေက ကျွန်မ ရင်ကိုပိုပြီး ဗြောင်းဆန် စေတယ်။
               သူဘာလို့ ဒီလိုလုပ်သွားရက်တာလဲ...ကျွန်မ မိဘတွေက သဘောမတူတာကို မခံချင်လို့ များ
လား....ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကိုဖြတ်ပြီးမှ ဆို ကျွန်မ ဖြေသာပါသေးတယ်။ပြီးတော့ ..သူတို့ ကြိုက်တာ
တစ်လပဲရှိသေးတယ်ဆိုတော့ ကျွန်မနဲ့ ဝေးနေတဲ့ ကာလမှာပဲစတွေ့ ပြီး ယူခဲ့ကြတာပေါ့....။
               ချစ်သူ.... နင်နဲ့ ငါ ချစ်ခဲ့ကြတဲ့ နှစ်ရှည်လများက တစ်လဆိုတဲ့အချိန်အတိုင်းအတာ အတွင်းမှာ
လွယ်လွယ်ပဲပြောင်းလဲသွားနိုင်လား....ဆယ်နှစ်ကျော်ဆိုတဲ့ အချိန်တစ်ခု က တစ်လဆိုတဲ့ တိုတောင်းတဲ့ 
အချိန်ကိုမယှဉ်နိုင်ဘူးတဲ့ လား...ငါ့ကိုသိပ်ချစ်ခဲ့တယ်လို့ ငါထင်ခဲ့တဲ့ နင်က နေ့ ချင်းညချင်း ပြောင်းလဲသွား
တာ ငါအခုထိ မယုံကြည်နိုင်သေးဘူး။ဒါအိပ်မက်ဆိုရင် ငါမြန်မြန် နိုးထ ပါရစေ....
                ဒါပေမယ့် ဒါအိပ်မက်မဟုတ်ခဲ့ဘူး..။တကယ့်အဖြစ်အပျက်တစ်ခုပါ။အဲ့ဒီအမှန်တရားကိုရင်ဆိုင်
ဖို့  ကျွန်မ တစ်နေ့ မှာ စိန်ခေါ်ခံလိုက်ရတယ်။ သူတို့ ရဲ့ မင်္ဂလာဖိတ်စာ... သယ်ရင်းများက တဆင့် ကျွန်မ
လက်ထဲ ရောက်လာခဲ့တယ်။ဒီဖိတ်စာ ကိုဘယ်လိုစိတ်ကူးနဲ့ များ ကျွန်မ လက်ထဲ အရောက်ပို့ နိုင်ရတာလဲ...
"ငါမသွားချင်ဘူးဟာ... တော်ကြာ .. ငါစိတ်မထိန်းနိုင်ပဲ မျက်ရည်ကျလာခဲ့ရင် ဘယ်လိုလုပ်မလဲ..."
သယ်ရင်းတွေကိုပြောပြတော့ သူတို့ လဲ အကြောင်းသိတွေမို့ ကျွန်မကို မသွားတာပဲကောင်းပါတယ်လို့ ပြော
လာတော့.. ဒီလိုနဲ့ ကျွန်မရဲ့ ချစ်လှစွာသော သယ်ရင်းချစ်သူ ရဲ့ မင်္ဂလာပွဲကို မသွားဖြစ်ခဲ့ပါဘူး....။
              ဒါဇာတ်လမ်းတစ်ပုဒ်ဆိုရင် "ပြီးပါပြီ " ဆိုတဲ့ စာတန်းနဲ့ အတူ ကန့် လန့် ကာချ ရတော့မှာပါ...။
ဒါပေမယ့် ဒါဇာတ်လမ်းတစ်ပုဒ်မှ မဟုတ်ခဲ့တာ...။ဒါ တကယ့်အဖြစ်အပျက်လေ... ကျွန်မရင်ကို စုတ်ပြတ်သွားအောင် လုပ်နိုင်ခဲ့တဲ့ တကယ့် အဖြစ်အပျက်တစ်ခုပါ....။ဖြစ်ချင်တော့.. သူတို့ ပြောင်းလာတဲ့အိမ်နဲ့ ကျွန်မတို့ အိမ်ကမျက်စောင်းထိုးလေးတင်...။

