Saturday 13 December 2008

ရယ်သောသူအသက်ရှည်၏ အာပြဲသွားလျှင်တာဝန်မယူပါ

ဖိုးကံကောင်း

လက်ထပ်ပြီးစ ပုဂ္ဂိုလ်တစ်ဦး ထီပေါက်သည်။
သူငယ်ချင်းဖြစ်သူက ၄င်းကံကောင်းကြောင်း ချီးကျူးသည်။ ထို့နောက် သူငယ်ချင်းက မေးသည်။"ဒါနဲ့ ထီပေါက်တာသိတော့ မင်းမိန်းမ ဘာပြောသေးလဲ"ထီပေါက်သူက ဖြေသည်။"ဟင့်အင်း … ၀မ်းသာလွန်းလို့ ဆွံ့သွားလိုက်တာ ခုထိ စကားမပြောနိုင်သေးဘူး"သူငယ်ချင်းက ပြောသည်။"ကြည့်စမ်း၊ ကြည့်စမ်း … ကံကောင်းတဲ့သူတွေများ ဆက်တိုက်ကို ကံကောင်းကြတာပါလား"


ဧည့်သည်
လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှလူခေါ်ခေါင်းလောင်းသံ မြည်လာသည်။ ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"

6 comments:

မီးတောက် said...

ဘယ်လိုလုပ်ရမလဲ ပါးစပ်ကြီးက နောက်ဖင်တက်ချိတ်
သွားပီ.......ရောပေးရောပေး...
ဟားဟား...
ကောင်းးပါတယ် ခင်ဗျာ......
အသက်တောင်ရှည်သွားပီထင်ပါတယ်.......
ဆက်လက်ရေးသားနိုင်ပါစေ

Dr Phyo Wai Kyaw said...

ကိုယ့်အလှည့်အဲ့လို မဖြစ်စေနဲ့။

Dr Phyo Wai Kyaw said...

ကိုယ့်အလှည့် အဲ့လို မဖြစ်စေနဲ့ဗျိုး
စကားသိပ်မများနဲ့လို့ပြောတာ...
:P :P :P

Anonymous said...

အမှန်တွေပါလားဗျို့ အဟိဟိ

RePublic said...

လာရယ်ပါတယ် ခင်ဗျ .. ဟီးဟီး

အိပ်မက်ကောင်းကင် said...

အခုလိုဟာသလေးတွေကိုတင်ပေးတဲ့အတွက်ကျေးဇူးပါ
အရမ်းကိုရယ်ရပါတယ်
^_^ ^_^ ^_^