Friday 14 November 2008

မာယာများတဲ့ မင်းသားလေး

"ကလင်..ကလင်..ကလင်.."
"သမီးရေဖုန်းလာနေတယ်..ကိုင်လိုက်ပါဦှး.."
"ဟုတ်ကဲ့မေမေ..သမီးကိုင်လိုက်ပါ့မယ်.."
"ဟယ်လို..အေး..ကျောင်ူးတက်မှာပေါ့ဟ..အိမ်ကလိုက်ပို့ လိမ့်မယ်..ဒါပဲနော်.."
"သမီးဘယ်သူလဲ"
"ဟုတ်..သမီးသယ်ရင်းပါမေမေ...ကျောင်းသွားတော့မယ်နော်.."
"ကိုကိုရေ..မေသွားတော့မယ်..လိုက်ပို့ ပေးလေ"
လွယ်အိတ်လေးကောက်လွယ်ပြီးကားဆီကိုပြေးသွားလိုက်သည်။ကိုက်ုတံခါးဖွင့်ပေးတော့အလိုက်သင့်လေး
ဝင်ထိုင်နေလိုက်သည်။လေလေးတချွန်ချွန်နဲ့ ကျောင်းရောက်မှာကိုစိတ်စောနေမိသည်။မောင်နှမနှစ်ယောက်ပဲ
ရှိသည့်အနက်မေဟာအငယ်ဆုံးလေးမို့ ဖေဖေမေမေနဲ့ ကိုကိုတို့ ရဲ့ အချစ်ကိုခံရတဲ ခပ်ဆိုးဆို့းကောင်မလေး၊
လူကုန်ထံအသိုင်းအ၀ိုင်းကဆင်းသက်လာသူမို့ လိုလေသေးမရှိအောင်ပိုက်ဆံကိုသုံးဖြုံးနိုင်တဲ့ လိုတရမင်းသမီးလေးတပါးဖြစ်နေပြန်ရော။
ရုပ်ရည်လေးကလည်းမင်းသမီးရှုံးလောက်အောင်လှပြီးအချိုးအစားသေသပ်လှပမှုကြောင့်မေတယောက်
မသိသူမရှိလောက်အောင်ယောင်္ကျားလေးများရဲ့ အချစ်ကိုခံရတဲ့ ကောင်မလေးတယောက်ဖြစ်နေပြန်ပါရော။
ဒါပေမယ့်မေကတော့ဘယ်ယောင်္ကျားလေးကိုမှအထင်မကြီင်္းတဲ့ အပြင်မေ့ ကိုပိုးပန်းလာတဲ့ ယောက်င်္ျားလေး
တွေကိုလဲအမြဲလှောင်ပြောင်ဟားတိုက်ခဲ့သည်။
လောကမှာမေအထင်ကြီးတဲ့ ယောင်္ကျားတယောက်မှမရှိဘူးလို့ တောင်ရဲရဲဝံ့ဝံ့ကြေညာခဲ့ဖူးသည်။ယောင်္ကျားတွေ
ရဲ့ အချစ်ကိုလဲမယုံခဲ့ပေ..ဒါကြောင့်ပဲမေဟာသူ့ ကိုချစ်တယ်လို့ ပြောလာတဲ့ ယောင်္ကျားတွေကိုဟားတိုက်နေခဲ့
ခြင်းဖြစ်သည်။မေလှောင်ပြောင်ဟားတိုက်ခဲ့ဖူးသည့်ယောက်င်္ျားများအကြောင်းပြန်တွေးကာတယောက်ထဲပြုံးနေ
မိသေးသည်။"ငါတော်တော်ဗရုတ်ကျခဲ့တာပဲ..အို..ငါ့အမှားမှီမဟုတ်တာ..သူတို့ ကဘာလို့ ချစ်တယ်လို့ လာပြော
လဲနော"..လို့ တောင်ကို့ ယ်ကိုယ်ကိုပြန်ဖြေသိမ့်လိုက်သေးသည်။
"ဟဲ့..ကြာလိုက်တာနင်ကလဲ"
"ငါချက်ခြင်းလာတာပဲ..နင်တို့ သာစိတ်စောနေလို့ ကြာတယ်လို့ ထင်နေတာပါ"
"ကဲ..ကိုကို..မေတို့ သွားတော့မယ်နော်.."
"အေးအေး..မေ..လိမ်လိမ်မာမာနေနော်..ကြားလား"
"ဟုတ်ကိုကို"
လို့ ပြောရင်းလျှာလေးထုတ်ပြုံးပြလိုက်သည်။ကိုကို့ ရှေ့ မှာမို့ ဟုတ်လို့ သာပြောလိုက်ရတာပါ..မေကတော့ကိုကို
လို့ ပြောရင်းလျှာလေးထုတ်ပြုံးပြလိုက်သည်။ကိုကို့ ရှေ့ မှာမို့ ဟုတ်လို့ သာပြောလိုက်ရတာပါ..မေကတော့ကိုကို
"ဟဲ့မေ..ဒီနေ့ ဖိဆစ်ကင်းကိုသွားကြည့်ရအောင်..ချောချောလေးတဲ့  သိလား.."
"အံမယ် မေကဘာလို့် ကြည့်ရမှာလဲ..သူကသာလာကြည့်ရမှာလေ.."
"ဟော..ပြောရင်းဆိုရင်းနဲ့ လာနေပြီ..မေကြည့်လိုက်..တော်တော်ချောတာပဲ.."
"ဟဲ့မိန်းမတွေ...ဘယ်လိုဖြစ်နေကြတာလဲ..ငြိမ်ငြိမ်နေကြလေ...ကဲကိုကဲတယ်..ဟွန်း.."
ပြောသာပြောလိုက်ရတာပါ..မေကိုယ်တိုင်တောင်တချက်တော့တွေသွားရသည်။မေမြင်ဖူးတဲ့ ယောင်္ကျားလေးများနဲ့ 
မတူရုပ်ချောယုံမဟုတ်ပဲယောင်္ကျားပီသတဲ့ ရုပ်ရည်မျိုးပါ၊အရပ်အမောင်းကလဲတော်တော်မြင့်သည်။ကုန်ကုန်ပြော
ရရင်အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ယောက်င်္ျားတယောက်ပေါ့။ အဲ..အားလုံးထဲမှာသူ့ မျက်လုံးလေးကလက်နေသည်။
သူမပြုံးပါပဲမျက်လုံးလေးကပြုံးနေသည်။အဲလောက်လှတဲ့ မျက်လုံးပိုင်ရှင်ကိုမေအခုမှမြင်ဖူးတော့သည်။
တော်တော်လှတဲ့ မျက်လုံးလေး...ဒါပေမယ့်မေပဲလေ..စိတ်မ၀င်စားသလိုနေလိုက်သည်။
သူကတော့မေ့ကိုတချက်ကြည့်လိုက်ပြီးမေတို့ ဘေးမှဖြတ်သွားသည်။
"မေ..နင့်ကိုကြည့်သွားတယ် တွေ့ လား."
"တွေ့ သားပဲ..မေ ပဲလေ..သိတယ်မဟုတ်လား..ဟဲဟဲ.."
စကားလေးတပြောပြောနဲ့ ကင်တင်းကိုအသွားနောက်မှကောင်လေး၃ယောက်လိုက်လာပြီး
"အလယ်ကတယောက်ကချောလိုက်တာနော်..ပျိုပျိုမေဆိုတာဒီတယောက်လား"
စသဖြင့်ရိသဲ့သဲ့လာပြောနေသဖြင့် မေကသယ်ရင်းနှစ်ယောက်ကိုအချက်ပြလိုက်ရင်းသုံးယောက်သားတပြိုင်
တည်းအနောက်ကိုလှည့်ကြည့်ရင်း
"အို့ အို့ အို့ ..ကျွတ်ကျွတ်ကျွတ်..တောက်တောက်တောက်.. "လက်ဖျောက်လေးတီးပြီးခွေးကိုခေါ်သလိုလုပ်ပြ
လိုက်တာကောင်လေးအုပ်စုရှူးရှူးရှဲရှဲနဲ့ ဖြစ်သွားရသည်။ပြီးတော့တောက်ခတ်ပြီးထွက်သွားကြသည်။
ဒါကိုမေတို့ ကြည့်ပြီးတဟားဟားနဲ့ ကျန်ခဲ့သည်။
မှတ်ထား..မေ့ ကိုအဲလိုလာစမ်းလို့ မရဘူး..ဟားဟား....
မေ့ ကိုလိုက်တဲ့ သူတွေကိုအဲလိုလုပ်လွန်းလို့ မေ့ကိုချစ်ကြပေမယ့်တော်ရုံယောက်ျားလေးတွေမလိုက်ရဲကြပေ။
လှသလောက်မာနကြီးတော့ဆူးများနဲ့ နှင်းဆီပန်းလိုခူးချင်သော်လည်းဆူးဆူးမှာကိုကြောက်နေကြသည်။

