အခန်းကျဉ်းလေးထဲ
ငါတစ်ယောက်ထဲ
အထီးကျန်မှုတွေ
နာကျင်မှုတွေနဲ့ ပေါ့
မကြားချင်တော့ဘူး
ငါ့ကိုတစ်ယောက်ထဲနေခွင့်ပေးပါ
နှုတ်ဆက်စကားတစ်ခွန်းမ
မဆိုပဲငါ့အနားက
ထွက်သွားပါတော့...
မင်းပေးတဲ့ အပြုံးတွေဟာ
ငါ့အတွက်တော့အဆိပ်တစ်ခွက်
ဖြစ်နေခဲ့ပြီ..
တစ်ချိန်တုန်းကငါချစ်ခဲ့တဲ့
မင်းဟာအခုတော့မြွေဟောက်တစ်ကောင်လို
ငါ့ကိုအဆိပ်တက်စေခဲ့ပြီ
ထွက်သွားပါတော့..
ပေးသလောက်ပြန်မရခဲ့တော့လဲ
ငါ့ဘ၀နဲ့ ငါရှိစေတော့.
ငါ့ကိုလွတ်မြောက်ခွင့်ပေးပါတော့ကွာ..
တစ်ချက်လေးပြုံးခဲ့ရင်တောင်
အဲဒါငါ့ရဲ့ ငိုကြွေးခြင်းပါ..
6 comments:
ဟယ် ငါ့သူငယ်ချင်း
ခြင်းမလေးကို
ဘူဒူ ဖမ်းထားတာလဲကွ
ပြန်လွှတ်ပေးလိုက်။
ဒါပဲ..
(စတာနော်..စိတ်ဆိုးနဲ့)
ကဗျာကောင်းတယ်...
:P :P
ကဲ .. အသင် လွတ်မြောက်စေသောဝ် ၊၊ ဆုတောင်းပေးလိုက်ပြီ ၊၊
ကဗျာလေးကို ခံစားသွားပါတယ်........
ဆက်လက်ရေးသားနိုင်ပါစေ..
ကဗျာတွေ များလာတယ်
ဆက်လက် ရေးဖွဲ့နိုင်ပါစေ
ကဗျာလေးတော့ကြိုက်ပါတယ်ဗျာ။
နားမလည်တာလေးတခုရှိလို့ မေးပါရစေနော်
ပေးသလောက်ပြန်မရတော့လဲ ဆိုတဲ့စကားတော့ သိပ်ဘ၀င်မကျဘူးဗျာ
ဘယ်နဲ့ဗျာအချစ်ကို အပေါင်ဆိုင်များအောက်မေ့
နေလားမသိဘူး။
အဟိဟိဟိဟိဟိဟိ
ကောင်းတယ်ကင်မ်
သေသေချာချာဖတ်မိတော့
ကိုယ်တိုင်အခန်းတစ်ခုထဲရောက်သွားသလိုပဲ
လွတ်မြောက်ခွင့်ကိုအရူးအမူးလိုချင်နေတဲ့လူလိုပေါ့
လှောင်ပိတ်ခံထားရတဲ့သူက
တစ်ချိန်တည်းမှာလွတ်မြောက်နေတယ်လို့
ပြန်တွေးကြည့်မိတယ်...
ကောင်းတယ်ကင်မ်ရေ...ကဗျာလေးအသက်တော်တော်
ပါတယ်
အဆင်ပြေပါစေ..................
အကို
Post a Comment