Sunday 16 November 2008

ဝန်ခံချက်

မချစ်ခဲ့ဘူးလို့ မညာချင်ပါဘူး..
ချစ်ခဲ့မိပါတယ်
ဒါပေမယ့်
အရူးအမူးမဟုတ်ခဲ့ဘူး...
မလွမ်းဘူးလို့ မလိမ်ချင်ပါဘူး
လွမ်းခဲ့မိပါတယ်
ဒါပေမယ့်
တစ်ရက်ထဲ
မခံစားရဘူးလို့ မပြောချင်ပါဘူး
ခံစားခဲ့ရပါတယ်
ဒါပေမယ့်..
တစ်ခဏတာလေးပဲ..
မာယာများတဲ့ နင့်အနမ်းကြောင့်
တစ်ဒင်္ဂလှုပ်ခတ်သွားတဲ့ 
ငါ့နှလုံးသားကိုထိန်းချုပ်ရင်း
နင့်ကိုငါ
ဘယ်....တော့......မှ
မလွမ်းတော့ဘူး.......။

6 comments:

Anonymous said...

ဟား ..ကဗျာလေးက ရိုးရိုးလေးပဲ
ခံစားချက်ကတော့မိုးထက်မြင်တယ်
ကောင်းတယ်ဟေ့
မာယာများတဲ့ နင့်အနမ်းကြောင့်
တစ်ဒင်္ဂလှုပ်ခတ်သွားတဲ့ 
ငါ့နှလုံးသားကိုထိန်းချုပ်ရင်း
ဘယ်တော့မှ
မလွမ်းတော့ဘူး
အားပေးလျက်နော်

ချင်မလေးကဗျာတွေများကြီးရေ့းနိုင်ပါစေ

Anonymous said...

ဟယ်..၂လုံးသားကတယ်ရင့်ကျပ်နေပြီထင်တယ်
နော်။ ခဏပဲခံစားရတယ်ဆိုလို့ပါ

စိုင်းစိုင်းလားရှိုး said...

ရစ်ချတ်တာ စကေး ဘယ်လောက်နဲ့ လှုပ်ခတ်သွားတာလည်းဟင်? ပြန်ထိန်းနိုင်ပြီပေါ့ နိုင်ငံတကာ အကူအညီမလိုဘူးလား? ကယ်ဆယ်ရေးပို့ပေးမယ်လေ။

Welcome said...

သိပ်ကောင်းတယ်၊ သံယောဇဉ်ဆိုတာ တိကနဲ ဖြတ်ပစ်နိုင်မှ တော်ကာကျမှာ၊ နို့မဟုတ်ရင် နောက်တစ်ယောက်အတွက် နေရာမရ ဖြစ်နေမယ်။ (စတာ စိတ်ဆိုးနဲ့)
အားပေးလျက်ပါ

http://winzaw-mdy.blogspot.com

Dr Phyo Wai Kyaw said...

အယ်
ဘယ်သူမှတောင်ရိုက်မစစ်လိုက်ရဘူး
ချင်းမလေးတို့က
ဝန်ခံနေပြီ
:P:P:P

တင်ထွဋ် said...

သားဆိုးလေး
ကဗျာလေးကကောင်းပါတယ် ဗျာ ဒါပေမဲ့ လူတွေက ကဗျာကိုမခံစားပဲနောက်ပြောင်နေတာကိုတော့မုန်းမိတယ်သိလား..............