ဆက်ရန်......။

5 comments:

စိုင်းစိုင်းလားရှိုး said...

မေရယ်မေရယ်.... မျှော်တော့လှေသူကြီးပါကွယ် ညားတော့လည်းလှေထိုးသားနဲ့ရယ်၊ ဂုဏ်တွေကို သူခင်တယ်၊ ငွေတွေကို သူမင်တယ်၊ ခုများတော့လည်းကွယ်မေရယ် ဒီဒီဒီ...... ပျောက်နေပါလား ကွယ်ရို့ ပေါ်လာသေးတယ်နော်

Anonymous said...

စဖတ်လိုက်ကထဲကသဘောပေါက်တယ်။
ဒီလိုပဲလေ အဲဒီလို အပြောကြီးတဲ့သူတွေပဲ ခံခဲ့ရတာပေါ့
ဒါကြောင့် အစားသာကုန်အောင်စား စကားကို အကုန်မပြောနဲ့တဲ့။ ကဲ.... ခြင်မလေးရေ အဲဒီလိုတော့ မဖြစ်စေနဲ့နော် လာစကားပြောရင် တခါထဲသာ လိုက်သွားသိလား ဟိဟိဟိဟိဟိ

Dr Phyo Wai Kyaw said...

ခေါင်းစဉ်လေးကို ပိုသဘောကျတယ်
ဟက်ဟက်။

Apprenticeship said...

မာယာများတဲ့ကောင်းလေးနဲ့ မာယာများတဲ့ကောင်မလေးတော့ခက်ပီ :P

ဖိုးဂျယ် said...

ဟာ ဆက်ရန်တဲ့ သေရော ဖတ်ရတာ ဟက်ကော့ကြီးဖြစ်နေတယ် ဆက်ရေးလေ