သူတို့ ကုန်စုံဆိုင်ဖွင့်ထားတယ်လေ။ကျွန်မ မတွေ့ ချင်ပေမယ့် နေ့ တိုင်းဒီမျက်နှာတွေကို တွေ့ နေရပါတယ်။ကံကြမ္မာ
က ကျွန်မကို တကယ်ကျီစားလွန်းပါတယ်။သူတို့ မျက်နှာ တွေ့ ခွင့်ပေးတာနဲ့ တင်မကျေနပ်သေးဘူး..။သူတို့ 
ရဲ့ ပျော်ရွှင်စွာ ပြုံးရွှင်ကျီစယ်နေတဲ့ အပြုအမူတွေထိပါ တွေ့ ခွင့်ရခဲ့တယ်.။ဆိုင်ရှေ့ မှာ ပြေးတမ်းလိုက်တမ်းဆော့
ရင်းမြူးတူးနေတဲ့ ပုံကို မြင်ရတဲ့ ကျွန်မ မှာတော့ ခါးသီးတဲ့ ဝေဒနာကြီးတွေနဲ့ ပဲ ရင်းနှီးကျွမ်းဝင်ခဲ့ရတယ်...။
                ဒီအဖြစ်အပျက်ကိုကြည့်ရင်း ၀န်တိုစိတ်တွေ တားမနိုင် ဆီးမရ တဖွါးဖွါးနဲ့ ဖြစ်ပေါ်လာနေဆဲပါပဲ...။
ဒီလိုနာကျင်မှုတွေပဲ ရတော့မယ့် နေရာမှာ ကျွန်မ ဆက်မနေချင်တော့တာ ကျွန်မ မမှားပါဘူးနော်...။ဒီလိုန
ဒီလိုနဲ့ ဒီမြို့ လေးကိုစွန့် ပြီး အလုပ်လုပ်ဖို့ ရန်ကုန်ကို တက်လာခဲ့ပါတယ်။တစ်နှစ်တစ်ခေါက် ဒီနေရာကို ပြန်ရောက်ဖြစ်ပေမယ့် သူရှိနိုင်မယ့် နေရာတွေကို ကျွန်မ ရှောင်နေခဲ့ပါတယ်။
               တစ်နေ့ မှာ ကျွန်မဦးလေးရဲ့ ဆိုင်ကယ်နောက်ခုံက လိုက်စီးရင်း သူရှိတတ်တဲ့ နေရာ အရောက်..သူ့ ကိုရှောင်ဖို့ မျက်နှာကို တစ်ဖက်လှည့်လိုက်တဲ့ အချိန် ကျွန်မလှည့်လိုက်တဲ့ ဖက်က အုတ်ခုံပေါ်ထိုင်နေတဲ့ သူ
နဲ့ မျက်လုံးချင်း ဆုံဖြစ်အောင် သွားဆုံမိသေးတယ်။ သူက ကျွန်မ ပြန်ရောက်နေတာ မသိဘူးထင်ပါတယ်။
အံ့သြတဲ့ ပုံနဲ့ ပါးစပ်ကြီး အဟောင်းသားနဲ့ ကျွန်မကို ငေးကြည့်နေခဲ့တယ်..။
              ကျွန်မ လေ... ချက်ချင်းသူ့ ဆီကနေ အကြည့်ကိုလွှဲလိုက်ပါတယ်။ဒီတစ်သက် ဒီမျက်နှာကို ထပ်မတွေ့ ပါရစေနဲ့ တော့။သစ်စိမ်းချိုးချိုးရက်တဲ့ ချစ်သူရယ်.... သူလဲ တောင်းပန်ပါတယ်လို့ မပြောခဲ့သလို.. ကျွန်မလဲ
သူ့ အပြစ်တွေကို ခွင့်လွှတ်လား.. မလွှတ်ဘူးလား.. ကိုယ့်ကိုယ်ကို မဝေခွဲတတ်တော့ပါဘူး...။သူပေးခဲ့တဲ့ အချစ်
ဆိုတာ ကျွန်မ အတွက်တော့ ခါးသက်လွန်းပါတယ်။ရက်စက်ပါပေ့ ချစ်သူရယ်... ဆိုတဲ့ စကားကလွဲပြီး ကျွန်မဘာမှမပြောချင်တော့ပါဘူး....။


