Friday 21 September 2012

ဇာတ်သိမ်းခန်း...

သိုးဖြူတစ်ကောင်အမှတ်နဲ့ 
ရင်ခွင်တံခါးဖွင့်ပေးခဲ့တာ...
ရက်စက်တတ်တဲ့ သားရဲတစ်ကောင်မှန်း
နောက်ကျမှ ငါသိခဲ့ရတယ်...

ဟန်ဆောင်ကောင်းမှ 
သူတော်ကောင်းလို့ ထင်နေကြတဲ့ လူတွေကြား
ဟန်ဆောင်ကောင်းတဲ့နင်..
သူတော်ကောင်းသယောင်နဲ့ ..
မာန်ထောင်လို့ ကောင်းနေတုန်းပေါ့...

လုမယူဖူးတဲ့ ...
ဟုတ်မှာပါ.. ငါ့နှလုံးသားကို
ဖဲ့ယူခဲ့ပြီးတာတောင်
ခိုးမယူဘူးလို့ အသံကောင်းဟစ်လို့ 
ကောင်းနေတုန်းလား....

ငြိမ်းချမ်းရေးကိုလိုလားလို့ 
ဆို့ နင့်မှုတွေကြား..
ခွင့်လွှတ်မှုတွေထားနိုင်အောင်..
ငါ့ နာကျင်မှုတွေကိုတားခဲ့တာ..
ခါးမှန်းသိပေမယ့်..
မျက်လုံးစုံမှိတ် အမုန်းတွေကို
ငါ ၀ါးမြိုခဲ့ရတာပါ....

ငါဆော့ခဲ့တာမဟုတ်ပါဘူး..
ချော့သိပ်ဖို့ ကြိုးစားခဲ့တာပါ..
လိမ်မာအောင်ဘယ်လောက်လုပ်လုပ်
ငါ့ကို ပြန်ရန်လုပ်တဲ့ နင်ဟာ
အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်ဆိုတာ
ငါ မေ့လျော့နေခဲ့မိတာပါ....

ငါ့ကိုပြုံးပြလို့  အမုန်းတွေအဆုံးသတ်ပြီပေါ့...
ငါ့ စိတ်ရင်းကိုလဲ သုံးသပ်မိပြီပေါ့..
ငါ ထင်ခဲ့သမျှ..
အစွယ်ကိုမြင်မှ ကွယ်ရာကနေ
ဓါးနဲ့ ရွယ်နေမှန်း ငါသဘောပေါက်တော့တယ်...

ငါ့စိတ်ရင်းကို အဆုံးသတ်သင့်ပြီ...
နင့်ကိုလဲ ပြန်သုံးသပ်သင့်ပြီ..
ခွင့်လွှတ်ခြင်းကိုလဲ ရုတ်သိမ်းသင့်
မသိမ်းသင့် ငါဆုံးဖြတ်သင့်ပြီ...
နင့်အပေါ်ထားတဲ့ ငါ့ လေးစားစိတ်
ငါ နိဂုံးချုပ်သင့်ပြီ...
တော်ပြီပေါ့...
နင်ပေးတဲ့ သင်ခန်းစာတွေ
လုံလောက်နေခဲ့ပြီမို့ ...
ဒီဘ၀ ဒီမျှနဲ့ ပဲ..
ငါတို့ နှစ်ယောက်ရဲ့ ဇာတ်လမ်း
ဇာတ်သိမ်းသင့်ပါပြီ.....။

5 comments:

Yoemyaykya said...

ဇာတ်သိမ်းခန်းလေးလာဖတ်တာ။ ဖတ်ပြီး ခံစားရတယ်။

အိပ်မက်ကောင်းကင် said...

ဇာတ်သိမ်းခန်းတဲ့လားးးးးးး
အရေးအသားလေးတွေကလည်းကောင်းလိုက်တာ
ဒေါသထွက်ထွက်နဲ့ရေးထားလို့လားမသိဘူး ကဗျာလေးက
ခံစားလို့ကောင်းနေတယ် :P
" သိုးဖြူတစ်ကောင်အမှတ်နဲ့ 
ရင်ခွင်တံခါးဖွင့်ပေးခဲ့တာ...
ရက်စက်တတ်တဲ့ သားရဲတစ်ကောင်မှန်း
နောက်ကျမှ ငါသိခဲ့ရတယ်...

ဟန်ဆောင်ကောင်းမှ
သူတော်ကောင်းလို့ ထင်နေကြတဲ့ လူတွေကြား
ဟန်ဆောင်ကောင်းတဲ့နင်..
သူတော်ကောင်းသယောင်နဲ့ ..
မာန်ထောင်လို့ ကောင်းနေတုန်းပေါ့..."
အဲဒါ ဘယ်သူလဲနော် သိချင်လိုက်တာ :P
ပျော်ရွှင်နိုင်ပါစေနော် မမချင်းမလေး
ခင်တဲ့(အိမ်မက်ကောင်းကင်)

စံပယ်ချို said...

----
ဟန်ဆောင်ကောင်းမှ
သူတော်ကောင်းလို့ ထင်နေကြတဲ့ လူတွေကြား
ဟန်ဆောင်ကောင်းတဲ့နင်..
သူတော်ကောင်းသယောင်နဲ့ ..
မာန်ထောင်လို့ ကောင်းနေတုန်းပေါ့..--
လူအတော်များများက သူတော်ကောင်း
အယောင်ဆောင်ပြီး မာန်ထောင်နေတာ တစ်ကယ်ပဲကွယ်

မိုးနတ်ကြယ်စင် said...

ငါ့ကိုပြုံးပြလို့  အမုန်းတွေအဆုံးသတ်ပြီပေါ့...
ငါ့ စိတ်ရင်းကိုလဲ သုံးသပ်မိပြီပေါ့..
ငါ ထင်ခဲ့သမျှ..
အစွယ်ကိုမြင်မှ ကွယ်ရာကနေ
ဓါးနဲ့ ရွယ်နေမှန်း ငါသဘောပေါက်တော့တယ်...

ကဗျာလေးကောင်းတယ်နော်...
အားပေးသွားတယ်..
ခင်မင်နေတဲ့ ...မိုးနတ်

လွင်ပြင်လှိုင်းငယ် said...

သိုးဖြူတစ်ကောင်အမှတ်နဲ့ 
ရင်ခွင်တံခါးဖွင့်ပေးခဲ့တာ...
ရက်စက်တတ်တဲ့ သားရဲတစ်ကောင်မှန်း
နောက်ကျမှ ငါသိခဲ့ရတယ်...
ကဗျာတွေကအရမ်းကောင်းလာတယ် ရေးတတ်လိုက်တာ