Friday 7 September 2012

အဖြေ....

အိတ်ဖေါင်းပေမယ့်
စိတ်မပြောင်းစေနိုင်တဲ့ 
မင်းရူပါက ချူချာနေလို့ 
ငါ ငြူစူမိတာ
မထူးဆန်းဘူးထင်တာပဲ....

တလေးတစားအသွင်ကိုပစ်..
ကလေးကလားအသွင်သစ်နဲ့ .
ချွဲ့ ကာနွဲ့ ကာပြတဲ့ မင်းကို
မဲ့ ကာရွဲ့ ကာပြတဲ့ ငါ့ကိုယ်ငါ..
လွန်တယ်လို့ မသတ်မှတ်ဘူး...

ရွေးလွန်းရင်လဲ မရ..
သေးလွန်းရင်လဲ မလှဆိုပေမယ့်
ငါစံထားခဲ့တဲ့ အချက်အလက်တွေနဲ့ 
တက်တက်စင်အောင်လွဲခဲ့လို့ 
ငါမရွေးချယ်တာ..
မှားတယ်လို့ မယူဆဘူး..

ပလီပလာတွေနားထား..
တီတီတာတာတွေနားကြားပြင်းလို့ 
အီချင်တာတောင်ပျောက်
အပီအပြင်သာငေါက် ချင်တော့တယ်...

ငါက ဟောက်ဆာဂျင်တော့မဟုတ်ပါဘူး
အငေါက်မှာတော့ ဆရာတင်လောက်သူမို့ 
ထောက်ထားစရာတွေနဲ့ 
ခြောက်ချားတတ်ရင်တော့
ငါ့ရှေ့ ရောက်မလာစေနဲ့ ပေါ့...

ဝဲကထူ၊ဗိုက်ကပူ
ချက်ကဆူနဲ့ အိုင်လပ်ဗ်ယူတဲ့ 
ချစ်စကားလေးတစ်ခွန်းသူပြောတော့
ခွန်းတုံ့ ပြန်ဖို့ စကားလုံးတွေတောင်ရှားပါး
နားခါးတယ် ထင်ချင်လဲထင်ပေါ့..
ငါ့ရင်မှာ ဘ၀င်မကျလို့ 
No Thanks ပဲပေါ့ ကိုယ့်ဆရာရယ်....။

7 comments:

မြတ်နိုးသူ said...

ရွေးလွန်းရင်လဲ မရ..
သေးလွန်းရင်လဲ မလှဆိုပေမယ့်
ငါစံထားခဲ့တဲ့ အချက်အလက်တွေနဲ့ 
တက်တက်စင်အောင်လွဲခဲ့လို့ 
ငါမရွေးချယ်တာ..
မှားတယ်လို့ မယူဆဘူး..
အားပေးသွားပါတယ်

Yoemyaykya said...

အားပါးပါး ကဗျာလေးက တကယ်လန်းတယ်။တကယ်ဖတ်လို့ကောင်းတယ်။

စံပယ်ချို said...

ပလီပလာတွေနားထား..
တီတီတာတာတွေနားကြားပြင်းလို့ 
အီချင်တာတောင်ပျောက်
အပီအပြင်သာငေါက် ချင်တော့တယ်-------
သေသေချာချာ ငေါက်လိုက်တော့

မိုးနတ်ကြယ်စင် said...

ချင်းမလေးရေ..ကဗျာလေးလာအားပေးသွားတယ်နော်
ကဗျာလေးက ဟာသညဏ်လေးပါနေတော့..ဖတ်ရတာ
မြုးတယ်....စာသားလေးတွေက ကြားနေကျပေမဲ့
ဖတ်လို့ကောင်းတယ်...ဆက်လက်ထုဆစ်နိုင်ပါစေ
အားပေးနေပါတယ်...
ခင်တဲ့..မိုးနတ်
(မိုးနတ်ကဗျာလေးတွေ မန့်လို့မရဘူးဆိုလို့ စိတ်မကောင်းပါဘူး...ကွန်တွေကလဲ တော်တော်ကိုမကောင်းတာနော်..ဘယ်တတ်နိုင်ပါ့မလဲနော်...ဘာပဲဖြစ်ဖြစ် ချင်းမလေးရဲ့ စေတနာကို ရင်ထဲမှာသိမ်းထားပါတယ်....)

အိပ်မက်ကောင်းကင် said...

အဟမ်း . . .အဟမ်း (ချောင်းဆိုးနေတာ မဟုတ်ပါ ဈေးကိုင်တဲ့လေသံနဲ့ အဟဲ)
ရန်ကုန်ကို အလည်လာမှာကြောက်လို့ ကဗျာနဲ့လှမ်းချောက်လိုက်တယ်ထင်ပါရဲ့
အငေါက်မှာတော့ ဆရာတင်လောက်သူဆိုတော့ လာရဲတော့ဘူး
ငေါက်ခံရမှာကြောက်တယ် ^_^
ကဗျာလေးကိုလည်း ခံစားသွားတယ်နော်
မမချင်းမလေး
ခင်တဲ့(အိမ်မက်ကောင်းကင်)

လွင်ပြင်လှိုင်းငယ် said...

ဝဲကထူ၊ဗိုက်ကပူ
ချက်ကဆူနဲ့ အိုင်လပ်ဗ်ယူတဲ့ 
ချစ်စကားလေးတစ်ခွန်းသူပြောတော့
ခွန်းတုံ့ ပြန်ဖို့ စကားလုံးတွေတောင်ရှားပါး
နားခါးတယ် ထင်ချင်လဲထင်ပေါ့..
ငါ့ရင်မှာ ဘ၀င်မကျလို့ 
No Thanks ပဲပေါ့ ကိုယ့်ဆရာရယ်....။

စာသားတွေလန်းလှချေလား အားပေးလျက်

Yoemyaykya said...

သဘောကျလို့နောက်တစ်ခေါက်ပြန်လာဖတ်တာပါ အစ်မရေ။