(ဒါတကယ့်အဖြစ်အပျက်တစ်ခုပါ။ကျွန်မသယ်ရင်းတယောက်ရဲ့ ကိုယ်တွေ့ လေးပေါ့..။သူပြောပြတဲ့ အချိန်
ကျွန်မ နားထောင်နေရင်းနဲ့ မျက်ရည်လည်မိတယ်။သူကတော့ ဘာမှမဖြစ်သလိုပြောနေပေမယ့် တစ်ချိန်
တုန်းက သူလဲအလူးအလဲခံစားရမယ်လို့ ကျွန်မ ထင်တယ်။အဖြစ်အပျက်က သူပြောသလိုရေးခဲ့တာ...
ခံစားချက်တွေ.. မေဦးရဲ့ ရင်ထဲက သူ့ ကိုယ်သူပြန်ပြောနေတဲ့ .. သူ့ ချစ်သူကိုပြောနေတဲ့ စာသားတွေက
တော့ကျွန်မဖြည့်စွက်ထားတာပါ..။သူက ဘယ်လိုခံစားရတယ်ဆိုတာတော့ မပြောပြချင်တော့လို့ ..။
တကယ့်အဖြစ်အပျက်က ၀မ်းနည်းစရာကောင်းလှပေမယ့် အရေးအသားမကျွမ်းသေးတဲ့ ကျွန်မလက်ထဲ
ရောက်သွားတဲ့အချိန်မှာတော့ ပေါ့ပျက်ပျက်ကြီးဖြစ်နေပါလိမ့်မယ်။အားလုံးပဲ ဖြည့်စွက်ပြီး ခံစားဖတ်ရှုပေး
ကြဖို့ မေတ္တာရပ်ခံပါတယ်ရှင်.....း)

6 comments:

ညီလင်းနိုင် said...

ဝတ္ထုလန်းလန်းလေးကို

ဦးဦးဖျားဖျား ခံစားခဲ့တယ်ဗျာ ။

ဆက်လက်ထုဆစ်နိုင်ပါစေ ။

ရိုးမြေကျ said...

ဖတ်ရင်းနဲ့တောင်ငိုချင်လာပီ။ဟုတ်ပ။၁၀နှစ်ကျော်ချစ်ခဲ့ကြတဲ့အချိန်တွေအတွက်တော်တော်ခံစားရမှာပဲနော်။

စံပယ်ချို said...

၁၀ နှစ်ကျော်ဆိုတဲ့အချိန် နဲတဲ့အချိန်မဟုတ်ဘူးနော်
ဒီလိုမျိုးလဲ ရှိတတ်တာပဲနော် စိတ်ထဲမကောင်းဘူး
ချစ်တဲ့ sis jasmine

မိုးနတ်ကြယ်စင် said...

ဟင်..ဘယ်လိုလဲဟင်..ဒါတကယ့်အဖြစ်အပျက်ဆိုလို့
သာ...ငြိမ်နေလိုက်ရတယ်...ရင်ထဲမှာတော့ မေဦးနေ
ရာကနေခံစားလိုက်ရတာ...ရင်တောင်ကွဲချင်လာပြီ..
တကယ်ဆို အဲဒါဖြစ်သင့်ရဲ့လားဟင်...တော်တော်ရက်
စက်တဲ့လူ...မိုးနတ်လဲ သူ့ကိုမုန်းတယ်....
ခင်မင်နေတဲ့....မိုးနတ်

အိမ်မက်ကောင်းကင် said...

ဇာတ်လမ်းလေးက တိုတိုလေးဆိုပေမဲ့လည်း
စိတ်မကောင်းစရာဇာတ်လမ်းလေးပါလား
သူဘယ်လောက်ခံစားရမလဲဆိုတာ ကိုယ်ချင်းစာမိပါတယ်
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း သည်လိုကြုံဖူးတာကိုး အခုရေးတာတာတွေတောင် ကျွန်တော့်အတွက်ရေးထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်လိုတိုက်ဆိုင်နေတယ် မမချင်းမလေးက ကဗျာရေးကျွမ်းသလို
ဇာတ်လမ်းလေးတွေမှာလည်း ရေးတာ တယ်ကောင်းတာကိုး
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)

မြတ်နိုးသူ said...

ဇာတ်လမ်းတိုလေးအားပေးသွားပါတယ်
ရေးထားတာလေးအရမ်းကောင်းတယ်
ဖတ်ရင်းနဲ့စိတ်မကောင်းဖြစ်မိတယ်