Sunday 7 December 2008

မေ့နိုင်ကောင်းပါရဲ့ 

ငါ့ရင်ထဲမှာထစ်ချုံးမိုးတွေ
ရွာသွန်းနေတယ်လေ.......
ပုံပြင်တွေလာလာမပြောပါနဲ့ လား
ပုံပြင်ထဲကဇာတ်လိုက်မင်းသမီးလဲ
ငါမဖြစ်ချင်တော့ပါဘူး..
နင့်ရင်ထဲမှာတခြားသူရှိနေရက်နဲ့ 
ငါ့ကိုလှည့်စားရက်တယ်
ငါ့ရဲ့ ကျရှုံးခန်း
နင်ကြည့်ပြီးလှောင်ပြောင်နေမှာပေါ့...
ချစ်သူရေ.......
ချစ်ခဲ့ ပေမယ့်
နင်ထားပစ်တိုင်းနေသွားရအောင်
ငါအရုပ်တစ်ရုပ်မဟုတ်ခဲ့ဘူး...
ဒါကြောင့်
ငါ့ရင်ထဲကဒဏ်ရာတွေ
ပျောက်ကင်းသွားမယ့်
အချိန်ကိုစောင့်စားရင်း
တစ်နေ့ နေ့ မှာတော့
နင့်ကိုမေ့နိုင်ကောင်းပါရဲ့ ........။

4 comments:

စိုင်းစိုင်းလားရှိုး said...

အချိန်တန်ရင်တော့ မေ့မှာပေါ့

Anonymous said...

အချိန်ဆိုတာ အကောင်းဆုံးသမားတော်ပါ။
တရုတ်ကြီးအချိန်မဟုတ်ဘူးနော် တိုင်းဆိုတဲ့
အချိန်ကိုပြောတာ။ အဲဒါမှ မစောင့်နိုင်ရင်တော့
အိမ့်ဆီလာခဲ့လေ ဟိဟိဟိ
တမျိုးမထင်ပါနဲ့ နှလုံးသားဒဏ်ရာတွေပျောက်
သွားအောင် ပျော်တော်ဆက်လုပ်ပေးမလို့ပါနော်

ငွန်ငယ် said...

ငါသက်ရင်း..တကယ်ခံစားနေရတာလား..အို..
မေ့မှာပါ။အပျိုကြီးစာရင်းကောက်နေတာ..လာပေး..
ခင်တဲ့

Anonymous said...

အင်း....ကျွတ်ကျွတ်... တကယ်စိတ်မကောင်းဘူး မေချင်းရေ... အရေးသားကတော့ အရမ်းကောင်းတယ်ကွေ့... အရည်သွေးတွေ အတော်တောက်ပြောင်နေတာ မရောက်တာကြာတော့ မသိလိုက်ဘူး....