Sunday 28 September 2008

နှင်းဆီပန်းနဲ့ အချစ်ကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း


အခုတခါလဲသယ်ရင်းပို့ လိုက်တဲ့ fwd mail ပါပဲ.. အားလုံးအတွက်..အထူသဖြင့်ယောင်္ကျားလေးတွေအတွက် ပေါ့..ပိုးပန်းရင်ဘယ်နှစ်ပွင့်ပေးရမယ်စသဖြင့်ပေါ့... ပြီးတော့မိန်းကလေးတွေအတွက်လဲပါတာပေါ့လေ သိထားဖို့ ဝေမျှလိုက်ပါတယ်...

နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... I'M SORRY!
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... FOREVER!
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ် နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁......သက်ဆုံးထိတိုင်


2 comments:

ညမီးအိမ် said...

ဒါလေးမြင်ပြီးတော့ ဇာတ်လမ်းလေးတစ်ပုဒ်ရေးချင်သား။ ကဲစရေးပြီ...

ကောင်လေးက ကောင်မလေးကို နှင်းဆီ ၃ ပွင့်ပေးလိုက်တယ်။

ကောင်မလေးက နှင်းဆီ ၈ပွင့် ပြန်ပေးလိုက်တယ်။(ပြန်ပေးတယ်ဆိုတာကောင်လေးပေးထားတဲ့ထဲကမဟုတ်ဘူးနော်)

ကောင်လေးက နှင်းဆီ ၉ ပွင့်ထပ်ပေးလိုက်တယ်။ ဒါဆို ၁၂ ပွင့်ဖြစ်သွားပြီနော်။

ကောင်မလေးက နှင်းဆီ ၇ပွင့် ထပ်ပြန်ပေးပါတယ်။ ၁၅ ပွင့်ဖြစ်သွားပြီ။

ကောင်မလေးက စဉ်းစားပြီ နှင်းဆီ ၂ပွင့်ထပ်ပေးတယ်။ စုစုပေါင်းကောင်မလေးပေးတာ ၁၇ ပွင့်။

အဲဒီမှာကောင်လေးက ၁၃ပွင့်ထပ်ပေးလိုက်တယ်။ စုစုပေါင်း ၂၅ပွင့်။

ကဲ ဇာတ်လမ်းလေးရဲ့အဓိပ္ပာယ်ကို ပြန်ရှင်းပြ။
အဓိပ္ပာယ်လေးက...ကျွန်တော် ဘဝလေးနဲ့တူတယ်ဗျ

kiim said...

အဟမ်း..အဟမ်း..ပြောပြီနော်..
ဇတ်လမ်းလေးကဒီလိုကွဲ့ ...
ကောင်လေးကကောင်မလေးကိုချစ်တယ်လို့ ပြောလိုက်တယ်..အဲဒီမှာကောင်မလေးကကောင်လေးရဲ့ အကြင်နာတွေအတွက်ကျေးဇူုးပါပဲတဲ့ ..
ကောင်လေးကမင်းလေးကိုတနေ့ ထက်တနေ့ ပိုပိုတိုးလို့ ချစ်လာတယ်တဲ့ ။အဲဒီတော့ကောင်မလေးကစိတ်မကောင်းပါဘူးရှင်တဲ့ ..
ပြီးတော့ကောင်မလေးကအချစ်ကိုပြန်မရနိုင်တော့ဘူးတဲ့ ..
သူပြောချင်တာကကောင်မလေးကကောင်လေးကိုအချစ်
တွေမပေးနိုင်တော့ဘူးပေါ့လေ..အဲလို..အဲလို..
အဲဒီတော့မှကောင်လေးကကောင်မလေးကိုပျော်ရွှင်ပါ
စေဆိုပြီးနှုတ်ဆက်ခဲ့တယ်(သူ့ အချစ်ကိုမရနိုင်တော့ဘူးဆိုတော့လဲ
ကို့ ဘ၀နဲ့ ကိုနေကြတာပေါ့..ဆိုပြီးကောင်မလေးကို
နှုတ်ဆက်လိုက်တဲ့ သဘော..)
သိတော့ဘူး..ညမီးအိမ်ရေ..ဒါလောက်ပဲရေးတတ်
တယ်..ဒါတောင်စာပြန်ကြည့်ပြီးရေးနေရတာ..ဟီး :P :P