Friday 21 November 2008

အလိမ်အညာအချစ်

စကားလုံးလှလှ
အပြောချိုချိုလေးတွေနဲ
ငါ့ရဲ့ ရိုးသားမှုကိုအရောင်လာဆိုးတယ်.
စွဲမက်စရာကောင်းတဲ့ 

အနမ်းလက်ဆောင်လေးတွေ
ချစ်တယ်လို့ တဖွဖွပြောခဲ့တာတွေ
လွမ်းကျန်ရစ်နေတယ်ဆိုတဲ့ စကားလေးတွေ
အားလုံးအားလုံးအလိမ်အညာတွေမှန်းသိလိုက်ရချိန
ပျားရည်ဖုံးလွမ်းထားတဲ့ 
ဓါးသွားထက်ထက်လို
ငါချစ်ခဲ့ တဲ့ အလိမ်အညာတွေက
ငါ့ကိုနာကျင်နေခဲ့ပြီ.
အလိမ်အညာတွေနဲ့ 
ငါ့နှလုံသားကိုလှည့်စားတယ်
ငါ့မာနကိုချိုးနှိမ်တယ်
ငါ့သိက္ခာကိုစော်ကားတယ်
နင်....သိပ်ရက်စက်တယ်နော်..
ငါ့ရဲ့ လွမ်းစရာတွေကို
နာစရာတွေနဲ့ သာဖြေသိမ့်နေမှာမို့ .
ငါမြတ်နိုးတဲ့ လွတ်လပ်မှုကို
အဖေါ်ပြုရင်း
ငါ့ကိုတစ်ယောက်ထဲပဲ
နေခွင့်ပေးပါတော့ကွာ....

8 comments:

တင်ထွဋ် said...

အလိမ်အညာလေးတွေ ပြစ်ခွာထားခဲ့တဲ့ချစ်သူကို လွမ်းနေမဲ့ အစား နောက်ဒီလိုမဖြစ်အောင် ဘာတွေ
လုပ်မယ်ဆိုတာကို စဉ်းစားဖို့လိုပါတယ်................. ကဗျာ ဆရာတစ်ယောက်က တကယ်တော့ အသဲကွဲ ဘူးရတယ် လေ.................. အမရော အသဲဘယ်နှစ်ခါ ခွဲပြီးပြီလဲံ ဒါဆိုရင်တော့ ကဗျာ ဆရာမဖြစ်ပြီပေါ့နော်............. ဟီးးးးးးးးးးးးဟီးးးးးးးးးးးးးး
စိတ်တိုးကျေးနော်းးးးးးးးးးးး

စိုင်းစိုင်းလားရှိုး said...

အေးလေ နားနေခွင့်ပေးလိုက်ပါတယ်

ပျံသန်းခြင်းရပ်ဝန်း said...

ခွင့်တောင်းမနေပါနဲ့တော့ချင်းမလေးရေ...
နင်ငါ့ကိုဖြတ်..လို့သာပြောလိုက်ပါ...


အသည်းကွဲပြီးရင်ကဗျာအသစ်တွေ
ရေး၊စာအသစ်တွေရေးပြီး...အချိန်တွေအကျိုးရှိစွာနဲ့
ကုစားလိုက်ပါ...အားလုံးအဆင်ပြေသွားပါလိမ့်မယ်...
ခင်မင်လျက်..
နွေသူရ

RePublic said...

ဟုတ်ကဲ့ ၊၊ တစ်ယောက်တည်းနေလိုက်ပါ ၊၊ စိတ်ချမ်းသာတာပေါ့ ၊၊ စာမေးပွဲ အိုကေတယ်ဟုတ် ၊၊

Dr Phyo Wai Kyaw said...

အဲဒါကြောင့်
အဲလိုမလုပ်နဲ့လို့
ပြောတာပေါ့ကွဲ့
အဟမ်း။

sait phay yar said...

ဘ၀တူလာတော့မသိ..စာသားတွေကထိတယ်

Anonymous said...

အယ်.... ညခင်မလေးတို့ အလိမ်ခံထိပြီထင်တယ်
နောက်ကို သတိထား သိလား ဘယ်သူမှ မယုံရဘူး
အိမ်ကလွဲလို့ ဟိ

အရုပ်ကလေး said...

ပို့စ်လေး ဖတ်ရတာ ခံစားချက် ပြင်းမယ့်ပုံပဲ
အနားယူတာ ကောင်းတာပေါ့
.. ဟုတ်တယ်ဟုတ်