Sunday, 16 November 2008

ဝန်ခံချက်

မချစ်ခဲ့ဘူးလို့ မညာချင်ပါဘူး..
ချစ်ခဲ့မိပါတယ်
ဒါပေမယ့်
အရူးအမူးမဟုတ်ခဲ့ဘူး...
မလွမ်းဘူးလို့ မလိမ်ချင်ပါဘူး
လွမ်းခဲ့မိပါတယ်
ဒါပေမယ့်
တစ်ရက်ထဲ
မခံစားရဘူးလို့ မပြောချင်ပါဘူး
ခံစားခဲ့ရပါတယ်
ဒါပေမယ့်..
တစ်ခဏတာလေးပဲ..
မာယာများတဲ့ နင့်အနမ်းကြောင့်
တစ်ဒင်္ဂလှုပ်ခတ်သွားတဲ့ 
ငါ့နှလုံးသားကိုထိန်းချုပ်ရင်း
နင့်ကိုငါ
ဘယ်....တော့......မှ
မလွမ်းတော့ဘူး.......။

6 comments:

***လမင်း*** said...

ဟား ..ကဗျာလေးက ရိုးရိုးလေးပဲ
ခံစားချက်ကတော့မိုးထက်မြင်တယ်
ကောင်းတယ်ဟေ့
မာယာများတဲ့ နင့်အနမ်းကြောင့်
တစ်ဒင်္ဂလှုပ်ခတ်သွားတဲ့ 
ငါ့နှလုံးသားကိုထိန်းချုပ်ရင်း
ဘယ်တော့မှ
မလွမ်းတော့ဘူး
အားပေးလျက်နော်

ချင်မလေးကဗျာတွေများကြီးရေ့းနိုင်ပါစေ

အိမ် said...

ဟယ်..၂လုံးသားကတယ်ရင့်ကျပ်နေပြီထင်တယ်
နော်။ ခဏပဲခံစားရတယ်ဆိုလို့ပါ

ရှင်ရဲထွတ် said...

ရစ်ချတ်တာ စကေး ဘယ်လောက်နဲ့ လှုပ်ခတ်သွားတာလည်းဟင်? ပြန်ထိန်းနိုင်ပြီပေါ့ နိုင်ငံတကာ အကူအညီမလိုဘူးလား? ကယ်ဆယ်ရေးပို့ပေးမယ်လေ။

- said...

သိပ်ကောင်းတယ်၊ သံယောဇဉ်ဆိုတာ တိကနဲ ဖြတ်ပစ်နိုင်မှ တော်ကာကျမှာ၊ နို့မဟုတ်ရင် နောက်တစ်ယောက်အတွက် နေရာမရ ဖြစ်နေမယ်။ (စတာ စိတ်ဆိုးနဲ့)
အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

အလှတရား said...

အယ်
ဘယ်သူမှတောင်ရိုက်မစစ်လိုက်ရဘူး
ချင်းမလေးတို့က
ဝန်ခံနေပြီ
:P:P:P

တင်ထွဋ် said...

သားဆိုးလေး
ကဗျာလေးကကောင်းပါတယ် ဗျာ ဒါပေမဲ့ လူတွေက ကဗျာကိုမခံစားပဲနောက်ပြောင်နေတာကိုတော့မုန်းမိတယ်သိလား..............