Saturday 13 September 2008

အလိမ်အညာအချစ်


စကားလုံးလှလှ
အပြောချိုချိုလေးတွေနဲ
ငါ့ရဲ့ ရိုးသားမှုကိုအရောင်လာဆိုးတယ်.
စွဲမက်စရာကောင်းတဲ့ 
အနမ်းလက်ဆောင်လေးတွေ
ချစ်တယ်လို့ တဖွဖွပြောခဲ့တာတွေ
လွမ်းကျန်ရစ်နေတယ်ဆိုတဲ့ စကားလေးတွေ
အားလုံးအားလုံးအလိမ်အညာတွေမှန်းသိလိုက်ရချိန်
ပျားရည်ဖုံးလွမ်းထားတဲ့ 
ဓါးသွားထက်ထက်လို
ငါချစ်ခဲ့ တဲ့ အလိမ်အညာတွေက
ငါ့ကိုနာကျင်နေခဲ့ပြီ.
အလိမ်အညာတွေနဲ့ 
ငါ့နှလုံသားကိုလှည့်စားတယ်
ငါ့မာနကိုချိုးနှိမ်တယ်
ငါ့သိက္ခာကိုစော်ကားတယ်
နင်....သိပ်ရက်စက်တယ်နော်..
ငါ့ရဲ့ လွမ်းစရာတွေကို
နာစရာတွေနဲ့ သာဖြေသိမ့်နေမှာမို့ .
ငါမြတ်နိုးတဲ့ လွတ်လပ်မှုကို
အဖေါ်ပြုရင်း
ငါ့ကိုတစ်ယောက်ထဲပဲ
နေခွင့်ပေးပါတော့ကွာ....







1 comments:

Dream said...

အလိမ်အညာအချစ်..
ကောင်းလိုက်တဲ့ကဗျာလေးပါတီတီ
Dreamနဲ့တိုက်ဆိုင်လိုက်တာနော်..
ဒီကဗျာလေးကိုအရမ်းကြိုက်သွားပီ..နော်