ချစ်သူ့ ရင်ခွင်လေးမှာ
မှေးစက်ရတာလောက်
ကျွန်မအတွက်
အလုံခြုံဆုံးနေရာမရှိခဲ့ဘူး...။
ချစ်သူ့ အနမ်းတစ်ပွင့်လောက်
ကျွန်မအတွက်
ချိုမြိန်ဆုံးအရာမရှိခဲ့ဘူး...။
ချစ်သူ့ လက်ကိုဆုပ်ကိုင်ရတာလောက်
ကျွန်မအတွက်
ခွန်အားပြည့်စေတဲ့ အရာမရှိခဲ့ဘူး...။<3
ချစ်သူ့ အနားမှာနေရတာလောက်
ကျွန်မအတွက်
ပျော်စရာကောင်းတာမရှိခဲ့ဘူး...။
ချစ်သူပြောတဲ့ စကားသံလောက်
ကျွန်မအတွက်
သာယာနာပျော်ဖွယ်ကောင်းတာမရှိခဲ့ဘူး...။
ချစ်သူကြည့်တဲ့ အကြည့်လောက်
ကျွန်မအတွက်
စွဲမက်စရာကောင်းတာမရှိခဲ့ဘူး...။
ပန်းပေါင်းတစ်ထောင် သို့မဟုတ် ဆေးဖက်ဝင်ပျားရည်
4 months ago